အဆစ်တွေကိုအမြဲချိုးနေရင် အန္တရာယ်ရှိပါလား ဆိုတဲ့ချာတူးလန်အတွက်

AKKONovember 2, 20101min965

char too lan said: On October 7, 2010

ဆရာ အဆစ်တွေကိုအမြဲချိုးနေရင် အန္တရာယ်ရှိပါလား ???
ကျနော်က လက်ချောင်းအဆစ်တွေ၊ လည်ပင်းဆစ်၊ တံတောင်ဆစ်၊
လက်ဖျံရိုးအဆစ်..စတာတွေကိုအမြဲလိုလို တဖျောက်ဖျောက်နဲ့ ချိုးနေတာတွေက
ဘယ်လို အန္တရာယ်နဲ ့ရင်ဆိုင်ရနိုင်ပါလဲ ခင်ဗျာ……..

—————

အဆစ်တွေအမြဲချိုးနေရင်တော့ငယ်တုန်းမှာ အန္တရာယ်မရှိပါဘူး ချိုးလို့အဆစ်တွေကြီးလာတာပဲရှိတာပေါ့ ။

ချိုးတာမှန်နေရင် ဘာမှမဖြစ်ဘူးပေါ့ လွဲသွားရင်တော့ အရိုးကျိုးတာတို့ အရိုးတိမ်းလွဲတာတို့ ဖြစ်လာနိုင်တာပေါ့ ။

အဆစ်တွေက အရိုးတွေတစ်ခုနဲ့တစ်ခုဆက်ထားတာ ပုံမှန်ဆိုရင် ဘာမှချိုးစရာကိုမလိုပါဘူး ။

အဆစ်ချိုးလို့လည်း ဘာကောင်းကျိုးမှဖြစ်မလာပဲ စောစောကပြောခဲ့သလို လွဲတာတို့၊ ကျိုးတာတို့ဖြစ်လာနိုင်ပါတယ်။

5 comments

  • char too lan

    November 2, 2010 at 6:18 am

    ကျေးဇူးအများကြီးတင်ပါတယ် ဆရာ
    ဆရာကို”ပြန်လဲမဖြေဘူးလို့” အပြစ်ပြောမိတဲ့အတွက်လဲ တောင်းပန်ပါတယ်၊
    ဒီအကျင့်ဆိုးကိုလဲ တတ်နိုင်သမျှဖျောက်ပစ်ပါမယ်

    • etone

      November 2, 2010 at 6:26 am

      ရပါတယ်ကွယ် … ဆရာကလည်း ဖြေဖို့နောက်ကျခဲ့တာကိုး ။ ငှဲ ငှဲ ….

      ပုံ/ အီးတုံး ( ဟီးဟီးအရုပ်တူလို့ ဆရာ့အစာဖြေပေးလိုက်တာ ကျေနပ်တယ်ဟုတ်) 😀

      • ဆူး

        November 2, 2010 at 12:02 pm

        ဆရာ အတုပေါ်နေပြီ.. ဆရာ လဲမှ ဖြစ်တော့မယ် ထင်တယ်

  • char too lan

    November 2, 2010 at 6:52 am

    ဪ…..
    အယောင်ဆောင်တွေကလဲ များသကိုး……
    ှဆရာရေ…………..တွေ ့လား Photo ပြောင်းတော့
    😀 😛

  • အာဖျံ ကွီး

    November 2, 2010 at 8:04 am

    အမလေး ချာတူးရယ် …
    ဒီအကျင့်ဆိုးဖျောက်ပါ့မရ်ဟုတ်လား ?
    ဆရာ့စာဖတ်နေတဲ့ အချိန်မှာတောင် လက်ဆစ်ချိုးပီးဖတ်နေတဲ့ကောင်ကများ …

Leave a Reply