မထိမ်းသိမ်းချင်နေပါ….ကိုယ်ကြောင့်တော့မဖျက်စီးပါစေနဲ့

naywoon niNovember 1, 20101min18916

တစ်ရက်ကအငြိမ့်ခွေတစ်ခွေကြည့်မိတယ်လေ………ကိုယ့်ဖာသာကြည့်တညမဟုတ်ပါဘူးလ္ဘက်ရည်ဆိုင်မှာဖွင့်ထားလို့

အချိန်လည်းရနေတာနဲ့ထိုင်ကြည့်နေမိတာ….ပြောရရင်အငြိမ့်ပျက်လုံးတွေကခါးတစ်ဝိုက်ကနေတက်လည်းမတက်ဆင်း

လဲမဆင်းပဲဒီနားမှာတင်လည်နေတော့အနားကအမျိုးသမီးကြီးကဘာပြောသွားတယ်မှတ်လဲ

နင်တို့အငြိမ့်ကြည့်ရတာထမိန်မပါပုဆိုးမပါနဲ့တဲ့။ပြောလည်းပြောလောက်ပါတယ်…မင်းသမီးတွေကလူရွှင်တော်ဝတ်စုံ

ဝတ်ထားပြီးပြောနေလိုက်ကြတာသူတို့မဟုတ်တဲ့အတိုင်း…….။မင်းသားတွေကကောမင်းသမီးဝတ်စုံတွေနဲ့အငြိမ့်တဲ့

မြန်မာလိုကပြတာလည်းတစ်ကွက်မှမတွေ့ရ………။ပြက်လုံးတွေကလည်း…..ဒါအား/ကာရန်ပုံငွေအငြ်မ့်ပါတဲ့

ဘယ်လိုဆင်ဆာခွင့်ပြုလိုက်တယ်မသိ…………..မြန်မာ့ရိုးရာအငြိမ့်(အငြိမ့်တင်မဟုတ်ပါဘူး)ကိုမထိမ်းသိမ်းချင်နေကြပါ

တိမ်မြုပ်နေလို့ဘာမှမဖြစ်သေးပါဘူး။။တစ်ကယ်လုပ်နိုင်တဲ့သူရှိတဲ့အချိန်လုပ်ပြနိုင်ရင်ရုပ်သေးသဘင်လိုတန်းကြေးမြင့်နေဦးမှာပါ

ကိုယ့်ကြောင့်တော့မပျက်စီးပါစေနဲ့။မဖျက်စီးကြပါနဲ့လို.့………..မင်းသားကနိုင်ငံကျော်မင်းသားကြီးတစ်ဦးရဲ့မြေးတော်ပါတယ်။။

ထိမ်းသိမ်းရမဲ့သူကဖျက်ဆီးသလိုဖြစ်နေတာကြည့်ရင်းရင်နာလာလို့ထပြန်လာခဲ့ရတယ်။။

ကျေးဇူးတင်ပါတယ်…။ပြောလိုက်ရတဲ့အတွက်ကော်နက်ရှင်ကိုကော…နက်ဆိုင်ကိုရော..ဖတ်မိတဲ့သူတွေကိုရေ..ာ…….

16 comments

  • zawana

    November 2, 2010 at 3:12 am

    ဟုတ်တယ်ဗျ။ အဲဒီလို သားနဲ့အမေ၊ မောင်နဲ့ နှမ အတူတူ ကြည့်ဖို့တောင် မကောင်းတဲ့ ပျက်လုံးမျိုးတွေကို ရပ်တန်းကရပ်သင့်ပါပြီ။ ကျနော့် အထင်ကတော့ အရည်အချင်းမရှိတဲ ့ သူတွေ များတဲ့လောကဟာ ကြာလေ နစ်မြုပ်လေ ဖြစ်မှာပါပဲ။

  • ဆူး

    November 2, 2010 at 4:38 am

    ဟုတ်ပါ့ကွယ်.. ပျက်လုံး ဆိုတော့ ပျက်ပြီပေါ့..
    အဲဒီ မင်းသားတွေ မင်းသမီးလို ဝတ်ရတာလည်း သိပ်အဆင်မပြေဘူး နေရခက်နေပုံရတယ်
    နောက်ဆုံး မင်းသမီးနဲ့ ကသွားလို့ တော်သေးတယ် အဲဒါလေး ပါသွားလို့ပေါ့နော်.. မဟုတ်ရင် သွားပြီ..

  • လင်းဝေကျော်

    November 2, 2010 at 6:46 am

    အဲဒါ မောင်မျိုးမင်းပါ။ မောင်မျိုးမင်း ရင်တွင်ညစ်ရဲ့ လက်ရာအငြိမ့်ပါ။
    ကောင်းကြသေးရဲ့လား မြန်မာ့ ရုပ်ရှင်လောက ( တကယ်တော့ ညစ်ပတ်စုတ်ပဲ့သော ရိုက်စားလောကပါ )

  • char too lan

    November 2, 2010 at 7:04 am

    ဟုတ်တယ် အဲဒီအငြိမ့်အာကြီးဆိုးတယ်
    ပြောင်းပြန်ကြီးတွေဝတ်ပီး ပြောင်းပြန်ကြီးတွေပြောနေတော့
    တွေ ့ရကြားရတာ ရွံစရာကြီးဗျာ………….

  • blackdemon

    November 2, 2010 at 7:15 am

    အရမ်းကောင်းဒါ သူရိုက်တဲ့ကားတွေက…
    ုနိုင်ငံခြား ကကားတွေဆိုရင် actionတို ့dramaတို ့နဲ ့..
    မြန်မာကားတွေဆိုရင်အကုန်ဟာသတွေ ကြီးဘဲ

  • nwl

    November 2, 2010 at 7:24 am

    အငြိမ့်ခွေ ရီရတယ်ဆိုလို့ ငှားကြည့်ပါတယ် တစ်ခါထဲ စိတ်ပျက်စရာတောင်ကောင်းတယ် ..

  • ဆူး

    November 2, 2010 at 8:54 am

    ခုနကဘဲ.. ရေဒီယိုမှာ အင်ဒါဗျုးနေတယ်.. အခု နောက်ထပ် ဒါမျိုး အငြိမ့် မလုပ်တော့ဘူးတဲ့.. မောင်မျိုးမင်း က ဆုံးဖြတ်လိုက်သည်တဲ့.. လောကကြီးမှာ အောင်ပွဲခံလို့ အနိုင်တော့ ပိုင်းတယ် မထင်ကြပါနဲ့တဲ့..

  • weiwei

    November 2, 2010 at 8:58 am

    သူတို့အနုပညာကို နားကိုမလည်ဘူး …

  • ဆူး

    November 2, 2010 at 10:09 am

    ကိုရီးယားတွေ ဒီလောက် ခတ်စားနေတာ.. သူတို့ အတု မယူတတ်ဘူး.. ကိုရီးယား ရုပ်ရှင်ဆို.. ရာဇဝင်ဆိုလည်း ကြည့်တဲ့ လူက အတိတ်ကို ပြန်ရောက်သွားသလိုဘဲ.. ခတ်ဆိုလည်း ခတ်.. သူလိုင်းနဲ့ သူ.. ဆွဲဆောင်မှု ရှိအောင် လုပ်တတ်တယ်

  • moethidasoe

    November 2, 2010 at 10:11 am

    ဆန်းမလားလို့ ထွင်ကြည့်ကြတာပါ .. အားပေးရင် ဆက်လုပ်မယ် .. ကန့်ကွက်ရင် .. ရပ်မယ် ပေါ့ .. ဆီးရီး ဆိုတာ ဒီလို သွားတယ်လေ ..
    ပြက်လုံးတွေကိစ္စကတော့ .. အဲဒီမှာ မပြောနဲ့ .. စကားနပမ်းမှာတောင် ဒီလို အသုံးအနှုံးတွေ ပါနေပြီလေ .. ဒါက တစ်ပတ်တစ်ကြိမ် အသစ်လဲ ပြနေတာ .. ပြက်လုံးခွင်တွေက မပြောင်းဘူး .. မင်းသမီးတွေ ပြက်ရင် ဒိထက် ဆိုးသေးတယ် ..

  • unclegyi1974

    November 2, 2010 at 4:31 pm

    ဒါတွေကိုကျတော့ဆင်စာမြင်းစာမကျွေတော့ဘူလား
    ကွယ်
    ဒါတွေကဆင်စာမြင်းစာလွတ်ရင်ဘာတွေကမလွတ်
    တာလဲကွယ်

  • kopauk mandalay

    November 2, 2010 at 4:39 pm

    ကြည့်ပေမယ့်လဲမြင်တတ်မှတဲ့။
    ဆင်စာမြင်းစာကိုပြောတာပါ။
    ပြက်လုံးကနေ ပျက်လုံးအဆင့်ကိုနိမ့်ကျသွားတာ ကြာ ကြာလှပေါ့။
    အောက်ကကောင်မပါရင် ပြက်လုံးမထုတ်တတ်ကြတော့ ဘူးလေ။

  • winkyawaung

    November 2, 2010 at 5:16 pm

    စီစစ်ရေးတွေက တတ်လို့လုပ်ကြတာမှ မဟုတ်တာကွယ်…။ ဟို..ဟာရလို့ပေါ့….။

  • nay phonehlan

    November 2, 2010 at 10:10 pm

    မြန်မာပြည် ကိုနှိမ် ပြောတာတော့ မဟုတ် ဘူး ကြည့် တဲ့ လူနဲ့ ဖန်တီးလူရဲ့ ကာရိုက်တာ တူတူ ဘဲလေ ဒါကြောင့် ဖြစ်မှာပါ..။

  • ဆူး

    November 3, 2010 at 5:57 am

    တကယ်ဆို အင်တာနက်က ဟာသတွေ လိုက်ဖတ်ပြီး ပျက်လုံး ထုတ်ရင်တော့ တကယ်ရီရပြီး ဟာသလည်း မြောက်.. ယဉ်ကျေးမှု ရှိတာတွေ တပုံကြီး.. မျက်စိပိတ်နားပိတ်.. လူတွေ ရီအောင် လုပ်ချင်တာဘဲ သိတယ်.. နောက်ဆက်တွဲ မစဉ်းစားဘူး

  • naywoonni

    November 11, 2010 at 3:32 pm

    အငြမ့်တွေတင်မဟုတ်ဘူး
    ခုမင်းသားတွေခြောက်နေတဲ့ကိစ္စကောမပြောကြတော့ဘူးလား
    အပြင်မှာပါေခြောက်နေကြသလားမသိပါဘူး

Leave a Reply