ခရီးသွားဧည့်သည်

weiweiOctober 31, 20101min997

ခရီးသွားဧည့်သည်

ဝင်လာမဆဲတသဲသဲဖြစ်ခဲ့တဲ့ ငါတို့ရွာကြီး

ခုများတော့ဝင်လာသူမရှိ ဘယ်လိုဖြစ်သနည်း …

ကြောင်တစ်ကောင်နဲ့ ခရီးသွားတစ်ယောက်ထဲ

ဆူးကလေးကတော့ တစ်ခါတစ်ရံ ကိုယ်ထင်ပြလေရဲ့ ….

မနက်တုန်းကတော့သူကြီးက ယုန်ပုံပြင်ပြောပြလို့်

သူ့ပုံပြင်ကို သံဝေဂရမို့  ပြန်ကြမယ် ဖိုးဖိုးဖွားဖွားတွေဆီသို့ …

ရွာသူကြီးကိုလဲ ဝတ်စုံနဲ့တစ်ယောက်လာခေါ်သွားတယ်

ဆွေးနွေးမေးမြန်းစရာရှိလို့ ခဏလောက်လိုက်ခဲ့ပါတဲ့ ..

ဗမာစကားမပြောတတ်တဲ့သူတစ်ယောက် ရောက်လာသေးတယ်

သူ့စကားလူမသိ လူ့စကားသူမသိနဲ့ အလုပ်မဖြစ်ပြန်ဘူး …

ကြောင်ကြီးရေ နေရစ်ခဲ့တော့

တို့တော့ ရှေ့ခရီးဆက်လိုက်အုန်းမယ် …

7 comments

  • ဆူး

    October 31, 2010 at 7:49 am

    သွားပြီ.. ရွာလူကြီးတော့ ရေတိမ်နစ်ပါပြီ.. ရေတိမ်ဆိုတော့ မြေနိမ့်နေလို့.. မြေမနိမ့်အောင် မြေဖို့ပေးမယ်.. ဟီးဟီး

  • kopauk mandalay

    October 31, 2010 at 3:42 pm

    ခင်ဗျားတို့ရွာကို ရောက်ချင်လို့လာပါတယ်။
    ဒါပေမယ့် အပေါက်ကပိတ်ထားတာတွေ့တော့
    နောက်ပြန်လှည့်လို့ လာလမ်းကိုပြန်ရပါတယ်ဗျာ

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 31, 2010 at 3:49 pm

    ဘေးပေါက်ရှိတယ်လေ တိုးလို ့ရတယ်
    ဘာတဲ့ အောင်ပု တိုးပေါက်ဆိုလား
    အဟေး

    • bigcat

      October 31, 2010 at 4:02 pm

      မောင်အောင်ပု လူကြီးတွေကို နောက်စရာ မဟုတ်ဘူးလေ။ အန်တီဝေက အကောင်းပြောနေတာ။ အပြင်မှာ သွားဆော့၊ ဦးကြောင်ကြီး သူနဲ့ဆက်စကားပြောလိုက်အုံးမယ်။ ခေါ်မှပြန်ဝင်လာခဲ့။

  • weiwei

    October 31, 2010 at 4:06 pm

    အန်တီဝေလို့တော့ ရမ်းမခေါ်နဲ့လေ … အခုမှ ကျောင်းတက်တုန်း … တက္ကသိုလ်ကျောင်းသူ … ကျောင်းတောင်မပြီးသေးဘူး ..

  • eros

    November 1, 2010 at 1:47 am

    PhD တက်နေတာလားဟင်။

  • ဆူး

    November 1, 2010 at 4:05 am

    ကျောင်းတတ်တုန်း.. အန်တီဝေက ခေးသာသာဘဲ ရှိသေးတယ်.. ဆူး ဆို ကျောင်းပြီးတာ ကြာပေါ့… ရေစက်တောင် ချပြီးပြီ.. ဒါပေမဲ့ အနုမောဒနာ တရား မနာရသေးလို့.. ဘယ်ဘုန်းကြီး ပင့်ရင် ကောင်းမလဲလို့.. ရွာထဲမှာ လှည့်ပတ်ပြီး လာကြည့်တာ

Leave a Reply