ငွေပေးရင် ဂေး ဖြစ်နိုင်သလား ဒါမှမဟုတ် လိင်စိတ်ခံယူမှုနဲ့ လိင်မှုကိစ္စ ဘာကွာခြားသလဲ

PhyoNovember 1, 20101min1509

ဤဆောင်းပါးသည် လိင်တူချစ်သူများနှင့် ပတ်သက်သော ဆောင်းပါဖြစ်ပါသည်။ မည်သည့်အတွက်မှ ရည်ရွယ်ချင်းမဟုတ်ပါ။ လူမှုအသိုင်းအဝိုင်းတွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို ရေးသားထားခြင်းသာဖြစ်ပါသည်။ ညစ်ညမ်းစာပေလည်း မဟုတ်ပါကြောင်း အရင်ဦးဆုံး ပြောကြားလိုပါသည်။

သက်တံ့အယ်ဒီတာအဖွဲ့။ October 29, 2010

ဒီစာလေး ရေးဖြစ်ဖို့ အကြောင်းဖန်လာတဲ့ ကိစ္စတွေကတော့ ထိုင်းနိုင်ငံမှာ ခေတ်စားတဲ့ စကားလုံး တစ်လုံးကြောင့်ပါ။ အဲဒီ စကားလုံးကတော့ “As long as you pay. I am Gay” ဆိုလိုတဲ့ အဓိပ္ပါယ်က ငွေသာရမယ် ဆိုရင်တော့ ဂေးလုပ်ပေးမယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။

ဒီထက် ထဲထဲဝင်ဝင် စဉ်းစားကြည့်မယ်ဆိုရင် ကန်တော့ပါရဲ့။ ရိုင်းသွားရင်လည်း တောင်းပန်ပါတယ်။ ဖင်ချမယ် ဆိုရင်လဲ ခံပါ့မယ်။ လုပ်ပေးဆိုလည်း လုပ်ပေးမယ်။ ကြိုက်သလိုခိုင်း အကုန်လုပ်ပေးမယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။

ဆိုတော့ ဇာတ်လမ်းက ဒီလိုစပါတယ်။ သူငယ်ချင်း ကောင်းမလေးတယောက်က ကျနော့်ကို ပြောလာပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ အမျိုးသား ပြည့်တန်ဆာတွေထဲမှာ ၈ဝရာခိုင်နှုန်းလောက်က ယောက်ျားစစ်စစ်တွေလို့ ပြောတယ်။ အဲဒါ မှန်လားဆိုပြီး ကျနော့်ကို ပြောလာပါတယ်။

ဒါနဲ့ ကျနော်ကလည်း သူ့ကို ပြန်ပြောလိုက်တယ်။ မျက်ခုံးလေး ကြုံ့ပြီးမေးလိုက်မိတယ်။ ညဉ်းပြောချင်တဲ့ ယောက်ျားအစစ်ဆိုတာ ဘာလဲ။ ဘာကိုကြည့်ပြီး ယောက်ျားအစစ်လို့ ပြောတာလဲဆိုပြီး မေးလိုက်တော့ သူက ဇက်ကလေးပုဝင်သွားပြီး “စော်ကားသလို ဖြစ်သွားရင်လည်း ဆောရီးနော်။ ငါက မသိလို့မေးတာပါ။ ဟို ငါပြောချင်တာကလေ မိန်းကလေးကို စိတ်ဝင်စားတဲ့ ယောက်ျားတွေကို ပြောချင်တာပါ။ သူတို့ကို ပိုက်ဆံပေးပြီးခေါ်တယ်ဆိုတော့ ခိုင်းတာအကုန်လုပ်ရတာပဲလား”။ အဲဒါနဲ့ ကျနော်က ပြန်ထပ်မေးတယ်။ ဘာကိုဆိုလိုတာလဲ။ သူက ပြန်ပြောတယ်။ “ဟိုလေ နင်တို့စကားလိုမျိုးဆိုရင် ကြိုမယ်ဆိုရင်လည်း ကြိုရမယ်။ ပို့မယ်ဆိုရင်လည်း ပို့ရမှာပေါ့နော်။ ပြီးတော့ ပါးစပ်နဲ့ ဆက်ဆံဆိုရင်လည်း ဆက်ဆံရမှာပေါ့နော်”။ ကျနော်ကလည်း မျက်ခုံးတစ်ချက်ပင့်ပြီး နင်ပြောတဲ့ အရာတွေအားလုံးက တကယ့် ပရောဖက်ရှင်နယ်ဆန်တဲ့ ယောက်ျားပြည့်တန်ဆာတွေ ဆိုရင်တော့ ကာစတန်မာရဲ့ စိတ်တိုင်းကျ အကုန်လုပ်ပေးတယ်။ ဒါပေမယ့် ထိုင်းမှာတော့ အပို့ခံတဲ့ လူတွေကတော့ အရမ်းနည်းပါတယ်။ အဲဒီမှာ သူငယ်ချင်းမက ဆက်ပြီးတော့ အရစ်တက်ပြန်ပါတယ်။ “ဟင်း… ဖင်မှာ ဟိုလိုလုပ်ပေးလိုက်တော့ သူက ဂေး ဖြစ်သွားမှာပေါ့နော်”။ အင်း နင့်လိုပဲ မေးတဲ့သူတွေ အများကြီးပဲ။ နင်တို့ခေါ်တဲ့ ယောက်ျားစစ်စစ်ဆိုတဲ့ သူတယောက်က ဖင်ခံလိုက်ရင် ဂေး ဖြစ်သွားရောလား။ ဒါမှမဟုတ် မိန်းမကြိုက်တဲ့ ယောက်ျားတစ်ယောက်က ဂေးတစ်ယောက်နဲ့ လိင်ဆက်ဆံလိုက်ရင် ဂေးဖြစ်သွားရောလား ဆိုတဲ့ဟာကို အမေရိကန်က ဂေးစုံတွဲတွေရဲ့ ပေါင်းဖော်မှုတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ဆရာ Joe Kort ဖြေထားတာကို ပြောပြမယ်ဆိုပြီး အောက်မှာကျနော်ကူးထားတဲ့ဟာလေးကို သူ့ကိုဖတ်ခိုင်းလိုက်ပါတယ်။

ကိန်းဂဏန်းတွေ အတိအကျ ကောက်ယူထားတာမျိုး မရှိပေမယ့်လို့ ထိုင်းနိုင်ငံမှာ ယောက်ျားပြည့်တန်ဆာ လုပ်စားနေတဲ့သူတွေ အတော်များများက လိင်ကွဲချင်းကိုသာ စိတ်ဝင်စားတဲ့ ယောက်ျားတွေချည်း ဖြစ်နေတာကတော့ မှန်ပါတယ်။ အဲဒီအထဲမှာ တော်တော်များများက သူ့ကို ပြန်ပို့တာကို လက်မခံပါဘူး။ အိုကေ ထိုင်းနိုင်ငံအကြောင်း ခဏရပ်ထားပြီးတော့ ပညာရှင်ကြီး Joe Kort လေ့လာထားတာလေးကို တချက်ကြည့်ရအောင်။

သူ့ရဲ့ ပြောဆိုချက်အရ အမေရိကန်နိုင်ငံမှာရှိတဲ့ ဂေးအပြာကားမှာ သရုပ်ဆောင်တဲ့ သူတွေ အတော်များများက မိန်းမကို စိတ်ဝင်စားတဲ့ ယောက်ျားတွေသာ ဖြစ်ကြတယ် ဆိုတာကို အဲဒီ ဂေးအပြာကားတွေ ထုတ်လုပ်တဲ့ အသိုင်းအဝိုင်းမှာ သွားရောက်လေ့လာပြီးတော့မှ သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဆိုတော့ လူတချို့က သူ့ကို မေးကြပါတယ်။ “တကယ်လို့ သူက မိန်းမကိုပဲ စိတ်ဝင်စားတဲ့ ယောက်ျားဖြစ်တယ် ဆိုလို့ရှိရင် ဘာလို့ သူ့ရဲ့လိင်အင်္ဂါတွေက လိင်ဆက်ဆံဖို့အတွက် အဆင်သင့် ဖြစ်နိုင်ရတာလဲ။ ဒါဆိုလို့ရှိရင် သူတို့ကို မိန်းမစိတ်ဝင်စားတဲ့ ယောက်ျားစစ်စစ်တွေလို့ ပြောလို့ရနိုင်လား။” ဆိုတဲ့မေးခွန်းတွေ မေးကြသလို လူအတော်များများကို ဒွိဟဖြစ်စေတာက အဲဒီ ဂေးအပြာရုပ်ရှင်ထုတ်လုပ်တဲ့ အသိုင်းအဝိုင်းက ထုတ်ပြောလာတဲ့ စကားကိုယ်တိုင် အဲဒီလူတွေက မိန်းမကြိုက်တဲ့ ယောက်ျားစစ်စစ်တွေပါလို့ ဝန်ခံထားပြန်တော့ ပိုပြီးရှုပ်ထွေးမှုတွေ ဖြစ်စေတယ်ဆိုပြီး သူ့ကို မေးထားကြတာ ရှိပါတယ်။

အဲဒီမှာ သူဖြေထားတာက အမျိုးသားတွေရဲ့ လိင်မှုကိစ္စဆိုတာ သူ့ကို ရင်ခုန်စေတယ် သာယာစေတယ် ကြည်နူးစေတယ် ဆိုတဲ့အရာနဲ့ သီသန့်စီ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ပြီးတော့ ယောက်ျား အတော်များများရဲ့ လိင်မှုကိစ္စဆိုတာ လိင်စိတ်နိုးကြွလာအောင် လုပ်ဆောင်ပေးနိုင်တယ် ဆိုလို့ရှိရင် ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အကုန်လုံးနဲ့ လိင်ဆက်ဆံလို့ ရနိုင်တယ်ဆိုတဲ့ ဟာပါပဲ။ အဓိက ကတော့ လိင်စိတ်နိုးကြွလာအောင် လုပ်ဆောင်ပေးတဲ့ အချက်ပဲလို့ ဆိုပါတယ်။

အဲဒီမှာ သူက ဥပမာ တစ်ခုပေးထားတာက ထောင်ထဲမှာရှိတဲ့ ယောက်ျားတွေ ယောက်ျားချင်း လိင်ဆက်ဆံကြတာ အဲဒီလို ဆက်ဆံလိုက်လို့ ဘယ်သူမှ ဂေးဖြစ်မသွားဘူး။ သူတို့ရဲ့ လိင်စိတ်ခံယူမှုကတော့ နဂိုအတိုင်းပဲ ရှိနေတာပါပဲ။ အဓိက ကတော့ လိင်ဆက်ဆံဖို့ကို ဖြစ်စေတဲ့ စိတ်ဆန္ဒ တစ်ခုပဲရှိပြီး အဲဒီ ယောက်ျားနဲ့ လိင်ဆက်ဆံလိုက်တဲ့အတွက် သာယာကြည်နူးတဲ့ လိင်ဆက်ဆံမှု အရသာကို ခံစားရတာမျိုးတော့ မရှိပါဘူးလို့ ဆိုပါတယ်။

လိင်စိတ်ခံယူမှုနဲ့ လိင်မှုပိုင်းဆိုင်ရာ အပြုအမူဆိုတာ ကွဲပြားခြားနားတဲ့ အရာတွေလို့ ဆိုပါတယ်။ ကျနော်တို့ ရှေးရိုးစွဲ အမြင်ထဲက လက်ခံထားသလိုမျိုး တစ်ယောက်က ယောက်ျားအချင်းချင်း လိင်ဆက်ဆံလိုက်ပြီဆို ကိုယ့်ကိုယ်ကို ဂေးများဖြစ်နေပြီလားဆိုပြီး သံသယဝင်နေတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။

နောက်ပြီး တခြားတစ်ခုက မိန်းမနဲ့ လိင်ဆက်ဆံရတာကို အရမ်းနှစ်သက်တဲ့ ဂေးယောက်ျားတွေလည်း အများကြီးရှိနေတယ် ဆိုတာပါပဲ။ အထူးသဖြင့် ဆယ်ကျော်သက် ဂေး ယောက်ျားလေးတွေနဲ့ အမျိုးသမီးတွေကို လက်ထပ်ထားတဲ့ ဂေး ယောက်ျားလေးတွေအကြားမှာ အဖြစ်များတယ်လို့ ဆိုပါတယ်။ သူတို့တွေရဲ့ ထုတ်ဖော်ပြောဆိုချက်အရ ဆိုလို့ရှိရင် အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံရတာကို သူတို့တွေအနေနဲ့ ကျေနပ်မှုရှိတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ယောက်ျားလေးကို ကြိုက်နှစ်သက်တဲ့ ချစ်တဲ့ လိင်စိတ်ခံယူမှုကတော့ ဘယ်တော့မှ ပြောင်းမသွားဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူပါလို့ ဝန်ခံလိုက်ပြီ ဆိုရင်တော့ မိန်းမနဲ့ဆက်ပြီး လိင်ဆက်ဆံလိုစိတ် မရှိတော့တဲ့သူတွေ များတယ်လို့ ဆိုပါတယ်။ အဓိက အကြောင်းအရင်းကတော့ Cathexis လို့ခေါ်တဲ့ လူတယောက်ရဲ့ လိင်စိတ်နိုးကြွမှု ချစ်ခင်ယုယမှုနဲ့ လိင်ယက်မက်တို့နှင့်သာ အများဆုံး သက်ဆိုင်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ သုတေသန ပြုချက်အရ အဲဒီလို လိင်စိတ်ခံယူမှုနဲ့ လိင်ကိစ္စတွေ နှစ်ခုကြားမှာ ဗျာများနေတဲ့ လူငယ်တွေ သူ့ဆေးခန်းကို လိုက်လာပြီဆိုရင် သူက ဒီလို မေးခွန်းတွေ မေးလိမ့်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီမေးခွန်းကို သူက “ကမ်းခြေက ဉာဏ်စမ်း”လို့ နာမည်ပေးထားပါတယ်။ စမ်းသပ်နည်းက အဲဒီလူငယ်လေးတွေကို သူကမေးတယ်။ တကယ်လို့ မင်းတို့ကမ်းခြေမှာ လှဲနေတယ်ဆိုပါစို့။ မိန်းမကော ယောက်ျားပါ နှစ်မျိုးစလုံး ရေကူးဝတ်စုံလေးတွေနဲ့ ဖြတ်လျှောက်သွားကြတယ်။ စိတ်ထဲမှာ ဘယ်လိုခံစားရလဲလို့။ အဲဒီမှာ မိန်းမကိုသာ ကြိုက်တဲ့ လူငယ်လေး ဖြစ်ပေမယ့် ယောက်ျားချင်း လိင်ဆက်ဆံမိလို့ ဗျာများပြီး ရောက်လာတဲ့ ကောင်လေးက အမျိုးသမီးတွေကိုပဲ ခံစားလို့ရတယ်။ သူ့ကို လိင်စိတ်ထကြွစေတယ်ဆိုပြီး ဖြေတယ်လို့ ဆိုပါတယ်။

Cathexis ဆိုတာ တခြားပြောတာ မဟုတ်ပါဘူး။ အဲဒီခံစားချက်ကို ပြောတာပါ။ ဆိုတော့ ပိုရှင်းအောင် ပြောရမယ်ဆိုရင် ခန္ဓာကိုယ်ကိုကြည့်ပြီး ကိုယ်နဲ့ ကိုယ့်စိတ်ကူးထဲမှာ လူတယောက်ရဲ့ လိင်ပိုင်းဆိုင်ရာဖြစ်ဖြစ် ချစ်ခြင်းမေတ္တာနဲ့ဖြစ်ဖြစ် စိတ်ကူးထဲမှာ သာယာနိုင်တဲ့ဟာကို ပြောတာပါ။ ဒါပေမယ့်လို့ မိန်းမကြိုက်တဲ့ ယောက်ျားတွေ တခါတလေကျရင် တခြားယောက်ျားတစ်ယောက်က လိင်စိတ်နိုးကြွလာအောင် လာလုပ်ပေးပြီဆိုရင် အဲဒီယောက်ျားနဲ့ လိင်ဆက်ဆံဖို့အတွက် သူလည်း လိင်စိတ်နိုးကြွလာနိုင်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သေချာတာတစ်ခုက အဲဒီမိန်းမကြိုက်တဲ့ အမျိုးသားက သူ့ကို လိင်စိတ်နိုးကြွားလာအောင် လာလုပ်ပေးတဲ့ ယောက်ျားရဲ့ ကိုယ်ခန္ဓာကိုကြည့်ပြီး စိတ်ကူးယဉ် သာယာကြည်နူးနေတာမဟုတ်ပဲ လိင်ကိစ္စတစ်ခု သက်သက်ကြောင့်သာ ဖြစ်တယ်ဆိုတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အပြာရုပ်ရှင်လောကမှာ မိန်းမပဲကြိုက်တဲ့ ယောက်ျားတွေ အများအပြား ပါဝင်သရုပ်ဆောင် နေကြတာဟာ အခုဏက ပြောခဲ့သလို တခြားယောက်ျားတစ်ယောက်ရဲ့ လိင်စိတ်နိုးကြွလာအောင် လုပ်ဆောင်ပေးတဲ့ အတွက်ကြောင့် သရုပ်ဆောင်နိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုတော့ ပိုက်ဆံပေးရင် အဲဒါကို အထမြောက်အောင် လုပ်လို့ရတယ်ဆိုတဲ့ သဘောလို့ ဆိုပြန်ပါတယ်။

ပညာရှင်ကြီး Kort ရဲ့ ပြောဆိုချက်အရ သူတွေ့ခဲ့ဘူးတဲ့ မိန်းမကိုပဲကြိုက်တဲ့ ယောက်ျားပြည့်တန်ဆာတယောက် ပြောပြတာကတော့ အဲဒီလို ဗီဒီယိုထဲမှာ သရုပ်ဆောင်နိုင်ဖို့အတွက် သူနဲ့တွဲတဲ့သူရဲ့ နှိုးဆော်ပေးမှုက အဓိကဖြစ်တယ်ဆိုပြီး ဖြေဖူးပါတယ်။ ပြီးတော့ မိန်းမတွေနဲ့ ဆက်ဆံရင်လည်း တချို့မိန်းမတွေကို စအိုမှာ ဆက်ဆံပေးတာရှိသလို ယောက်ျားစအိုကိုလည်း ပြန်ဆက်ဆံပေးရတာ သူတို့အတွက် ဘာမှ အခက်ခဲ မဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒီအပြင် မိန်းမကိုပဲ ကြိုက်တဲ့ အမျိုးသား အတော်များများကလည်း သူတို့စအိုကို လိင်ဆက်ဆံပေးတာကို ကြိုက်တဲ့သူတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။ ဒါပမေယ့် သူတို့ရဲ့ စအိုကို လိင်ဆက်ဆံခံလိုက်ရလို့လည်း ဂေး ဖြစ်မသွားဘူးဆိုတာ အများအပြားတွေ့ရတယ်လို့ ဆိုပါတယ်။

နောက်ဆုံးသူပြောသွားတာကတော့ ယောက်ျားတစ်ယောက်က စအိုမှာ လိင်ဆက်ဆံခံလိုက်ရလို့ ဂေး ဖြစ်မသွားဘူး ဆိုတာပါပဲ။

http://www.coloursrainbow.com

9 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 1, 2010 at 9:04 am

    (နောက်ဆုံးသူပြောသွားတာကတော့ ယောက်ျားတစ်ယောက်က စအိုမှာ လိင်ဆက်ဆံခံလိုက်ရလို့ ဂေး ဖြစ်မသွားဘူး ဆိုတာပါပဲ)
    သူကအဲ့လိုပြောတော့ U က ဘယ်လိုပြောမှာလဲ ဘာဖြစ်ခြင်တာလည်း ရှင်းရှင်းပြော အခုက ဘာကိုဆိုလိုနေတာလဲ
    U က ဘာလဲ စမုတ်ကီန်းတယ် ကုန်းတယ် ဒီလိုလား သို ့မဟုတ် အားလုံးလုပ်တယ် မိန်းမတွေကိုလည်းကြုံးတယ်
    ယောင်္ကျားတွေကိုလည်းကြုံးတယ်/ကုန်းတယ် ဘာလဲ အထူးသဖြင့် U က ဘာအမျိုးအစားလည်း
    ဥပမာကွာ အောင်ပုဆိုတဲ့ငါကတော့ ယောင်္ကျားဘဲ လောဘမကြီးဘူး ကောင်မလေးဆိုငယ်မှကြိုက်တယ် ဒါကငါ့အခွင့်ရေး
    မင်းလဲမင်းအခွင့်ရေးဘဲ ဒါပေမယ့် ဘာကိုကြိုက်လဲ ရှင်းရှင်းပြော လိုင်းတူရင် လိပ်စာပေးပြီး လုပ်ခြင်တာလုပ်ကြ
    ဘာတွေကိုရေးပြနေတာလည်း ဒီနေရာမှာ ဒီလိုအပြောမျိုးက မင်းတွက် ဘာမှ အကျိုးထူးလာမှာ မဟုတ်ဘူး
    ဒါပေမယ့် သတင်းသဘောမျိုးပေါ့ ဟိုကောင်က ဘာ ဒီကောင်က ဘာ ဆို တာမျိုး သတင်းရေးရင် တစ်မျိုးသွားလိမ့်မယ်
    ဒါကြီးကိုလာပြောလို ့ကတော့ ဘယ်ထူးမှာလဲကွ
    အောင်ပုဆိုတာလဲ သိပ်ခေတာမဟုတ်ဘူး
    tast ပြီးသွားရင် ချီးပါတိုင်းသတိရပါတယ်တော့ လာမလုပ်နဲ ့ ဖီးလ်မလာဘူး

  • intro

    November 1, 2010 at 1:23 pm

    ဒါမျိုးက သတင်းပေးတယ် ဆိုပေမယ့်လဲ ကိုယ်နဲ့ မကြိုက်တော့ စိတ်မသက်မသာ ဖြစ်ရတယ်ဗျာ… ဒူးရင်းသီး ကြိုက်သူနဲ့ မကြိုက်သူလိုပေါ့… ကျွန်တော်ကတော့ အနံ့မခံနိုင်ဘူး၊
    ကိုအောင်ပုရေ… ယောက်ျားတိုင်း ခင်ဗျားလို စိတ်ဓါတ်မျိုး ရှိရင် ကောင်းမယ်ဗျာ… ဒါဆိုရင် ကျွန်တော်တို့ ဒီလို ငြင်းနေစရာ မလိုတော့ဘူး၊ မကြိုက်စရာလဲ မလိုတော့ဘူးပေါ့ဗျာ.. ကျွန်တော်ကတော့ ဒါမျိုးတွေ မြင်ရတာ၊ ကြားရတာ သိတ်ပြီးတော့ စိတ်မသက်မသာ ရှိလိုက်တာဗျာ… မဖတ်ပဲ ကျော်သွားမလို့ပဲ၊ မနေနိုင်တာနဲ့ပဲ ဝင်ရေးလိုက်တာပါ… (ယောက်ျားဆိုတာ ယောက်ျား စိတ်ဓါတ် ရှိရမှာပေါ့ဗျာ) ဘာပဲပြောပြော သဘာဝအတိုင်း နေနိုင်တာ ပိုပြီး ကောင်းမယ် ထင်ပါတယ်ဗျာ…

  • kopauk mandalay

    November 1, 2010 at 4:10 pm

    လူဆိုတာ လူလိုတွေးပြီး လူလိုဆက်ဆံတာ အကောင်းဆုံးပါဘဲ။

    ဘာလို့များ မတူတဲ့အင်္ဂါတွေနဲ့ ဖြစ်လာကြလဲမသိဘူး။
    ဒါတောင် နှစ်မျိုးထဲမို့လို့ ဒီထက်များ များပြီးရှိခဲ့ရင်တော့ ………………………………………….
    တီကောင်တွေလို ဖန်ဆင်းလိုက်ရင် ပြီးရော။
    ကျားမ ခွဲစရာကိုမလိုတော့ဘူး။

  • kai

    November 1, 2010 at 10:59 pm

    ထိုင်းမှာရှိတဲ့ အမျိုးသား ပြည့်တန်ဆာဆိုတာက .. ကျုပ်သိသလောက် .. အဖြူမတွေ။ အမဲမတွေ၊ အဝါမတွေထဲက သူတို့နဲ့အပျင်းပြေဆက်ဆံဖို့ ငွေပေး Sex လုပ်ခိုင်းတဲ့ လူတွေလည်းအများကြီးပါပါတယ်.။
    ရှိုးတခုမှာ ဗလကောင်းတဲ့ယောက်ျားငယ်ငယ်တယောက်က တလွှာချင်းချွတ်ကတာကို .. အောက်က မိန်းမတွေက .. ငွေတွေပေးကြတာတွေ့ဖူးတယ်.။ နောက်တော့ အလုအယက် ဒိတ်လုပ်ကြတာပဲ..။
    မိန်းမတွေရဲ့ ခုနှလွှာချွတ်ရှိုးတွေထက်တောင် အများကြီး ပိုကဲတယ်..။

    အခုစာဖတ်ကြည့်တော့ နည်းနည်းရှုပ်ထွေးနေသလိုပဲ..။
    အမျိုးသား ပြည့်တန်ဆာဆိုတာ ဂေးကိုကိုယ်စားပြုနေသလိုဖြစ်နေလို့ပါ။

    ထိုင်းမှာ ယောက်ျားကလေးငယ်တွေကိုမှ Sexလုပ်ချင်တဲ့ အဖြူတွေလည်းတွေ့ဖူးတာပဲ။ အသက် ၁ဝနှစ်ဝန်းကျင်ကလေးတွေက မြန်မာ၊ကမ္ဘောဒီးယား ကလာကြတာများတယ်..။
    သူတို့လေးတွေ အသက်ကြီးလာရင် ဂေးဖြစ်သွားဖို့တော့ ရာခိုင်နှုန်းအရမ်းများတယ် ထင်ပါတယ်။

  • KoNyeinChan

    November 2, 2010 at 5:34 am

    တိရ စ္ဆာန် အထီး တောင် အမ ဆိုတဲ့ ဆန် ့ကျင်ဘက်လိင်ကိုဘဲ ရွေးချယ်တယ်။ သူတို ့တွေထက် ဦးနှောက်အသိဉာဏ် ဆင်ခြင်တုံ တရား ရင့်ကျက်တဲ့ လူတွေက သဘာဝတရားနဲ ့ဆန် ့ကျင်ပြီး လိင်တူချင်းစိတ်ဝင်စား တာ ဖောက်ပြန်ခြင်းလား။ ဒီအထက်က Post ကိုဖတ်ရင်းကြက်သီးတောင်ထ တယ်။ ဖြစ်နိုင်ရင်တခြားအကြောင်းအရာ Post တွေဘဲရေးပါလား။ တားမြစ်ခြင်း မဟုတ်ပါဘူး၊ အကြံပေးခြင်းပါ။

  • ပွကြီး

    November 2, 2010 at 10:15 am

    ရွံ့စရာကြီးဗျာ
    တင်တဲ့ကောင်က ဘာရည်ရွယ်ချက်နဲ့တင်တာလဲ
    စဉ်းစားလို့ကိုမရဘူးးးးးးးးးးးးး

  • mandalaythar

    November 2, 2010 at 3:42 pm

    အင်းဒီကောင် ဖြိုးတင်လိုက်ရင် အဲဒီ Post ကတော့ ပေါက်တာအမှန်ဘဲ။ အောက်က ကွန့်မန့်ရေးတဲ့ ဟာတွေက အများကြီးဘဲ။

    ဖင်ခံဖို့ စည်းရုံးပြီး ဈေးကွက် လာရှာတာလား မသိဘူး။ လီး လီး (အဲ ယောင်သွားလို့) ဟီး ဟီး

  • Pa Pa

    November 2, 2010 at 9:46 pm

    Mandalay ရတနာပုံမှာ လာရောက် ဖတ်ကြသူတွေထဲမှာ ရဟန်း၊ရှင်နဲ့ အမျိုးသမီး တွေနဲ့ ဆယ်ကျော်သက် အတုယူနှားတတ်ကြမဲ့ လူတွေလဲပါမယ် ဆက်ဆံတဲ့နည်း မျိုး စုံထပ်နေတယ် ပြိီးတော့လဲကာမဆက်ယှက် မှူ့ စာကြောင်းတွေ ထပ်နေ တဲ့ သဘာဝမဲ့ ဖြစ်ရပ်တွေကို ပုံဖေါ်ရေးသားထားတွေဟာ ရေးတဲ့သူနဲ့ ဒီကအယ်ဒီတာတွေမှာပါ တာဝန်ရှိနေတာ အဘယ်ကြောင့် မသိချင်ယောယင်ဆောင်နေကြသနည်း..။စာပေ သည် အတုယူ ဗဟုသုတရစေရန် မိမိ လူမျိုးအာ းတိုးးတက်စေချင်းအလိုငှာ ရေးသားကြပါသည်..အခုတော……ဗျာ……………။
    ့ နားလည် ခွင့်လွှတ်ပေးပါ သည် မိန်းမလျှာတို့၏ဘဝကို ဒီ လိုပိုစ့်များအား စေစပ့်စွာ စစ်ဆေးပြီးမှ သာ ခွင့်ပြုသင့်ပါသည်..။၎င်း အကြောင်း နှင့်ပတ် သက်လျှင် မိန်းမလျာ တို့၏ ဖျက်ဆီးချင်း ခံရသော ဆယ်ကျော် သက် လူငယ် များ ကို တွေ့ခဲ့ ရြ ပီး လိင်နဲ့ပတ် သက်သော ပညာပေးခြင်း၊ဆေးကုသခြင်းများ ပြုလုပ်ပေးခဲ့ရပါသည်..။ဆိုလိုသည်မှာ ဆယ်ကျော် သက်များအား ကာ မဖြင့်ဆက်ဆံပြုကျင့်မှူ့ သည် မုဒိန်း မှူ့ လိင် ပိုင်း ဆိုင်ရာ နှောက်ယှက် မှူ့ ပြစ်မှူ့အမျိုးအစားထဲတွင် ပါဝင်သည်..။မြန်မာပြည် တွင် မိန်းမလျာများ ကို အသိမှတ်ပြုပါ က ၎င်းအတွက် ဥပဒေ တရပ် အားပြထမ်းသင့်သည်။သို့သော်လည်း ဘာ သာယဉ်ကျေးမှူ့အရ ဆန့်ကျင်နေသောကြော့င် မည်မျှပင် လူ့ အခွင်ရေးရှိနေပါစေ ခွင်ပြုရန် အတော် ပင်စဉ်းစားကြရမည်….သို့သော် မဲရေ အတွက် လိုလားသော ပါတီများ စည်းရုံး နှိုင် သည်မှာ မိန်းမလျာများ အခွင်ရေး ငါပါတီ အနှိုင် ရအောင် မဲဆွယ်ခြင်ဆွယ် နှိုင် သည် ကိုသော စစ် မှန်သော ဒီမိုကရေစီ ရရှိလာသော အချိန်တွင်ကား ….ယခု၂၀၁ဝ ဒီမိုကရေစီ ကိုမဆိုလိုပါ…အခွင့်ရေးတိုင်းတွင် အဖုံးနှင့် ၊အဖွင့်ရှိကြစမြဲပါ…။၎င်း အတွက်ကြောင့် အယ်တီတာ နှင့်တကွ ၎င်းပိုစ့်တင် သူတိုအား အပြင်းအထန် ရှုံ့ချ လိုက်သည်….။

  • nay phonehlan

    November 2, 2010 at 9:58 pm

    Mandalay ရတနာပုံမှာ လာရောက် ဖတ်ကြသူတွေထဲမှာ ရဟန်း၊ရှင်နဲ့ အမျိုးသမီး တွေနဲ့ ဆယ်ကျော်သက် အတုယူနှားတတ်ကြမဲ့ လူတွေလဲပါမယ် ဆက်ဆံတဲ့နည်း မျိုး စုံထပ်နေတယ် ပြိီးတော့လဲကာမဆက်ယှက် မှူ့ စာကြောင်းတွေ ထပ်နေ တဲ့ သဘာဝမဲ့ ဖြစ်ရပ်တွေကို ပုံဖေါ်ရေးသားထားတွေဟာ ရေးတဲ့သူနဲ့ ဒီကအယ်ဒီတာတွေမှာပါ တာဝန်ရှိနေတာ အဘယ်ကြောင့် မသိချင်ယောယင်ဆောင်နေကြသနည်း..။စာပေ သည် အတုယူ ဗဟုသုတရစေရန် မိမိ လူမျိုးအာ းတိုးးတက်စေချင်းအလိုငှာ ရေးသားကြပါသည်..အခုတော……ဗျာ……………။
    ့ နားလည် ခွင့်လွှတ်ပေးပါ သည် မိန်းမလျှာတို့၏ဘဝကို ဒီ လိုပိုစ့်များအား စေစပ့်စွာ စစ်ဆေးပြီးမှ သာ ခွင့်ပြုသင့်ပါသည်..။၎င်း အကြောင်း နှင့်ပတ် သက်လျှင် မိန်းမလျာ တို့၏ ဖျက်ဆီးချင်း ခံရသော ဆယ်ကျော် သက် လူငယ် များ ကို တွေ့ခဲ့ ရြ ပီး လိင်နဲ့ပတ် သက်သော ပညာပေးခြင်း၊ဆေးကုသခြင်းများ ပြုလုပ်ပေးခဲ့ရပါသည်..။ဆိုလိုသည်မှာ ဆယ်ကျော် သက်များအား ကာ မဖြင့်ဆက်ဆံပြုကျင့်မှူ့ သည် မုဒိန်း မှူ့ လိင် ပိုင်း ဆိုင်ရာ နှောက်ယှက် မှူ့ ပြစ်မှူ့အမျိုးအစားထဲတွင် ပါဝင်သည်..။မြန်မာပြည် တွင် မိန်းမလျာများ ကို အသိမှတ်ပြုပါ က ၎င်းအတွက် ဥပဒေ တရပ် အားပြထမ်းသင့်သည်။သို့သော်လည်း ဘာ သာယဉ်ကျေးမှူ့အရ ဆန့်ကျင်နေသောကြော့င် မည်မျှပင် လူ့ အခွင်ရေးရှိနေပါစေ ခွင်ပြုရန် အတော် ပင်စဉ်းစားကြရမည်….သို့သော် မဲရေ အတွက် လိုလားသော ပါတီများ စည်းရုံး နှိုင် သည်မှာ မိန်းမလျာများ အခွင်ရေး ငါပါတီ အနှိုင် ရအောင် မဲဆွယ်ခြင်ဆွယ် နှိုင် သည် ကိုသော စစ် မှန်သော ဒီမိုကရေစီ ရရှိလာသော အချိန်တွင်ကား ….ယခု၂၀၁ဝ ဒီမိုကရေစီ ကိုမဆိုလိုပါ…အခွင့်ရေးတိုင်းတွင် အဖုံးနှင့် ၊အဖွင့်ရှိကြစမြဲပါ…။၎င်း အတွက်ကြောင့် အယ်တီတာ နှင့်တကွ ၎င်းပိုစ့်တင် သူတိုအား အပြင်းအထန် ရှုံ့ချ လိုက်သည်….။

Leave a Reply