ညတစ်ခုရဲ ့ဒဏ္ဏာရီ

ေတာင္ငူသားNovember 1, 20101min1018

ည…….
ဒီလိုညပေါ့……
စကားလုံးတွေခမ်းခြောက်
ရင်ခွင်တစ်ခုလုံးကွဲကြေခဲ့တဲ့ည…..
ည…….
ဒီလိုညပေါ့……
ငါ့အိမ်မက်တွေကြေမွ
ဟိုးအဝေးမှာပဲနေခွင့်ရတော့တဲ့ည…..
ည…….
ဒီလိုညပေါ့……
သတိရချင်းများစွာနဲ ့
မင်းအိမ်ရှေ ့ကိုရောက်ခဲ့တဲ့ည……
ည…….
ဒီလိုညပေါ့……
အတိတ်ကအလွမ်းတွေကိုစားသုံးရင်း
လောကဒဏ်ကိုစိန်ခေါ်ခဲ့တဲ့ည……
ည…….
ဒီညပေါ့……
ငါတစ်ယောက်တည်းလွမ်းမော
နှုတ်ခွန်းဆက်သခွင့်မရှိတဲ့ ကောင်မလေးအတွက်
ဆုတောင်းနေတဲ့ည…..
(ပျော်နေပါစေ…..ကောင်မလေးရေ…..)

8 comments

  • ဆူး

    November 1, 2010 at 12:28 pm

    သူကလည်း ကောင်မလေး လွမ်းနေတယ် ထင်တယ်.. ည ည နဲ့.. နောက်တခါ မနက် မနက်လို့ ရေးမလား သိဘူး။

  • ဆူး

    November 1, 2010 at 12:40 pm

    မကြာခင် လာမှီမျှော်ဆိုရင် မြန်မာလို ကျင့်ထား..

  • kopauk mandalay

    November 1, 2010 at 3:42 pm

    ဒီလိုညပေါ့ မင်းအဖေက ရဲကိုဖုန်းဆက်လို့
    မင်းကိုလက်ဆွဲ ထွက်ပြေးခဲ့ရတဲ့ ည။

    နောက်တော့ မင်းနဲ့အတူတွဲလို့
    စကားတွေပြော လေတွေပေါရင်း
    အိပ်စက်ခဲ့ရတဲ့ည။
    အခုတော့ သေးစို ကလေးငို
    နို့ဘူးထထ ဖျော်ရတဲ့
    ည ည ည ည ည ည ည ည ည ည ည ည ည

  • ကိုအောင်

    November 1, 2010 at 8:44 pm

    အရမ်းကောင်းတဲ့စာသားလေးတွေပဲ။ ရင်ထဲကခံစားချက်တွေပါတယ်နဲ ့တူတယ်နော်။
    (ကျွန်တော်ပြောတာ ကိုပေါက်ကဗျာကိုပြောတာနော်) ဟီး…………..

  • kai

    November 1, 2010 at 9:23 pm

    ကိုပေါက်ေ၇…

    စာရေးကြီးတဲ့..သွေးမကြီးနိုင်ပါနော်..။ ခလေးအနှီးထိုင်ကာလျှော်..။
    ယူချင်အုံးဟဲ့မိန်းမ … ငြိမ်းမရတဲ့မီးတွေနော်..။
    ..
    အငယ်ဆုံးကလေးက..ခြင်ထောင်ဘေးမှာ တကျော်ကျော်..

    အဲဒီသီချင်းစာသား အစအဆုံး..တင်ပေးလိုက်ဖို့ကောင်းတယ်..။
    လွမ်းနေသူတွေ လိပ်ပြာလန့်သွားအောင်..။

  • ဆူး

    November 2, 2010 at 3:34 am

    တောင်ငူသား ဝတုတ်လေး လွမ်းမနေနဲ့ လက်တွေ့ ဘဝကိုရင်ဆိုင်ပြီး ကလေး အနှီးသာ လျှော်လိုက်တော့

Leave a Reply