အာဖျံကွီး နဲ. အရိပ်တစ္ဆေ (Shadow Ghost i met)

အာဖ်ံ ကြီးNovember 1, 20101min1609

နာနာဘာဝ၊ ဝိနာဘာဝတွေဆိုတာ တစ်ကရ် ရှိတရ်ဗျ။ လောဘနဲ.သေရင် ပြိတ္တာဘုံ၊ ဒေါသနဲ.သေရင် ငရဲဘုံ၊ မောဟနဲ.သေရင် တိရိစာ္ဆန်ဘုံ ကိုရောက်တတ်တရ်လို. အာဖျံကွီးတို.ရဲ. မြတ်စွာဘုရားရှင်က ဟောကြားခဲ့တရ်။ သေခါနီး တစ်ခုခုကို စွဲလမ်းမိသွားလို.ကတော့ နာနာဘာဝ၊ ဝိနာဘာဝ ပြိတ္တာဘုံကို ရောက်ကြရရောတဲ့။ အဲ … အခုအကြောင်းကတော့ အာဖျံကွီး တစ္ဆေကို ဘယ်လိုမြင်ခဲ့တရ်ဆိုတာကို Senior တွေဆီမှာ ဖေါက်သည်ချမလို.ဗျ။ နာနာဘာဝ၊ ဝိနာဘာဝတွေကို မြင်ချင်တိုင်းလဲ မမြင်နိင်ဘူးဗျ … ကိုယ့်ရဲ.ဘုန်းတန်ခိုး မှေးမှိန်နေချိန်ရယ်/သူတို.က ကိုယ့်ရဲ.အကူအညီ (အမျှအတမ်းဝေဖို.) လိုအပ်လို ့ ကိုယ်ထင်ပြတာရယ်ကြောင့် သူတို.ကို တွေ.မြင်နိင်ပါတရ်တဲ့။ (တခြားမြင်နိင်တဲ့နည်းတွေကိုလဲ စာအုပ်တချို.မှာ ဖတ်ဖူးသဗျ … ဥပမာ။ ။ထူးဆန်းတဲ့ဆေးမြစ်တစ်ချို. ရဲ.အစွမ်းကြောင့်လဲ မြင်နိင်ကြတရ်ဆိုလားပဲဗျာ … ထားလိုက်ပါတော့လေ)
အစကတော့ ဒီ Post လေးကို ထုတ်ဖေါ်ရေးဖို. ရည်ရွယ်ချက် မရှိဘူးဗျ။ အိတုန်ရဲ. မှင်စာအသံ၊ ဆူးရဲ. အမှောင်ကြိုက်တဲ့တစ္ဆေ Post လေးတွေကို ဖတ်ပီးတော့မှ … အာဖျံကွီးလဲ ကိုယ့်အတွေ.အကြုံ ကိုပြန်ပြောပြချင်စိတ်ပေါက်လာတာလေ။
အဲဒီညနေခင်းလေးကိုတော့ အာဖျံကွီး ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ မှတ်မှတ်ရရ တန်ဆောင်မုန်းလပြည့်နေ.။ အာဖျံကွီး လေးတန်းဖြေပီးလို ့ ကျောင်းပိတ်ထားတုန်းပေါ့။ ဒီလိုနေ ့ရက်မျိုး ညနေခင်းလေးတွေမှာ အာဖျံကွီးတို ့လူမျိုးတွေက သူငယ်ချင်းအပေါင်းအသင်းတွေနဲ. စုပီးတော့ အိမ်ရှေ ့မှာ ထမင်းချက်စားတဲ့ ဓလေ့လေးတစ်ခုရှိတရ်။ ကတ်ဆက်ကို အသံအကျယ်ကြီးဖွင့်၊ ကကြခုန်ကြ၊ သီချင်းတွေဆိုကြနဲ. ပျော်စရာပေါ့ဗျာ။ အဓိကဟင်းတွေကတော့ ကြက် ဘဲ အမဲသားကို ကာလသားချက်တာပေါ့လေ။ မိန်းကလေးအဖွဲ. ့ဆိုရင်တော့ ဈေးထဲက ပံ့သကူသား ဝယ်ပီးချက်တရ်။ ယောက်ျားလေးများ ဆိုရင်တော့ ကိုယ်တိုင်သတ်စားကြတရ်ပေါ့လေ။ အာဖျံကွီးရဲ. ချစ်လှစွာသော ဦးလေးတို.လူပျိုအဖွဲ.ကလဲ အိမ်ရှေ.မှာ ဆူညံပွတ်လောတွေ ရိုက်လို ့။ ဘဲနှစ်ကောင် ကြက်တစ်ကောင်ကလဲ ခြေထောက်မှာ ကြိုးတန်းလန်းနဲ. သေမိန်.ကိုစောင့်လို.ပေါ့။ အသောက်အစားလေးကလဲပါသေး။ လူကြီးတွေကတော့ ဓလေ့ကလဲဖြစ်၊ တရက်တည်းပဲဆိုတော့ ဘယ်သူမှ ဝင်မစွက်ဘူးဗျ။
ဒီလိုနဲ. အာဖျံကွီးရဲ. ချစ်လှစွာသော အဘိုးက အုတ်ဖိုကနေ အလုပ်သိမ်းပီးပြန်လာတရ်။ ရေမိုးချိုး … ပီးရင်ထမင်းစားမရ်ပေါ့။ နယ်မှဆိုရင် လျှပ်စစ်မီးက ၆ နာရီမှလာတရ် (အဲဒီအချိန်တုန်းက ပြောပါတရ်)၊ ၆ နာရီမထိုးသေးတော့ မီးကမလာသေးဘူး။ ထုံးစံအတိုင်း ဖယောင်းတိုင် အားကိုးရတာပေါ့။ အရေးထဲဗျာ … ချစ်လှစွာသော အဘိုးရဲ. ထမင်းစားဝိုင်းအတွက် ဖယောင်းတိုင် ၃ ချောင်းထွန်းရမှာကို ၁ ချောင်းလိုနေတရ်။ အောက်ထပ်က ဖယောင်းတိုင်ထားတဲ့ နေရာမှာလဲ မရှိတော့ဘူး။ ဒါနဲ. အာဖျံကွီးရဲ. ချစ်လှစွာသောအမေက အာဖျံကွီးကို အပေါ်ထပ်က ဖယောင်းတိုင်သွားယူခိုင်းတရ်။
အပေါ်ထပ်မှာ ဘယ်သူမှမရှိဘူး၊ မီးလဲမရှိဘူး။ ဒါပေမဲ့လဲ အာဖျံကွီး သွက်သွက်လက်လက်နဲ. တက်လာခဲ့တရ်။ (ခါတိုင်းလဲ ဒီလိုပဲတက်နေကျပဲလေ)။ ပထမအခန်းကိုကျော်လာပီ။ ဒုတိယ အခန်းဖြစ်တဲ့ အာဖျံကွီးတို.ရဲ. အခန်းကို သွက်သွက်လက်လက်နဲ.
ဆက်လျှောက်လာခဲ့တရ်။ အခန်းထဲရောက်လို. ကုတင်ဘောင်ကို လှမ်းကိုင်လိုက်တရ်ဆိုရင်ပဲ … အာဖျံကွီးရဲ.အရှေ.ခပ်လှမ်းလှမ်း (ခြေလှမ်း ရ လှမ်းလောက်မှာ) မည်းမည်းနဲ. အရိ်ပ်တစ်ရိပ်ပေါ်လာပီးတော့ အာဖျံကွီးဆီကို တစ်လှမ်းချင်းလျှောက်လာတရ်။ အရမ်းအံ့ဩစရာကောင်းတာက ကိုယ့်ကိုကိုယ်တောင် ငုံ ့ကြည့်လို. သေချာမမြင်ရတဲ့ အမှောင်ထဲမှာ အဲဒီအရိပ်ကို ကောင်းကောင်းမြင်နေရတရ်။ ကြောက်စရာကောင်းတဲ့ပုံတော့ မဟုတ်ဘူး၊ သာမန်လူတစ်ယောက်လိုပဲ။ လူတွေရဲ. အရိပ်နဲ.တူတရ်။ ဒါပေမဲ့ သူ.မှာထုထည်ရှိတရ်။ မျက်စိ နှာခေါင်း ပါးစပ်တွေကိုတော့ မမြင်ရဘူး။ ပီးတော့ ယောက်ျားလေး။ အာဖျံကွီး အံ့ဩလွန်းလို. လည်ချောင်းထဲက ဘာသံမှ ထွက်မလာဘူး။ အော်ဖို.လဲ သတိမရဘူး။ အဲဒီအရိပ် အာဖျံကွီးနားကိုရောက်ခါနီး လက်မတင်လေးမှာပဲ သတိပြန်ဝင်လာပီး အောက်ထပ်ကို ပြေးဆင်းခဲ့တရ်။ ထမင်းစားခန်းထဲလဲ သွားမနေတော့ဘူး။ အပြင်ဘက်ကိုပဲထွက်လာခဲ့တော့တရ်။ အပြင်လဲရောက်ရော … မီးလဲလာရောပဲ။
အဲဒီနေ ့ကတော့ လူကြီးတွေကို ပြောမပြခဲ့ဘူး။ နောက်တစ်ရက်မှ ပြောပြလိုက်တရ်။ အာဖျံကွီး မလိမ်တတ်မှန်းသိပေမဲ့ ဘယ်သူမှ မယုံဘူး။ ကလေးကလဲ ဖြစ်ပြန်၊ သူတို ့လဲ တစ်ခါမှ မတွေ.ဖူးတော့ ယုံရခက်နေတာ နေမှာပေါ့လေ။ ဒါပေမဲ့ … အာဖျံကွီး ဘာကိုတွေ ့ခဲ့တရ်ဆိုတာ နောက်နှစ်လလောက်မှာ အဖြေပေါ်ခဲ့တရ်/လက်ခံခဲ့ကြတရ် …
ဘာအကြောင်းကြောင့်နဲ ့လဲ ဆိုတာကိုတော့ ဒုတိယပိုင်းအနေနဲ. နောက်တစ်ခေါက် ရေးတင်လိုက်မရ်ဗျာ … နော် …
အခုတော့ စာလဲအရမ်းများနေပီဗျာ၊ လက်လဲညောင်းနေပီ။ ပီးတော့ အာဖျံကွီးက ကိုယ်တင်တဲ့ Post စာမူကြမ်းတွေကို သိမ်းထားတတ်တော့ … Net Book ထဲမှာ တစ်ခါစာရိုက်၊ Post တင်ပြန်တော့လဲ Myanmar Font မတူလို ့ Gazette ထဲမှာ နောက်တစ်ခါစာရိုက်ရနဲ. မိအေးနှစ်ခါနာတရ်ဗျာ ….

9 comments

  • bigcat

    November 2, 2010 at 1:13 am

    ဖတ်လို့ကောင်းပါတယ် ကွီးကွီးရယ်။ ဆက်ရန်ကို စောင့်နေပါတယ်။ ဒါထက် အာဖျံကွီးက ကိုယ့်ကိုယ်ကို မိန်းခလေးလို့ ပြောထားသလားလို့ အခုတော့ ရေးပါများ ဇာတိပြလာပြီပေါ့နော်။ ကိုကြောင်ကြီး စိတ်ကူးအိမ်မက်ကမာ္ဘလေး ပျက်ဆီးပါပြီကွယ်။

    • အာဖျံ ကွီး

      November 2, 2010 at 6:15 am

      ကွီးကွီးက တကယ်မိန်းကလေးပါဗျာ … ကိုကြောင်ကြီး @ ကိုကြီးကြောင် ယုံလိုက်နော် … ခွိခွိ 😛 😛 😛

  • ဆူး

    November 2, 2010 at 3:54 am

    စောင့်ဖတ်နေမယ်နော် ညီမလေးရေ..

  • weiwei

    November 2, 2010 at 3:57 am

    ညီမလေးကို စေတနာနဲ့သတိပေးမယ်နော် … မိအေးနှစ်ခါနာဆိုတဲ့စကားလုံးကို မသုံးနဲ့ .. အဓိပါယ်မကောင်းဘူး .. သိတဲ့သူမေးကြည့်နော် ..

    • အာဖျံ ကွီး

      November 2, 2010 at 6:22 am

      ဟုတ်လား မိအေးနှစ်ခါနာ မူရင်းအဓိပ္ပါယ်ကို ညီမလေးမသိဘူး။ မိအေးအစစ်မဟုတ်လို.နဲ.တူတရ် … 😀 မဝေသိတရ်ဆို မဝေရှင်းပြလေ။ လုပ်ပါ … ငါ့အမရဲ.

  • mandalaythar

    November 2, 2010 at 4:27 am

    “ဒါပေမဲ့ သူ.မှာထုထည်ရှိတရ်။ မျက်စိ နှာခေါင်း ပါးစပ်တွေကိုတော့ မမြင်ရဘူး။ ပီးတော့ ယောက်ျားလေး” နေပါအုံးဗျာ…. ယောကျင်္ားလေးမှန်း ဘယ်လိုလုပ်သိလဲ။ အဲဒါ မရှင်းဘူးဗျာ။ မှောင်နေပါတယ် ဆိုမှ ဘာမြင်ရမှာလဲနော်.. ရှင်းပြ။

    • အာဖျံ ကွီး

      November 2, 2010 at 6:19 am

      အာဖျံကွီးကိုယ်တိုင်တောင် အမှောင်ထဲမှာ မြင်ရလို.အံ့ဩနေတာလေ၊ Post ထဲမှာတောင် ထည့်ရေးထားသေးတရ်။ ပီးတော့ မိန်းကလေး နဲ. ယောက်ျားလေး ခန္ခာကိုယ်တည်ဆောက်ပုံချင်းအတူပါဘူး၊ မျက်နှာကို မမြင်ရလဲ ယောက်ျားလေးလား? မိန်းကလေးလား? ဆိုတာသိသာပါတရ်။ မယုံရင် mandalaythar အမှောင်ထဲသွားနေပီး မေးကြည့်ပါလား။ 😛 😛 😛 ပီးတော့ အာဖျံကွီးလိုပဲ နောက်တစ်ယောက်လဲတွေ.ပါတရ်၊ ဒုတိယပိုင်းရေးရင် ဖတ်ကြည့်ပေါ့နော်။ 😀

  • MyFirstGreen

    November 20, 2010 at 6:39 am

    ဟုတ်တယ် ကိုယ်လည်း သရဲ တစ်ခါကတွေ့ဖူးတယ် ။ အဲဒီတုန်းက အမျိုးအိမ် သွားတာ ညဘက်ကြီးတစ်ယောက်တည်း တက်သွားတာ၊သူတို့က ရ လွှာမှာနေတာ၊ အောက်က တစ်ခန်းမှလည်း လှေကားမီးမဖွင့်ထားဘူး၊ ကိုယ်ကလည် းမသိပါဘူး တက်သွားတာ လုံးဝ လှေကားလက်ရမ်း ရော ကိုယ့်ကိုကိုယ်တောင် မမြင်ရတဲ့ အချိန်မှာ ရှေ့လှေကား ကနေ လူတစ်ယောက် ဆင်းလာတာ တွေ့တာတော့ အမဲဘဲ ဒါပေမယ့် အာဖျံကီး ပြောသလို ထုထည်ရှိတယ် လူတစ်ယောက်လိုဘဲ ဥပမာ ရွှံ့ရုပ်လို မဲနေတာ၊ ဆင်းလာတာ ဘယ်သူလဲလို့မေးတော့လည်း မဖြေဘူး ကိုယ့်ဆီဆင်းလာပြီး လက်တစ်ကမ်း ထက်နည်းနည်းပိုနီးလာရော မမြင်ရတော့ဘူး ၊ ကိုယ့်ဘေးက ဆင်းသွားတာလားဆိုတော့လည်း မဟုတ်ဘူး ငါဘဲမှောင်လို့မမြင်ရတာလားဆိုပြီး လက်ရမ်းပြီး စမ်းရှာတော့လည်း ဘယ်သူမှမတွေ့ဘူး ။ အဲဒါနဲ့ အောက်ဆင်းလို့လည်း တစ်ဝက်ကြီးမှာ အဲဒါနဲ့ အရဲစွန့်ပြီး ဆက်တက်လာတာ အပေါ်ရောက်တော့မှ ပြောတော့ အဲဒါ ၃ ထပ်လား ၄ ထပ်လား မသိဘူး ရက်လည်နေ့ကြီးတဲ့။ 😀 အဲလိုမှန်းစောစောက ကြိုသိရင် လိပ်ပြာတောင် လွင့် သွားမလားဘဲ 😀

  • ကရင်လေး

    November 20, 2010 at 7:11 am

    ဆံပင်ခါးလည်လောက်ရှိတဲ့မိန်းကလေးတွေသရဲတွေ့ရင်ထွက်ပြေးဖို့မလိုပါဘူး..ဆံပင်နဲ့လှမ်းရိုက်လိုက်သရဲပြန်ထွက်ပြေးသွားလိမ့်မယ်..ရှေးလူကြီးတွေပြောဖူးတဲ့စကားလဲရှိတာပဲ..မိန်းမတို့ဘုန်းဆံထုံဆိုတာ…

Leave a Reply