အရိုးပွရောဂါအတွက်မေးထားတဲ့ ဆူးအတွက်

AKKONovember 2, 20101min1281

ဆူး said: On October 20, 2010
ဆရာ.. ဒီတော့ပစ်နဲ့ တိုက်ရိုက်မသက်ဆိုင်ပေမဲ့ နီးစပ်တဲ့ မေးခွန်း မေးချင်တယ်။ အသက်အရွယ်ကြီးပိုင်း အမျိုးသမီးတွေက အရိုးပွ ရောဂါ ခံစားကြရတတ်တယ် ဆိုတော့ အရိုးပွ ရောဂါ မဖြစ်အောင် ဘယ်လို ဓါတ်စာမျိုးစားသင့်လဲ။
နို့နှင့် နို့ထွက်ပစ္စည်းများနှင့် ထုတ်လုပ်တဲ့ နို့မှုန့် နွားနို့ တို့ နေ့စဉ် သောက်သုံးသင့်ပါသလား။
နို့မှုန် ထဲမှာတော့ အသက် ၅ဝနှစ် အထက် လူကြီးပိုင်းသောက်တဲ့ Anlene 50+ နို့မှုန့်ကတော့ အရိုးပွ ရောဂါအတွက် ကာကွယ်တယ်လို့ ကြေညာတာတွေ့ပါတယ်။ တရုတ်က လာတဲ့ နို့မှုန့် ဖြစ်မှာ စိုးရိမ်တယ်.. ဆိုင်သမားကတော့ စင်္ကာပူလို့ ပြောတာဘဲ။ ထားလိုက်ပါတော့.. တကယ်လို့ နို့မှုန့် သို့မဟုတ် တခြား ဓါတ်စာ မှာ စိတ်ချ လက်ချ နေ့စဉ် စားသင့်တာလေး ပြောပြပေးပါ။ မြန်မာပြည်မှာ အလွယ်တကူ ဝယ်ယူ နိုင်တာမျိုး ဆိုရင် ပိုကောင်းမယ် ထင်ပါတယ်။
ဆရာ ပထမဆုံး ပိုစ်မှာ ကျန်းမာရေး မေးချင်ရာမေး ဆိုတာ လေး တွေ့မိလို့.. အခု မေးလိုက်ပါသည်။
——————————————————

အရိုးပွရောဂါမဖြစ်အောင် ကယ်လစီယမ်ဓါတ်များတဲ့ အစားစာများကိုစားသင့်ပါတယ် ။ဒါပေမဲ့လည်း ကယ်လစီယမ်ဓါတ်များတဲ့အစားစာများကို စားနေရုံနဲ့ပဲ အရိုးက ပိုမိုပြီး သိပ်သည်းဆများလာမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အစားစာမှာပါတဲ့ ကယ်လစီယမ်ဓါတ်တွေကို အူလမ်းကြောင်းမှ စုပ်ယူဖို့အတွက် active ဖြစ်နေတဲ့ ဗီတာမင် ဒီ လိုပါတယ် ။ ဗီတာမင်ဒီက အမှန်ဆိုရင် လူ့အရေပြားမှာရှိနေတာပါ နေရောင်နဲ့ထိတွေ့တော့မှ active ဖြစ်ပြီး ကယ်လစီယမ်ကို စုပ်ယူနိုင်တာပါ ။ နွားနို့စစ်စစ် ကို value added လုပ်ထားတဲ့ နို့မှုန့်တွေကို နေ့စဉ် သောက်သုံးနိုင်လျှင်တော့ အကောင်းဆုံးပေါ့ ။ အယ်လင်း 50+ နို့မှုန့်ကတော့ အရိုးပွရောဂါ ကာကွယ်တယ်လို့တော့ ကြော်ငြာထားတာမှန်ပါတယ် ။ အရိုးပွတဲ့လူတွေအတွက်ထုတ်ထားတဲ့ ကယ်လစီယမ်ဓါတ်များတဲ့ နို့မှုန့်တွေကိုတော့ရွေးသောက်လျှင်ပိုကောင်းပါတယ် ။ တရုတ်ကလာတာဖြစ်ဖြစ် ၊ စကာင်္ပူကဖြစ်ဖြစ်ပါ တန်ဖိုးကြီးတဲ့နို့မှုန့်တွေကတော့ ပိုပြီးစိတ်ချရပါတယ် ။ ဒီထက်စိတ်ချချင်ရင်တော့ company guarantee တောင်းပြီးတိုက်ရိုက်ဝယ်နိုင်ရင် ပိုကောင်းပါတယ် ။ စိတ်ချလက်ချဆိုတာကတော့ ကိုယ်တိုင်တောင်မှ တစ်နေ့ နို့တစ်ခွက်မှန်မှန် သောက်မည်လို့ စိတ်ချလက်ချပြောနိုင်ပါသလားဆိုတာ ပြန်တွေးကြည့်ပါ။ အရိုးပွရောဂါရှိနေသူတွေအတွက် နို့မှုန် (သို့) အခြား ဓါတ်စာကို စားသင့်တာထက် အရိုးကို ပြန်ကျစ်အောင် အရင်ကုပြီးပါမှ ဓါတ်စာလိုမျိုး နို့မှုန့်လိုမျိုးတွေထပ်စားတာက ပိုကောင်းပါတယ်။ မြန်မာနိုင်ငံမှာ ပိုက်ဆံရှိရင်တော့ အကုန်လုံးနီးပါးအလွယ်တကူဝယ်လို့ရတာပါပဲ ။ အကောင်းဆုံးကိုကြိုက်ရင်တော့ အကောင်းဆုံးကိုတော့ရှာဝယ်ရမှာပါ ။ ။

One comment

  • ဆူး

    November 2, 2010 at 4:50 am

    ဆရာရေးတဲ့ စာကို ဆူးဖတ်ပြီးပါပြီ။ အလေးထားဖြေပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

Leave a Reply