၁၀တန် အတွေးစုများ ဆိုလို့… ဘာများလို့ မထင်နဲ့.. တခါမန်းရင် ၁၀ပေးတယ်လေ.. မန်းတာတွေ လိုက်ဖတ်ရင်းနဲ့ တယောက်တမျိုးတွေး.. တယောက်တမျိုးရေး..  တနေ့တနေ့.. ဖတ်ပြီးသားလည်း သူများ မန်းရင်.. ပြန်ဝင်ဖတ်ရတာ အမော.. အစိုးမရတဲ့ အင်တာနက်.. မရတော့လည်း တမျိုး.. ရတော့လည်း.. တမျိုး.. အမျိုးမျိုး အထွေထွေ.. စစ ၀င်ဖတ်တုန်းက တခါတလေ အပျင်းပြေ.. နောက်များ အကောင့်လုပ်တော့လည်း.. သူများရေးတာ ၀င်ဖတ်ပြီး မန်းလိုက်.. မန်းတာများတော့.. အမြင်ကတ်ခံရတာတွေ အငြင်းအခုန် လုပ်တာတွေ ဖြစ်ကုန်ရော.. အမျိုးမျိုး မန်းတာတွေ ကြားမှာ.. မပျင်းရအောင်.. ဟာသနှော သူများကို ကျီစယ်နောက်ပြောင် အပျင်းပြေရင်း ငြီးငွေ့စရာမကောင်းအောင် မန်းလိုက်ရင်းနဲ့.. သူများတွေ ငပေါဆိုတာ လူတွေ သိကုန်ပြီ.. ခက်တော့ ခက်ကုန်ပြီ..

ပြောပါများ စကားရ..

စကား စကား ပြောပါများ.. စကားထဲက ဇာတိပြ.. ဆိုလို.. ဖြစ်နေပြီ။

အတွေးတမျိုးစီနဲ့.. မတူညီတဲ့ စိတ်ကူးများကြားမှာ.. ဗဟုသုတနှင့် အတွေးအခေါ် ဖလှယ်ကြတဲ့ အတွက် မသိတာတွေ သိရတယ်.. သိတာတွေလည်း ပိုပြီး ကျယ်ပြန့်လာတယ်လို့ ယူဆရပါတယ်။

အတွေးစိတ်ကူး ဖလှယ်ရင်းနဲ့.. အမုန်းမပွားအောင် တတ်နိုင်သလောက်တော့ ရှောင်ပါတယ်..

ဒီမှာ ရှိတဲ့ လူတွေက ဆူးထက် အသက်အားဖြင့် တော်တော် ကြီးမယ်လို့ ယူဆရပါတယ်။ အပြင်မှာ ဆို နောက်ပြောင်ဖြစ်မယ် မထင်ဘူး.. လူမမြင်ဘူးတော့.. အကောင့် နာမည် တခုကိုဘဲ သိတာဆိုတော့.. အသက် လူမျိုး အသား အရောင် ဆင်းရဲ ချမ်းသာ မသိပါဘူး.. တခါတလေ.. စိတ်ထဲ အမြင်မတော်လို့ ကစ်လိုက်တာတော့ ရှိတယ်။ ခံလိုက်ရတဲ့ သူတွေတော့ သိကြပါတယ်။ ကွယ်ရာမှာတော့ အပြောခံနေရပြီ ဆူးကို စွာတယ်တဲ့.. တခြားတော့ မသိဘူး.. ဘာတွေ ပြောနေသလဲ ဆိုတာ.. ဘာပဲ ပြောပြော.. လွန်တာရှိရင် ၀န္တာမိ တောင်းပန်ပါ၏..ခွင့်လွတ်ပေးပါလို့ဘဲ ပြောချင်ပါတယ်။

ဆူး စပြီး မန်းခါစတုန်းကတော့.. ဆူး ရေးတဲ့ မန်းတွေကို အမြင်ကတ်တဲ့ လူတယောက်တော့ ရှိတယ်.. အဲဒီ ပုဂ္ဂိုလ် စိတ်တွေ လျော့အောင် နောက်ပြောင်ရင်းနဲ့.. အခု ဆူး နဲ့ လိုင်းတူပြီး လိုက်နောက်တတ်နေပြီ။

ဖြစ်ပျက်တွေ မြန်ဆန်လွန်းတဲ့ အင်တာနက်ကြောင့် အခု လိုင်းတက်ပေမဲ့ တော်ကြာ လိုင်းကျမှာ စိုးသည့်အတွက်.. စိတ်ကူးထဲက အတွေးနဲ့ အရေးအသား အလန်းလေးတွေ နောက်များမှ ပရိတ်သတ်များ ဖတ်ဖို့ တင်ပေးပါ့မယ်။

ဒီဆိုက်ကိုတော့ အလွန်ခင်ပါတယ်။ အဘန်းမခံရပါစေနဲ့လို့ ဆုတောင်းပါတယ်။ ဒီတိုင်းဝင်တာတောင် အစိုးမရတဲ့ အတွက် ကျော်ခွဝင်ဖို့ ဆိုတာ သိပ်တော့ မလွယ်ဘူးထင်တယ်။

အားလုံးလည်း ဖြောင့်မတ်မှန်ကန်တဲ့ အတွေးနဲ့.. ကောင်းကျိုးလိုရာ ဆန္ဒပြည့်စုံကြပါစေ။

အောင်မြင်ကြပါစေ။

About ဆူး

has written 398 post in this Website..

   Send article as PDF