မြန်မာ ၅ဝ ကျော် ထိုင်းမှာ အဖမ်းခံရပြန်ပြီတဲ့

ဂ်စ္စူNovember 1, 20101min744

http://i54.tinypic.com/16le7bm.jpg
ပုံထဲက ဘွားတော်က အဖမ်းခံရတာတောင် အပြုံးမပျက်ပါလား
ခလေးငယ်လေးတွေလဲပါတယ်။ကောင်မလေးတွေလဲပါတယ်ဗျ။ဘာသွားလုပ်ကြမလို ့တုန်း သိပါဘူး။
စိတ်ဆင်းရဲပါတယ်။
http://i54.tinypic.com/2hwgs8z.jpg
(ဓာတ်ပုံ မန်နေဂျာ အွန်လိုင်း)

ထိုင်းနိုင်ငံ ဘန်ကောက်ကို ခိုးဝင်ဖို့ကြိုးစားခဲ့တဲ့ မြန်မာ နိုင်ငံသား ၅၈ ယောက်ကို ရဲနဲ့ စစ်တပ် ပူးပေါင်းပြီးတော့ ဒီနေ့ ဖမ်းဆီး လိုက်တယ်လို့ ထိုင်းသတင်း တပုဒ်မှာ ဖတ်ရပါတယ်။

မြန်မာနိုင်ငံသားတွေက ထိုင်း-မြန်မာ နယ်စပ် ကနေ မဲဆောက်မြို့ကို ၁ဝ ဘီးကားနဲ့စီးလာတာဖြစ်ပြီးတော့ စစ်ဆေးရေး ဂိတ် တနေရာမှာ အဖမ်းခံလိုက်ရတာပါ။

အဖမ်းခံရတဲ့သူတွေက အမျိုးသား၂ရ ယောက် အမျိုးသမီး ၃၁ ယောက် ဖြစ်ပါတယ်။ သူတို့ကို မဲဆောက် ရဲစခန်း အချုပ် ကို ပို့ပြီး အရေးယူမယ်တဲ့။ ကားမောင်းသမားကတော့ ထိုင်းနိုင်ငံသား ဖြစ်ပါတယ်။ အဲဒီ ကားမောင်းသမား ထိုင်း ကတော့ ထိုင်း ဥပဒေ အရ လူမှောင်ခိုကူးတဲ့ အမှုနဲ့ တရားရင်ဆိုင်ရဖွယ် ရှိပါတယ်။

အခုလို မြန်မာပြည်သားတွေ ထိုင်းနိုင်ငံကို ထွက်လာတာဟာ မြန်မာ စစ်အစိုးရက လုပ်မယ့် ၂၀၁ဝ ရွေး ကောက်ပွဲကို မဲမပေးချင်လို့များလား မသိဘူးနော်။

Source;သန်းထိုက်ဦး@irrawaddy’s Blog

4 comments

  • mG

    November 1, 2010 at 3:38 pm

    ဟုတ်တော့လည်း ဟုတ်တယ်ဗျ။ နည်းနည်းတော့ စဉ်းစားရခက်နေတယ်။ထိုုင်းကို အဲ့လို့ ကလေးပိစိလေးတွေနဲ့ ဘာသွားလုပ်ကျတာလည်း။မြန်မာနိုင်ငံက ဆက်သွယ်စရိတ်တွေ အရမ်းဈေးကြီးလို့ လူတွေအားလုံးက ဒီလိုမျိုး အောက်လမ်းက ဖျက်တဲ့စနစ်ကို သုံးနေကျတာလား။ဘယ်လိုတွေကြောင့်လည်း။မြန်မာနိုင်ငံရဲ့ မြန်မာလူမျိုး စစ်စစ်ဆိုတာတွေ ဘယ်ရောက်ကုန်ကျတာလည်း။ဒီလိုတွေဖြစ်နေတာ ဘယ်သူ့ကြောင့်လည်း။ ?????????

  • kai

    November 1, 2010 at 9:18 pm

    အင်း..ပြောရရင်…အဲဒီမှာ( ထိုင်းမှာ)..မြန်မာအနည်းဆုံး ၂သန်းရှိတယ်..။
    တယောက်မှတော့ ပျော်လို့သွားကြတာမဟုတ်ဘူး..။

  • KIMURA

    November 2, 2010 at 1:12 am

    ဟုတ်ပါဗျာ စိတ်မကောာင်းစရာပါပဲနော်။ ဒါကြောင့်ရန်ကုန်မှာအလုပ်သမားရှားနေတာဗျာ လူငယ်အရွယ်ကောင်းရင်မလေးရှား အားလုံးဟိုမှာ အိုက်ဒိုဘူးကေစံ လုပ်အလုပ်ရှင်အနိမ်းခံဪငါတို့မြန်မာတွေပါလားလိုတွေးပြီးရင်ထဲမှာမကောင်းပါဘူးလေ။

  • moe

    November 5, 2010 at 4:17 pm

    No one want to work in foreign countries.
    No body happy in there.
    But we have to work..because of our life and future.

Leave a Reply