ဒီနေ ့တွေးမိသမျှ

sniqueOctober 31, 20101min670

ခြောက်သွေ ့ ပူ ပြင်း ပြီး အရာရာ တိတ်ဆိတ်နေတဲ့  ရန်ကုန်မြို ့ ရဲ ့ အောက်တိုဘာ နေ ့လည်ခင်း
” ဟာ ငါ့ ကား စက်နှိုးသံကြားတယ်၊ ထွက်ပြီလားမသိဘူး”

ကုန်ထမ်း သမား တစ်ယောက်ရဲ ့ စကားပြော သံ က သူ ့ရဲ ့ဘေးနား က ကုန်ထမ်းသမား ၂ ယောက်ကို ပါ လှုပ်လှုပ်ရှားရှား ဖြစ်စေလျက် အသည်းအသန် ထ ကာ ထွက်သွားကြသည်။
ထို မြင်ကွင်း ထို ဖြစ်ရပ်မှာ ရန်ကုန်မြို ့ ရှိ ဘုရင့်နောင် ပွဲရုံတန်း တွင် ကုန်တင်ကုန်ချ လုပ်နေ သော ကားဂိတ်တစ်ခု မှ အဖြစ်တစ်ခု ဖြစ်သည်။

ထို သို ့သော ကုန်ထမ်းသမားများ ၏ တရက် ပျှမ်းမျှ ဝင်ငွေ မှာ ၃၀၀ဝ ကျပ် မှ ၁၀၀၀ဝ ကျပ် အတွင်းရှိသည်။ ၁၀၀၀ဝ ကျပ်ထက်ကျော်သော နေ ့များလဲ ရှိပါတယ် ဒါပေမဲ့ ကျွန်တော်သိသလောက်ပေါ့ ကျွန်တော် မွေးကထဲ က ၁၉ လမ်း ပွဲရုံတန်းမှာ ကုန်ထမ်းခဲ့သော အလုပ်သမား ဦးလေးကြီးတစ်ယောက် အခု ဆို ၂၅ နှစ် မက ကြာခဲ့ပြီ ဒါပေမဲ့ သူ  အခုထိ ထို ကုန်ထမ်းဘဝ မှာ ပဲ ရှိပါသေးတယ်။ ဘာကြောင့်ပါလိမ့် သူတို ့အများ စု ငြီး သံကတော့ သူတို ့မိသား စု အနောက်က စားအိုး ကြီးလို ့ မလောက်လို ့ ဘာညာ ငြီးတတ်ကြပါတယ်။ ဒါပေမဲ့ သာမန် ပညာ တတ်ဘွဲ ့ရ တစ်ယောက်ထက်တောင် သူတို ့ က ဝင်ငွေ ပို များနေတတ်တာလဲ ကျွန်တော့် အမြင်ဆိုတော့ တွေး မိတာ တစ်ခု က သူတို ့ ဆီမှာ စီမံခန် ့ခွဲမှု အတတ်ပညာ မရှိလို ့အဲဒီလို ဖြစ်နေတာလား ဒါမှမဟုတ် ငါတစ်နေ ကုန် ပင်ပန်းတာ ပဲ ကွာ ည ကြရင် သောက်မယ်စားမယ် ပျော်မယ် ပါးမယ် ဆို တဲ့ အကျင့်ကြောင့်လား။ ၂ ခုလုံးဖြစ်နိုင်ပါတယ် မွေးရာ ပါ စီမံမှု တတ်တဲ့သူတွေက တော့ မကြီးပွားသွားပေမဲ့ တင့်တောင်းတင့်တယ်လေး နေနိုင်ပါတယ် ဒါပေမဲ့ သူတို ့ရဲ ့အိမ်ထောင်ဦးစီး ကတော ့တရက်တရက် ပင်ပန်းကြီးစွာ ကုန်တွေထမ်းတင် ထမ်းချ လုပ်နေရတုန်းပါပဲ။ ပြီးတော့ အလုပ်သမား ဥပဒေ မှာ တရက် ၈ နာရီ ဆို ပေမဲ့ သူတို ့အလုပ်ချိန်က အနဲဆုံး တရက် ကို ၁၂ နာရီရှိပါတယ်။ အချိန်ပိုကြေးမရှိပါ။ ဒါပေမဲ့ ကားများများ ထွက်လေ သူတို ့ ပိုရလေပါပဲ။ ပြောရင်တော့ မျှတတယ်ပေါ့ဗျာ သူတို ့မှာတော့ အလုုပ် အချိန်ပို လို ့ ဆိုပြီး ငြီးတဲ့အသံတစ်ခါမှ တော့ မကြားဖူးဘူး။ အဲဒီမှာ နောက်တွေးစရာ တစ်ခု က သူတို ့က တစ်ရက် ၈ နာရီ ဆိုတဲ့ အစဉ် အလာကို မသိလို ့ပဲလား။ ဒါမှမဟုတ်သိပေမဲ့လဲ ပိုက်ဆံ အတွက်ကြောင့်လုပ်တာလား။ ဘယ်လိုပဲဖြစ်ဖြစ် သူတို ့ဆီမှာ အလုပ်ရှင်ကို မကျေနပ်ဖူးဆို တဲ့ အသံကိုတော့လုံးဝမကြားရပါဘူး။ ဒါကတော့ ကျွန်တော်တည်းခိုနေတဲ့ ကားဂိတ် ပိုင်ရှင် ကောင်းလို ့လား မသိပါဘူး တစ်ခြား အလုပ်သမား တွေကို တော့ ကျွန်တော် မစူးစမ်းမိသေးတော့ အဲဒါတွေမသိသေးပါဘူး။

ကျွန်တော်မျက်စိတစ်ဆုံး မြင်မိသလောက်ကတော့ သူတို ့က သူတို ့ဘဝမှာ ပျော်နေကြလေရဲ ့။
မိုးလင်းရင်အလုပ်လာဆင်းမယ် ပြီးရင် ပိုက်ဆံယူပြန်မယ် သောက်စား ပျော်ပါးသူက ပျော်ပါးမယ်။ အိမ်ပြန် အိမ်သူ သက်ထား ကို ပိုက်ဆံအပြည့်ပြန်အပ်သူ က အပ်မယ်။ အားလုံးကို လိုက်မေးကြည့်တာတော့ အနာဂတ်အစီအစဉ်ဆိုတာ မရှိသလောက်ပဲ။လူမှုဖူလုံရေး လုံးဝ မရှိတဲ့ နိုင်ငံမှာ အဲဒီလို အတွေးမျိုး ရှိတာ တော်တော် တော့ အံ့ဩဖို ့ကောင်းပါတယ်။ နောက်တစ်ခု က သူတို ့မှာ ထိခိုက်မှု အာမခံမရှိပါဘူး တစ်စုံတရာ ကျန်းမာရေးထိခိုက်ခဲ ့လို ့အလုပ်ရှင်က သာ မလုပ်ပေးဘူးဆို လဲ ငြိမ်နေ တတ်တဲ့သူတွေပါ။ အဲဒါ ရန်ကုန်မြို ့က လူတန်းစားတရပ်ပါ။ ကျွန်တော်ပြောချင်တာ သူတို ့မျက်စိတွေပိတ်နေသေးတယ်ပေါ့ နော်။ ဒါတောင်မြို ့ပေါ်က လူတန်းစား တရပ်ပါ။ ကျွန်တော်တို ့လက်လှမ်းမမှီတဲ့ တောရွာတွေ နယ်တွေ မှာ ကော ဒီထက် မျက်လုံးပိတ်နေတဲ့သူတွေ ရှိမှာ ပဲ။ ကျွန်တော်တို ့က သာ ကို ့ကို ကို မြင်တတ်တယ်ဆိုပြီး သူတို ့အတွက် စိုးရိမ် နေပေးကြတာ။ သူတို ့မှာတော့ လူ ့အခွင့် အရေး တို ့လူသားဖြစ်တည်မှုတို ့ဆိုတာ ခေါင်းထဲကို မရှိပါဘူး။ တရက်ကို ထမင်း ၂ နပ် ပုံမှန်စားရ ရင် လူဖြစ်ကျိုးနပ်ပြီဆိုတဲ ့ရေသည်  လို လူမျိုးတွေ သန်း ၆ဝ ထဲမှာ တပုံကြီးပါ။ ဒီတော့ ကျွန်တော် တို ့က လူနည်းစုဖြစ်သွား ပြီ။ အဲဒီလူ နည်းစု က သူတို ့သိသမျှ ကို ပြန်ဖြန် ့ဝေသင့်သလား။ တိုး တက် တဲ ့လူ ့ဘောင် အဖွဲ ့အစည်း တစ်ခု ကိုတော့ ပြည်တွင်းမှာ ရှိတဲ့ လက်တစ်ဆုပ်စာ ပညာ တတ်  လောက်နဲ ့ထူထောင်လို ့မရတာ သေချာတယ်။
ပြီးတော့ ကျွန်တော်တို ့နိုင်ငံမှာ ဦးနှောက်ယိုစီး မှု က အကြီးကျယ်ဆုံး ပြဿနာ တရပ်ဖြစ်လာမယ် လို ့လဲ ကျွန်တော်မြင်တယ်။ အုပ်ချုပ် သူ မကောင်းတာ ကို အကြောင်း ပြ မိမိ တတ်တဲ့ အသိပညာ အတတ်ပညာ တွေကို နိုင်ငံရပ်ခြား မှာ ရပ်တည်နိုင်ဖို ့ကြိုးစား ရင်း အပြင်က အော် နေရုံလောက်နဲ ့ကော ဒီ လူ သန်း ၆၀  အတွက် လုံလောက်မှာလား။
အပြင်ရောက်နေ တဲ့ လခစား နိုင်ငံရေးသမားတွေကိုတော ့ကျွန်တော်မပြောတော့ပါဘူး။ ကြောက်လဲ ကြောက်လို ့ပါ လေထဲမှာ တော်လှန်နေကြတဲ့သူတွေမို ့လို ့။
ကျွန်တော် အဓီက အခု ပြောချင်တာ မြန်မာ နိုင်ငံ က ထွက်သွားကြတဲ့ ပညာတတ်တွေ တကယ်လို ့သာ လွတ်လပ်စွာ ပြန်လာခွင့်ရပြီး နိုင်ငံကို အကျိုးပြုခွင့်ရမယ် ဒါပေမဲ့ အခုလက်ရှိခံစားနေရတဲ့ စည်းစိမ်တွေ ဒါမှမဟုတ် ရုပ်ဝတ္တူ တိုးတက်မှုတွေကို စွန် ့လွှတ်ပြီး ကျွန်တော်တို ့ရဲ ့နောက်မျိုးဆက်သစ်တွေကို ပညာ ဝေမျှ ခွင့်ရမယ်ဆိုရင် လုပ်ကြမှာလား လုပ်ရဲ ကြမှာလား အဲဒါလေးကို သိချင်ပါတယ်။

ကျွန်တော်တို ့ တစ်ယောက်ချင်းစီက အဲဒီလို မျိုး မလုပ်နိုင်ဘူး မလုပ်ချင်ကြဘူး ဆိုရင်တော့ ကျွန်တော်တို ့နိုင်ငံကို ဘယ်သူ အုပ်ချုပ်ချုပ် အလကားပါပဲ နိုင်ငံရေးသမား ဆိုတာ ကလဲ အများ အတွက် ၄ဝ ကို ့အတွက် ၆ဝ လောက်ကြည့်တဲ့သူ အများကြီးပါ။ ဒီတော့ အုပ်ချုပ်မှုစနစ် ကို ပြောင်းဖို ့မျှော်လင့် မလား၊ ကိုယ်ကိုတိုင်က အုပ်ချုပ်ခံတွေကို မျက်စိပွင့်အောင်လုပ်မလား ဆိုတာလေး လဲ သိချင်ပါတယ်။