ထိုင်းလေကြောင်းမှ လေယာဉ် ရန်ကုန်လေဆိပ်တွင် လမ်းချော်

လင်းဝေNovember 1, 20101min526

ထိုင်းလေကြောင်းမှ လေယာဉ်တစ်စင်းသည် ယနေ့ နံနက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ပြီး တက္ကစီလမ်းကြောင်းခေါ် ပြေးလမ်းမ မှ ရပ်နားရန်အတွက် မောင်းနှင်လမ်းပေါ်သို့ အကွေ့တွင် မူလလမ်းကြောင်းမှ ဘေးသို့ချော်ပြီး လေယာဉ်ဘီး ညာဘက်အခြမ်း မြေကြီးထဲသို့ နစ်ဝင် သွားပြီး ရန်ကုန်လေဆိပ်ပြေးလမ်းကို ခေတ္တ ပိတ်ထားခဲ့ရပါတယ်။

ထိုင်းနိုင်ငံ ပိုင် ထိုင်းလေကြောင်းမှ လေယာဉ်ခရီးစဉ်အမှတ် TG-503 သည် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှ မြန်မာနိုင်ငံ ရန်ကုန်မြို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထိုင်းစံတော်ချိန် နံနက် ၈ နာရီ ၃ဝ မိနစ် အချိန်တွင် ထွက်ခွာလာသော ထိုင်းလေကြောင်းလိုင်း အဲဘတ်စ်လယာဉ် A300 သည် မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြေးလမ်းသို့ ဆင်းသက်ပြီး လေဆိပ် အဆောက်အအုံသို့ သွားရာ လေယာဉ်မောင်းနှင်လမ်းပေါ်သို့အကွေ့တွင် ညာဘက်ဘေးသို့ မူလလမ်းမှ ချော်ထွက်ကာ ကျဆင်းခြင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ လေယာဉ်ပေါ်ပါ ခရီးသည်အရေအတွက်ကိုအတိအကျမသိရှိရသေးသော်လည်း ထိခိုက်ဒဏ်ရာ ရရှိမှု တစ်စုံတစ်ရာဖြစ်ပွားကြောင်းသတင်းမရရှိပါ။ လေယာဉ်ပေါ်တွင် ခရီးသည် အပြည့်နီးပါး ပါသည်ဟုသိရပါတယ်။ အဆိုပါလေယာဉ်ကို လမ်းကြောင်းပေါ်သို့ပြန်လည်တင်နိုင်ခဲ့ပြီး ဘန်ကောက်မြို့သို့ပြန်လည်ထွက်ခွာသွားကြောင်းသိရပါတယ်။ ဓါတ်ပုံများကို ကြည့်နိုင်ပါတယ်။

6 comments

  • လင်းဝေကျော်

    November 1, 2010 at 10:11 am

    ွွှှTG 303 ပါ။ TG 503 လို့ မှားရိုက်လိုက်မိပါတယ်။

  • လင်းဝေကျော်

    November 1, 2010 at 10:15 am

    Eleven က မရှင်းမရှင်းနဲ့ “ရန်ကုန် အပြည်ပြည်ဆိုင်ရ ာ လေဆိပ်သို့ ဆင်းသက်ပြီးချိန ် လေယာဉ် ပြေးလမ်းပေါ်တွင် လမ်းကျွံကျမှု ဖြစ်ပွား” လုပ်ထားလို့ ဓါတ်ပုံလေးတွေထည့်ပေးလိုက်ပါတယ်။
    ဒါကတော့ ထိုင်းလေယာဉ်မှုးအမှားပါ။ ရန်ကုန်လေဆိပ်ကပြေးလမ်းကြောင့်မဟုတ်ပါဘူး။
    အလဲဗင်းပေါ်မှာတော့ အစိုးရကို ဝိုင်းဩဘာပေးနေကြပါပြီ။ အစိုးရနဲ့ ရန်ကုန်လေဆိပ် ရဲ့ အမှားတစ်ခုမှ မပါပါဘူး။ ရာသီဥတုလည်းကောင်းနေပါတယ်။ မြင်ကွင်းလည်းရှင်းနေပါတယ်။
    အမြဲတမ်းအစိုးမြင်တာတော့ အားမပေးချင်ပါဘူး။ အမှန်ကိုအမှန်အတိုင်းမြင်တတ်ကြပါစေ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 1, 2010 at 10:32 am

    ဟုတ်ကဲ့ပါခင်ဗျား
    အစိုးရကိုလည်း အမြဲအဆိုးတွေ မလုပ်စေခြင်ပါဘူး အမြဲအဆိုးလုပ်တာကိုလည်းအားမပေးချင်ပါဘူး။
    အမှန်ကို အမှန်တိုင်းလုပ်တတ်ကြပါစေ။

  • winkyawaung

    November 1, 2010 at 12:49 pm

    မိုက်ကယ် အောင်ပု ပြောတာမှန်ကန်ပါကြောင်း ထောက်ခံပါသည်။

  • kai

    November 1, 2010 at 9:38 pm

    ဘယ်သူမှားလည်း မှန်လည်း အာမခံပေးထားတဲ့သူတွေကဆုံးဖြတ်ရမယ်ထင်တာပါပဲ..။
    အာမခံကုမ္ပဏီပေါ့..။ သူတို့က ငွေပေးလျှော်ရမဲ့ ပရိုတွေကိုး..။

    တကယ်က .. လေဆိပ်ပုံစံဆွဲ ဒီဇိုင်းချတဲ့ ..အင်ဂျင်နီယာတွေမှာလည်း အပြစ်ဖြစ်နိုင်တာပါပဲ..။
    အခုကိစ္စက တခါမကဖြစ်ခဲ့ရင်ပေါ့..။
    သာမန်အားဖြင့် လေယဉ်မှုးအပြစ်ဖြစ်မှာပါ။
    သူ့အာမခံလစဉ်ကြေးတက်သွားမှာပေါ့..။
    လေယဉ်ပေါ်မှာ အဖြူတွေပါရင်.. အဲဒီဘီးချော်တာကြောင့် နှလုံးတုန်ပါသဖြင့် ဆေးကုစရိတ် ၁သောင်းပေးပါဆိုပြီး sue ချင် sueမှာလေ..။

  • လင်းဝေကျော်

    November 2, 2010 at 4:40 am

    မိုက်ကယ်ဂျော်နီအောင်ပုရေ တို့များလည်း အစိုးရဆိုတာကြီးကို အမြဲမပြောနဲ့ နည်းနည်းတောင်အဆိုးမလုပ်စေချင်ပါဘူး။ သူတို့ဆိုးတာတွေရှိတာကိုလည်း လက်ခံပါတယ်။
    သို့သော်လည်း အစိုးရထဲ ကိုယ်မပြောနဲ့ ၁၅ဝမ်းကွဲ ဘကြီးရဲ့သူငယ်ချင်းတောင် မပါတော့ ဘာတတ်နိုင်မှာလည်း။
    အဆိုးလုပ်တာကိုတော့ အမြဲဖြစ်စေ တစ်ခါတစ်ရံဖြစ်စေ ဘယ်သူ့ကိုမှ အားမပေးချင်ပါဘူး။
    အဆိုးမလုပ်ပဲနဲ့ အဆိုးပြောတာကိုလည်း ဘယ်သူ့ကိုမှ တစ်ခါတစ်လေ တောင် မလုပ်ချင်ပါဘူး။
    ဒါပေမယ့်လည်း တစ်ခါတစ်လေ ကိုယ်တိုင်ပဲ ဒီအစိုးရကို ဝိုင်းပြီး ဆွမ်းကြီးလောင်းမိကြတယ်။
    ဟိုကလည်း မုန့်ဟင်းခါးကော၊ တုတ်ကော၊ သေနတ်ကော ပြန်ကျွေးတာပါပဲ။
    အာဃာတတွေနဲ့ ခါးသီးမှုတွေ ကို နောက်မျိုးဆက်တွေအတွက် ချန်မထားခဲ့ချင်တာပါ။ ဖြစ်နိုင်ရင်ပြောပါတယ်။ “ဒိုးလုံးရဲ့ အားလုံးမေ့လို့ရရင် ကမာ္ဘဟာပျော်စရာကြီးပဲ” ဆိုတာလေး….

Leave a Reply