BKK မှာ ကွန်ဒိုတိုက်ခန်းတွေ မြန်မာနိုင်ငံသား နာမည်ပေါက်ရောင်းပေး

etoneNovember 1, 20101min1063

ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ကွန်ဒိုမီနီယံတိုက်ခန်းတွေကို မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံသားခံယူစရာမလိုပဲ အမည်ပေါက်ဖြင့် ဝယ်ယူ၍ရပြီဖြစ်ကြောင်းသိရသည်။ ဗန်ကောက်မြို့ရှိ အထပ်၃ဝရှိသောအဆောက်အအုံ ကွန်ဒိုတိုက်ခန်းများနှင့် အထပ်၄၃ထပ်ရှိသောအဆောက်အအုံ တစ်ခုဧ။်အခန်းများကို ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။အဆိုပါအဆောက်အဦများတွင် အခန်းပေါင်းကိုးရာကျော်ခန့်ပါဝင်သည်ဟု လည်းသိရသည်။  အရစ်ကျငွေချေစနစ်ဖြင့်လည်း ပေးချေနိုင်ပြီး ပထမဆုံး ၁ဝ %ကိုပေးချေ၍ ကျန်၁၅%ကို ငါးကြိမ်ခွဲပေးနိုင်ကြောင်းသိရသည် ။ နောက်ဆုံး ကျန်ငွေ ၇၅%ကိုတော့ အခန်းသော့အပ်သောနေ့တွင် အကြေပေးချေရမည်ဖြစ်ကြောင်းသိရသည်။ ဈေးနှုန်းမှာ တစ်ပေပတ်လည်လျှင် ဘတ် တစ်သောင်းမှ တစ်သောင်းကျော်အထိရှိကြောင်းသိရသည်။ ပြည်ပသို့ဈေးဝယ်ထွက်သော လူအများဝယ်ယူရန်စိတ်ဝင်စားလျှက်ရှိကြောင်းသိရသည်။

3 comments

  • လင်းဝေကျော်

    November 1, 2010 at 7:47 am

    အနည်းဆုံးသိန်းငါးထောင်လောက်ကျမယ်။
    အဲဒီပိုက်ဆံတွေသာ မြန်မာနိုင်ငံထဲကမထွက်ပဲ ရင်းနှီးမြုပ်နှံမှုတွေလုပ်ပြီး
    အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ အခြေအနေတွေပေးမယ်ဆိုရင်
    ဘယ်လောက်ကောင်းလိုက်မလဲ… အလုပ်လက်မဲ့ဖြစ်နေသူတွေ၊ ယိုးဒယားမှာ ကျွန်ခံသလိုနေ နေရသူတွေအတွက်…။

  • ဆူး

    November 1, 2010 at 7:51 am

    ယိုးဒယားတွေလည်း ငွေလိုချင်တော့ နာမည်ပေါက်ပေးမယ် လုပ်နေပါပကောလား.. သူဠေး သူကြွယ် တွေ အရင်ကတည်းက အခန်းပိုင်ပြီးသား.. အခု မှ စိတ်ဝင်စားပြီး ဝယ်ကြမှာတော့ မဟုတ်ဘူး.. နယ်စပ်ကနေ ရောင်းဝယ်ဖောက်ကားပြီး.. ဝင်နေတာ ရပ်သွားတော့.. အကြံ တမျိုးပြောင်းထုတ်နေတာလား..

  • ghost

    November 1, 2010 at 12:31 pm

    ယိုးဒယားကခုမှ စိတ်ကူပေါက်တာပါ တို့ သန်းရွှေကြီးက တနိုင်ငံလုံး ရောင်းစားနေတာ ဘာကျန်တော့လို့လဲ?..

Leave a Reply