အမေရိကန်သံရုံး ရန်ကုန်မှ အမေရိကန်ဗီဇာလျှောက်ထားလိုသူများ အဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် ဖေ့စ်ဘွက် စာမျက်နှာတစ်ရပ် ဖန်တီးပြီး အင်တာနက်ပေါ်တင်ပေးထားပါတယ်။ ကွန်နက်ရှင်ကောင်းတာမကောင်းတာကတော့ တစ်ကဏ္ဍပေါ့ဗျာ။
ကောင်စစ်ဝန် ဌာန မှနေ၍ တင်ဆက်လိုက်သော အမေရိကန်သံရုံး ရန်ကုန် facebook page ဖြစ်ပါတယ်။ ထိုစာမျက်နှာမှာ ဗီဇာလျှောက်ထားရာတွင်လိုအပ်သည့်အချက်များနှင့် လိုက်နာရမည်များကိုတင်ပြပေးထားပါတယ်။ ထိုသို့သော ဗီဇာအတွက်သတင်းအချက်အလက်များအပြင် ဗီဇာလျှောက်ထားသူများတွေ့ရလေ့ရှိသည့်အခက်အခဲများကိုပါကျော်လွှားပေး နိုင်ရန်လည်း ရည်ရွယ်ထားကြောင်းသိရပါတယ်။ အမေရိကန် ဗီဇာများ ကိုမည်သို့စိစစ်ဆောင်ရွက်ပြီး လုပ်ကိုင်ပေးနေကြောင်းကိုလည်း အသိပေးညွှန်းဆိုထားပါတယ်။ အဆိုပါလင့်ခ်ကို အောက်ပါအတိုင်းသွားနိုင်ပါတယ်။
အဆိုပါလင့်ခ်မှာ ဗီဇာဌာနရဲ့ နေ့စဉ်အပြောင်းအလဲ အချက်အလက်များကိုလည်းဖော်ပြပေးထားသလို အရေးကြီးတဲ့သတင်များကိုလည်း အသိပေးထားပါတယ်။ ထို့အပြင် သတိထားရမယ့် အကြောင်းအရာ၊ပိတ်ရက်၊ နောက်ဆုံးတင်ရမယ့်ရက် စသည်ဖြင့်လည်း ပြောပြနေပါတယ်။ ဥပမာ- DV2012 ပိတ်ရက်ဟာ မနက်ဖြန် နိုဝင်ဘာလ ၃ရက်နေ့ဖြစ်ကြောင်း စသည် နှိုးဆော်ချက်များ တိုက်တွန်းချက်များကိုလည်းတွေ့ရပါလိမ့်မယ်။ စိတ်ဝင်စားသူများ၊ ဆက်သွယ်ဆောင်ရွက်နေသူများအတွက် အဆင်ပြေမယ့် လင့်ခ်လေးဖြစ်ပါတယ်။
http://www.facebook.com/#!/pages/Rangoon-Myanmar/US-Embassy-Rangoon-Visa-Section/164487086904429

အားလုံး အဆင်ပြေကြပါစေ။

About လင်းဝေ

LIN KYAW has written 154 post in this Website..

Man in the middle of nowhere…. But in the heart full of hope with pragmatic view in optimism