မကြာမီလာမည့် ရတနာပုံ၏ ၅ သိန်းတန်ဖုန်းအကြောင်းလေး- McWiLL

ဂ်စ္စူOctober 31, 20102min13710

McWiLL (Multi Carrier Wireless information Local Loop)

Yatanarpon Teleport Co., Ltd မှ McWiLL (Multi Carrier Wireless information Local Loop) ဆိုသည့် မိုဘိုင်းတယ်လီဖုန်းမျိုးဆက် 3.5 Generation (3.5G) ကြိုးမဲ့ Wireless တယ်လီဖုန်းစနစ်ကို အများပြည်သူတို ့ အား ကျပ်ငွေ ငါးသိန်း (၅၀ဝ ဝ၀၀) ဖြင့် မကြာမီချထားပေးတော့မည်ဖြစ်သည်။ အဆိုပါစနစ်သည် Voice နှင့် Internet အား အဓိကဝန်ဆောင်မှုပေးမည့် မိုဘိုင်းတယ်လီဖုန်းစနစ် ဖြစ်ပြီး 400 MHz frequency ကို အသုံးပြုထားပြီး ITU – M1801 ရရှိထားသောစနစ်ဖြစ်ပါသည်။
အဆိုပါစနစ်တွင် Internet (Broadband Data), Voice, Fax, SMS, Radio Trunking (PTT), Voice (Video on Demend), Multimedia and Entermainment စသည်တို ့ကို ရရှိနိုင်မည်။ Voice, Internet, Video စသည့် Triple Play Services အသုံးပြုနိုင်သောကြောင့် e-Government, Remote education, Telemedicine, Emergency handling, e-Payment, Mobile Police, Video Surveillance, Military Applications စသည့် အထူးဝန်ဆောင်မှုများတွင်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။
McWiLL Terminal (CPE) တစ်ခုကို သုံးပြီး Voice, Data, Fax, Internet, Video on Demand စသဖြင့် Multi Service များကို သုံးစွဲနိုင်ပါသည်။ RJ 11 port, USB port နှင့် LAN port များပါရှိပြီး RJ 11 port တွင် Phone, Fax များကို ချိတ်ဆက် အသုံးပြုနိုုင်မည်။ Data နှင့် Internet Access အတွက် USB port နှင့် LAN port များတွင် USB cable (or) LAN cable ဖြင့် ချိတ်ဆက် အသုံးပြုနိုင်ပါသည်။ Wireless Access အတွက် WiFi နှင့်လည်း ချိတ်ဆက်အသုံးပြုနိုင်ပါသည်။
ဖုန်းပြောဆိုခမှာ တစ်မိနစ်လျှင် (၅၀)ကျပ် ဖြစ်ပြီး Data အသုံးပြုခြင်းအတွက် ၁ မိနစ် လျှင် (၃)ကျပ် ကျသင့်မည်ဖြစ်သည်။ ငွေကြေးကောက်ခံရာတွင် သီးခြား IN စနစ်မလိုဘဲ ဝန်ဆောင်မှုအားလုံးအတွက် Postpaid နှင့် Prepaid (Topup Card) Billing နှစ်မျိုးလုံးကို အသုံးပြုနိုင်မည်ဖြစ်သည်။

McWiLL ၏ အားသာချက်များ
• Internet Access မှာ Broadband ကြိုးမဲ့စနစ် 3.5G Soft Switch IP Base, NGN (Next Generation Network) ဖြစ်ခြင်း။
• Internet Access အတွက် Laptop, PC စသည်တို ့နှင့် လွယ်ကူစွာချိတ်ဆက်အသုံးပြုနိုင်သည့် USB port, LAN port များပါရှိပြီးအချို ့Handset များတွင် Dual Mode သာမက Internet အား Handset ပေါ်တွင် တိုက်ရိုက်အသုံးပြုနိုင်ခြင်း။
• McWiLL Phone (or) Terminal တစ်လုံးရှိရုံဖြင့် Voice, Fax, Internet, Video, Multimedia စသည့် ဝန်ဆောင်မှုများကို အသုံးပြုနိုင်ခြင်း။
• SIM card သုံးရန်မလိုဘဲ UID card နှင့် Intelligent IP Password ကိုသုံးထားသောကြောင့် မိမိဖုန်းပြောင်းသုံး (သို ့မဟုတ်) ပျောက်ဆုံးသွားပါက Handset အသစ်တွင် မိမိ UID နှင့် Password ကို ပြန်ရိုက်ထည့်ခြင်းဖြင့် မိမိဖုန်းအား ပြန်လည်ရယူနိုင်ခြင်း။ (ထိုသို ့အသစ်ပြန်ထည့်လျှင် ပြောင်းသုံး (သို ့မဟုတ်) ပျောက်ဆုံးသွားသော Handset ရှိ UID နှင့် Password အား အလိုလို ဖျက်သွားပါမည်။)

http://i22.servimg.com/u/f22/15/72/41/42/_img_010.jpg

http://i22.servimg.com/u/f22/15/72/41/42/_img_011.jpg
Ref;Myanmaritresource

10 comments

  • winkyawaung

    October 31, 2010 at 5:09 pm

    ဝမ်းသာစရာပါဆရာ..။ မြန်မာ တစ်ပြည်လုံး ဘယ့်တော့သုံးလို့ ရမလဲနော်..။ နေပြည်တော်ဖုန်း (၅)သိန်းတန် CDMA 800 MHz ကလဲ အင်တာနက်သုံးရပြီလို့ ဆိုပါတယ်.။ (၅)သိန်းတန် CDMA 450MHz ကျတော့ မပါပြန်ဘူး။ နောက်မှ ပေါ်တဲ့ ဖုန်းတွေက ပိုကောင်းမယ်ဆိုတဲ့ သဘောပေါ့နော်..။ ဘာမှ နားမလည်ကြတဲ့ ဝယ်ယူ သုံးစွဲသူတွေကို ဒိလို မဖြစ်သင့်ပါဘူးဗျာ..။ ယခုလောလောဆယ်မှာလဲကြည့်ပါအုံး အရင်က စတင်ပြီး ရောင်းချပေးထားတဲ့ ADSL အင်တာနက်လိုင်းတွေကို (၁၅)သိန်းခွဲနဲ့ ရောင်းထားပြီး၊ နှစ်စဉ်ကြေးတွေကလဲ များများ ဆောင်ထားရ၊ လစဉ်ကြေးတွေကလဲ မနည်းဘူး၊ ယခု အင်တာနက်လိုင်းတွေ ပျက်တော့လည်း ဘာမှကို ဝန်ဆောင်မူ မပေးကြဘူးလေ..။ ကုပ္မဏီတွေ ကောင်းစားရေးအတွက် နားမလည်ကြတဲ့ ပြည်သူတွေရဲ့ အပေါ် ဒီလိုလုပ်နေကြတာတွေ မကောင်းပါဘူးလို့ ပြောလိုက်ပါရစေ..။

  • etone

    November 1, 2010 at 1:35 am

    ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကြီးတဖြည်းဖြည်းတိုးတတ်လာတာ ဝမ်းသာမိပါတယ် ။

  • cherrywine

    November 1, 2010 at 6:27 am

    ဘာတွေမှန်းကို မသိတော့ပါဘူး။ကိုဝင်းကျော်အောင်ပြောတာလည်းမှန်နေတာပဲ။
    ADSL လိုင်းယူထားတဲ့ လူတွေတော်တော်များများပြသာနာကြုံကြရတယ်။ဘာပဲ
    ပြောပြောလေ တိုးတက်လာတာတော့ကောင်းတာပေါ့နော်။

  • ဆူး

    November 1, 2010 at 7:40 am

    ဘာပဲ ပြောပြော.. သူများတွေ သုံးလို့ ကောင်းတယ်ဆိုမှ စဉ်းစားမယ်.. အရင်ဆုံး အစမ်းသပ်ခံတော့ မလုပ်တော့ဘူး..

  • လင်းဝေကျော်

    November 1, 2010 at 8:05 am

    ဖုန်းလေးတစ်လုံးအကြောင်းပြောတာ သာမန်လူတွေအတွက် ဘာတွေရှုပ်နေမှန်းမသိအောင်ပြောပြတတ်တယ်။
    Technically very strong presentation လို့သတ်မှတ်ပေးလိုက်ပါ့မယ်။

  • အသဲကွဲ

    November 1, 2010 at 11:56 am

    လုပ်ပေးတယ်ဆိုတဲ့ နာမည်ခံတာ ခဏပဲကောင်းမယ်
    ရေရှည်တော့မစဉ်းစားပါနဲ့ လိုင်းမကောင်းလို့ စိတ်ညစ်နေရမယ်

  • intro

    November 1, 2010 at 12:08 pm

    ညွှန်းထားတဲ့အတိုင်း တကယ် ဖြစ်လာမယ်ဆိုရင်တော့ တော်တော်လေးကို ဝမ်းသာစရာပါ၊ တို့နိုင်ငံက mobile ခေတ်မှာ တော်တော်လေး ခေတ်နောက်ကျတယ်လို့ ပြောရမလိုဖြစ်နေပြီ…

  • windcanning

    November 1, 2010 at 2:48 pm

    ဖုန်းအားလုံး သုံးလို့ရမယ်လို့ ကြားပါတယ် အဲဒါ တစ်ကယ်လား?

  • Myat Min

    November 1, 2010 at 2:55 pm

    ဒီသတင်းလေးကို ကြားရတာတော့ ဝမ်းသာမိပါတယ် . . အဲ . . တဖက်က ပြန်ကြည့်ရင် . . ပြည်သူတွေကို ပညာရှိနည်းနဲ့ မွဲဆေးဖော်နေတာကို တွေးမိရင် ရင်မောမိတာအမှန်ပဲ . .. ဘာကြောင့်ဆို . . . (၁) လမှာ ဆောင်ရတဲ့ဖုန်းဘေရ်ကို ပြန်တွက်မိရင် . . . အမလေးနော် . . . ကျန်းမာပါစေ . . ချမ်းသာပါစေဗျာ . . . .

Leave a Reply