INTERVIEW တဲ့ဗျား ……

fattyOctober 31, 20101min1137

အပြစ်တင်ချင်လို့လဲ မဟုတ်ရပါ ….။ အပြစ်ထင်လို့လဲမဟုတ်ရပါ ….။
ကလောင်တချောင်းပိုင်ပြီဆိုရင်ဖြင့် …. ရေးချင်ရာရေးလို့ရကြပြီပေါ့ …..။
တလောက ကျနော်ဖတ်ခဲ့ရတဲ့ အင်တာဗျူး တခုမှာတော့ …..။ ဒီလိုတွေ့ခဲ့ရသဗျား …။

ကျနော်တို့ ဘူဒါးကြီးတွေဘဲဉာဏ် မပြေးတော့တာလား … အခုခေတ်လူငယ်တွေကဘဲ … သိပ်ပြေးနိုင်လွန်းနေတာလား ….။
ကျနော် အင်တာဗျူးကဏ္ဍကို ၃ နှစ် ်လောက်ရေးခဲ့ဘူးပါတယ် ….။ ဒီလိုမေးခွန်းမျိုး မစဉ်းစားမိခဲ့ဘူး ….။

မေးသူ ….. မိန်းကလေးတယောက်ကိုမြင်တဲ့အခါ သူ့ရဲ့ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းကိုကြိုက်လဲ …တဲ့။
( ကျနော်များဖြေခွင့်ရမယ်ဆိုရင် … နော် … အသည်းယားလိုက်တာ … )

မေးသူ …… တချို့မိန်းကလေးတွေက ချိုင်းမွှေးရိတ်ကြတယ် … တချို့ကမရိတ်ဘူး ..
တချို့ကခြေသလုံးမွှေးရိတ်ကြတယ် … တချို့ကမရိတ်ဘူး .. ဘယ်လိုဟာကိုကြိုက်သလဲ …တဲ့။
( တော်သေးဗျာ တခြားနေရာမမေးလို့ … မျက်ခုံးမွှေးတို့ဘာတို့ပြောတာပါ ..)

မေးသူ ….. မိန်းကလေးတချို့ ရင်သားအတု တင်အတုတပ်ကြတယ် အဲဒီလိုတပ်တာကိုသဘောကြသလားတဲ့ ..။

မေးသူ …… မိန်းကလေးတယောက် အခန်းတံခါးနောက်ကွယ်မှာနေတဲ့အခါ မမြင်ချင်ဆုံးပုံစံကဘာလဲတဲ့ …။
( ကဲ … ဖြေကြည့်ကြပါအုံး .. )

ကျနော်တို့ခေတ်က ဒီလို အိုင်ဒီယာတွေမရခဲ့ရကောင်းလားလို့ …. တွေးပြီးကိုယ်ညံ့ခဲ့တာကို ဒေါသဖြစ်မိတယ် ..။
စိတ်ဝင်စားကြရင် ရှာဖတ်ကြည့်ကြပေါ့နော …။ ဘူဒါး ကြီးတွေကိုပြောတာပါ။

7 comments

  • ်fatty

    October 31, 2010 at 2:04 pm

    ကျနော်သာမေးခွင့်ရရင် … မေးလိုက်ချင်ရဲ့ …….
    vat 69 ကြိုက်လား …. အရက်ဖြူကြိုက်လားလို့ …..။
    ( အဓိပ္ပါယ်မပေါက်သူများအား ရှင်းမပြရ )

    • bigcat

      October 31, 2010 at 4:15 pm

      အဆင်ပြေတာလေးကနေ စကြတာပေါ့။

  • snique

    October 31, 2010 at 2:21 pm

    ဦးဖက် အဲဒါ ဘယ် ထဲမှာ မေးတာလဲ ဟင် စိတ်တော်တော်ဝင်စားသွားပြီ

  • ်fatty

    October 31, 2010 at 2:37 pm

    မပြောချင်ပါဘူးဆို … ကြိုးစားပြီးရှာကြည့်

  • kopauk mandalay

    October 31, 2010 at 3:06 pm

    ကိုဖက်ရာ
    မင်းတုန်းမင်းအမေးခံရတဲ့မေးခွန်းလောက် ဘယ်မေးခွန်းမှ မမိုက်ဘူး။
    အရှင်မင်းတြား အိ်ပ်ဆောင်ထဲမဝင်ခင် လုံကွင်းကိုချွတ်ပါသလား အိပ်ဆောင်ထဲရောက်မှချွတ်ပါသလား
    တဲ့ အဲဒါဘယ်စာအုပ်ထဲပါတယ်ဆိုတာသိချင်ရင် ရှာဖတ်ကြည့်
    မေးခွန်းက လန်းတယ်နော် အခုဘယ် အင်တာဗျုးဆရာ ဆရာမ မှ ဒီလောက်လန်းအောင် မမေးနိုင်သေးဘူး

  • fatty

    November 3, 2010 at 9:03 am

    ဒီလထုတ် ရုပ်ရှင်အမြုတေ

  • naywoonni

    November 3, 2010 at 11:51 am

    ဟုတ်ရှာဖတ်ကြည့်ဦးမယ်
    ဒီနေ့အစောပြန်ရမှာမို့နောက်နေ့မှဆက်ပြောမယ်
    ဆိုင်က8း30ပိတ်ရမယ်တဲ့
    ခုပဲလာပြောသွားပြီ

Leave a Reply