ဒီနေ. … အိမ်မှာတစ်ယောက်တည်း အတိတ်ကို တွေးရင်းလွမ်းနေမိတယ်…..
သက်သာလို သက်သာငြား ချရေးကြည်. လိုက်တာ ပါ၊

ပူအိုက်တဲ.နွေရာသီ အချိန် ၊ သက်တမ်းရင်.လို. ပင်စည် အခေါက်မှာ ကျည်ပေါင်းတွေ အပွေးတွေတက၊် ပင်ယံထက်မှာတော. စိမ်းစိုပြီး ရွက်နုတွေ ဝေနေတဲ. မန်ကျည်း ပင်ကြီးအောက်မှာ ဖျာကြမ်းခင်း၊ တစ်ချက်တစ်လေမှသာ တိုက်ခတ် တတ်တဲ. လေပြေရူး ကိုစောင်.ရင်း နိုးတစ်ဝက် အိပ်တစ်ဝက် အိပ်စက်ရတဲ. အရသာကို လွမ်းတယ်။

ဇောင်းလျားသီးနဲ.ဂျင်း၊ရောထောင်း ထားတဲ. လ္ဘက်နုနု ကို ပဲကြမ်းကြော် ၊နှမ်း၊မြေပဲ နိုင်းချင်းနဲ. ငြုပ်သီးစိမ်း သေးသေးလေးတွေ ကိုက်ကိုက် ပြီးစား၊စပ် တော. ရေနွေးပူပူ မှုတ်သောက်၇တဲ. ရှုးရှုးရှဲရှဲ အရသာကိုလွမ်းတယ်။

ရိတ်သိမ်းပြီးခါစ ပက်ကြားအက်လယ်ကွင်းထဲက ရိုးပြတ်တွေကို ဖြတ်ပြီး တိုက်လာတဲ.နွားချေးနံ.၊ကောက်ရိုးနဲ.ဖုန်နံ.သင်းသင်း လေညင်းကိုလွမ်းတယ်။

ညနေ နေ၀င်ရီတရော မှာ အပြာရောင်ကောင်းကင်နောက်ခံ ဟိုးအစွန်းမှာ ဖြူနီဝါ ပုဖွန်ဆီရောင် တောက်နေတဲ. တိမ်တောင်တိမ်လိပ် တွေကို ကြည်.ပြီး အိမ်မပြန် အောင်ဖြစ်ရတဲ. ခံစားမှုကိုလွမ်းတယ်။

ကောင်းကင်တစ်ခုလုံးအခုပဲပြိုကျတော.မလို အုံ.ဆိုင်း မှုန်မှိုင်းပြီး သည်းတော.မယောင်နဲ.မသည်းပဲ ဖွဲကနဲရွာလိုက်တဲ.မိုး၊ တစ်နွေလုံးမျှော်နေတဲ.မိတ်ဆွေ သစ်ပင်ကြီးငယ် တွေနဲ.ရေငတ်နေတဲ.မြေကြီးတို. နုတ်ဆက်တွေ.ထိလို. လှိုင်းကနဲတက်လာတဲ. မြေသင်းနံ.ကိုလည်းလွမ်းတယ်။

နားအေးပါးအေး တစ်ရေးလောက်မှေးတဲ. နေ.ခင်းနေ.လည် ဖြုန်းကနဲသည်းတော.
သွပ်ခေါင်မိုး ပေါ် တဒိုင်းဒိုင်း ကျဲ တဲ. မိုးသံကို နားထောင် ၇င်း အိပ်၇တဲ.အရသာကိုလွမ်းတယ်။

တမင် တကာထီးမယူပဲ ဖွဲဖွဲ ကျတဲ.မိုးရေထဲ အ၇သာခံပြီး ခြေ ဗလာနဲ.လမ်းလျှောက် ရတဲ. အ၇သာ၊မိုးစိုလို.အအေးမိပြီးဖျားတော. အိပ်ယာထဲ မှာနေ သူများပြုစုတာခံပြီျး
ကျောင်း မတက်ရတဲ. ဇိမ်ရှိ မှုကိုလည်း လွမ်းတယ်

လူသံတွေတိတ်ဆိတ်လို. ညအိပ်၇ာဝင်တဲ. အချိန် ကိကိ ကွစ်ကွစ်၊တစ်တစ်တီတီ၊ဂေါ် ဂွီ အုံးဂွမ် နဲ. သံစဉ် အမျိုးမျိုး ပြောင်းပြီး တေးသီတဲ.အိမ်ရှေ.မြောင်း ထဲက ဖားတွေကို အသံရှည်ရင် အကြီး အသံတို၇င် အသေး ၊မျက်စိကိုမှေး အတွေးသီရင်း အိပ်၇တဲ.အ၇သာကိုလွမ်းတယ်။

အေးအေးချမ်းချမ်း ဆောင်းညသရမ်း တွေမှာ အိမ်ရှေ.ခန်းမှာ မီးသွေးမီးဖို၊ဖုတ်ထားတဲ.ငါးခြောက် ဆတ်သားခြောက် တွေနဲ. လွတ်လပ်ေ၇း ပွဲက ၀ယ်လာတဲ.
ကောက်ညှင်းကျည်ထောက် ဘူးသီးကြော် ပုဇွန်ကြော်တွေ ကို မောင် နှစ်မ တစ်တွေ လုစား၇တာကို လွမ်းတယ်။

ညကမှောင် လရောင်မဲ. ကွေးလည်းကွေး အေးလည်းအေး ကြောက်စ၇ာအတွေးတွေ ကြွယ်တတ်တဲ. ညမျိုးတွေမှာ ဟိုးအဝေးကလွင်.၀ဲလာတဲ. ပဌာန်းပွဲက မစဲ အသံ ကိုနားမှာခိုလှုံ စောင်ကိုရုံပြီး လုံခြုံစွာ အိပ်ခဲ.ရဘူးတဲ.ညတွေ ကိုလွမ်းတယ်။

နိုးတစ်ဝက်အိပ်တစ်ဝက် အရုဏ်တက်မှာ ပဲပြုတ်ပူပူလေး လို. အော်ပြီး လမ်းထဲဖြတ်သွား ဈေးသမားတွေရဲ. အသံတွေကို စောင်ခြုံထဲက နားစွင်.ရင်း ကိုယ်
ဝယ်ချင်တဲ. အသည် ကိုစောင်.၇တဲ.အရသာကိုလွမ်းတယ်။

မြူတွေဆိုင်းနေတဲ.မနက်ခင်းတွေမှာ ခြံထဲကသစ်ရွက်ခြောက် တွေကို ဖွားဖွားနဲ. မီးကူရှို.၇င်း နှင်းတွေစိုနေတဲ.မြက် ပင်တွေကြားက ဆီးသီးမှည်.တွေ ကောက်စားရတာကို လွမ်းတယ်။

ွှအဲဒီအလွမ်းတွေ ဒီ တစ်သက်ပြန်ရပါဦးမလား……………………

About ကူမားရ်

aung swe has written 10 post in this Website..

normal person,like to be free and careless