လိင်စိတ်ခံယူမှုနဲ့ပတ်သက်တဲ့ သီအိုရီ

PhyoNovember 2, 20101min1232

မျိုးရိုးဗီဇကြောင့် ဂေး (လိင်တူချစ်သူ)ဖြစ်တာလား။ ဒါမှမဟုတ် ဂေး မျိုးရိုးဗီဇဆိုတာရော တကယ်ရှိရဲ့လား။ အင်္ဂလိပ်လို Gay Gene လို့ခေါ်တဲ့ ဂေးမျိုးရိုးဗီဇလို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်မယ့် စကားလုံးဟာ လူတယောက်ရဲ့ လိင်စိတ်ခံယူမှုကိုဖြစ်စေတဲ့ မျိုးရိုးဗီဇကို ယေဘုယျဆိုလိုချင်တဲ့ အသုံးအနှုန်းတစ်ခုဖြစ်တယ်လို့ အချို့ပညာရှင်များက ဆိုကြပါတယ်။ မျိုးရိုးဗီဇကြောင့် ဂေးဖြစ်လာသလား မဖြစ်လာဘူးလားဆိုတာကိုတော့ ဒီကနေ့အထိ သိပ္ပံပညာရှင်တွေ အပြန်အလှန်ငြင်းခုံဆွေးနွေးနေကြဆဲပဲဖြစ်ပါတယ်။

တချို့သိပ္ပံပညာရှင်တွေရဲ့ လေ့လာရှာဖွေတွေ့ရှိချက်အရဆိုရင် လူတယောက်ရဲ့လိင်စိတ်ခံယူမှုဟာ မျိုးရိုးဗီဇရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာရတယ်လို့လည်း ပြောဆိုကြပါတယ်။ ဥပမာအားဖြင့် ဦးနှောက်ထဲမှာ ဟိုမုန်းဖြစ်ပေါ်လာဖို့ရန်အတွက် လှုံ့ဆော်ပေးတဲ့အစိတ်အပိုင်းတွေမှာ အခုနကပြောတဲ့ မျိုးရိုးဗီဇလွှမ်းမိုးမှုတွေကို တွေ့ရှိရတယ်လို့ ဆိုကြပါတယ်(i.e. the corpus callosum or medulla oblongata)။ ဒါပေမယ့် ဘယ်လိုပဲဆိုဆို လိင်စိတ်ခံယူမှုဟာ မျိုးရိုးဗီဇရဲ့လွှမ်းမိုးမှုတခုတည်းကြောင့် ဖြစ်ပေါ်လာရတယ်ဆိုပြီးတော့လည်း ဒီနေ့အထိ သိပ္ပံပညာရှင်တွေအားလုံး တညီတညွတ်တည်း ဆုံးဖြစ်ချက်ချလို့မရနိုင်သေးဘူးလို့လဲဆိုပါတယ်။

ဒါဆိုရင် မျိုးရိုးဗီဇနဲ့ပတ်သက်လို့ တချို့မျိုးရိုးဗီဇနဲ့ ပတ်သက်တဲ့ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေကို တချက်ပြန်လေ့လာ ကြည့်ကြရအောင်။ ဥပမာ- မျက်လုံးအရောင်ဖြစ်ပေါ်လာရတဲ့ အဓိကအခြေခံအကြောင်းအရင်းရဲ့ ၁ဝဝရာခိုင်နှုန်းက မျိုးရိုးဗီဇကြောင့်ဖြစ်တယ်လို့ အချက်အလက်အတိအကျဖော်ထုတ်နိုင်ကြသလို အရပ်အမောင်းဟာလည်း ၉ဝရာခိုင်နှုန်းက မျိုးရိုးဗီဇကြောင့် ဖြစ်ရတယ်ဆိုတဲ့အချက်ကို ထုတ်ဖော်လက်ခံထားကြတာဖြစ်ပါတယ်။ ဒါတောင်မှ အရမ်းအမောင်းကို ဖြစ်ပေါ်စေတဲ့ မျိုးရိုးဗီဇကို ၉ဝရာခိုင်နှုန်း အတိအကျဖော်ထုတ်နိုင်ဘူးလို့ ဆိုပါတယ်။ ဆိုလိုတာက တကယ်လို့ အစားအသောက် အာဟာရက ကောင်းတယ်ဆိုလို့ရှိရင် အရပ်ပုတဲ့ မျိုးရိုးဗီဇကဆင်းသက်လာပေမယ့် အရပ်ရှည်တဲ့မျိုးဆက်ထွက်လာနိုင်တာမျိုးကို ဆိုလိုတာပါ။ ဒါကြောင့် အရပ်အမောင်းက မျိုးရိုးဗီဇကြောင့်ဖြစ်ရတယ်လို့ တသေတမတ်ပြောနိုင်သော်လည်း ပြောင်းလဲနိုင်စေတဲ့ အခြားဘေးပတ်ဝန်းကျင်က တွန်းပို့မှုတွေကြောင့်လည်း မျိုးရိုးဗီဇပြောင်းလဲလာနိုင်တာ ရှိတယ်လို့ဆိုပြန်ပါတယ်။ နောက်ထပ် လေ့လာတွေ့ရှိချက်တခုကတော့ မျိုးရိုးဗီဇရဲ့လွှမ်းမိုးမှုနဲ့ပတ်သက်လို့ အမွှာပူးမွေးဖွားလာတဲ့ သူတွေအပေါ် သုတေသန ပြုလုပ်ချက်အရဆိုရင် တကယ်လို့ အမွှာပူးနှစ်ယောက်ထဲက တယောက်ယောက်က ဂေးဖြစ်နေမယ်ဆိုလို့ရှိရင် သေချာတာကတော့ အခြားတယောက်ကလည်း ဂေးဖြစ်ဖို့ဆိုတာ ၅၂ရာခိုင်နှုန်းလောက် သေချာနေတယ်လို့ ဆိုကြပြန်ပါတယ်။ ကျနော်တို့ အခုပြောနေတဲ့ မျိုးရိုးဗီဇဆိုတာက မျိုးဥထဲမှာ ဟိုမုန်းအပြောင်းအလဲကိုဖြစ်စေနိုင်မယ့် အရာကိုပြောနေတာဖြစ်ပါတယ်။ ဆိုလိုတာက မျိုးရိုးဗီဇကြောင့် ဂေးဖြစ်ရတယ်ဆိုတာကို လုံးဝမမှန်ကန်ဘူးလို့ တသေတမတ်ပြောဆိုလို့လည်းမရဘူးဆိုတာကို ဆိုလိုချင်တာပါ။ ဒီလေ့လာရှာဖွေချက်ကို(Bailey and Pillard, A Genetic Story of Male Sexual Orientation, 1990) ဒီနေရာမှာ ဆက်လက်လေ့လာနိုင်ပါတယ်။

ဂေးဘာကြောင့်ဖြစ်ရလဲဆိုတာကို များသောအားဖြင့် သိပ္ပံပညာရှင်အတော်များများ ယေဘူယျသဘောတူ လက်ခံထားတဲ့ အချက်ကတော့ လိင်တူချင်းစိတ်ဝင်စားတာဟာ မျိုးရိုးဗီဇတစ်ခုတည်းကြောင့်မဟုတ်ပဲ ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ လွှမ်းမိုးမှုကြောင့်လည်း တစိတ်တဒေသပါဝင်တယ်ဆိုတာကိုတော့ အားလုံးသဘောတူလက်ခံကြပါတယ်လို့ John Money, Emeritus Professor of Paediatrics at John Hopkins University, Maryland, USA, summarises the current scientific crux: ကတော့ ခုလိုထုတ်ဖော်ပြောဆိုတင်ပြထားတာဖြစ်ပါတယ်။

အဲဒီအတွက်ကြောင့်လည်း လိင်စိတ်ခံယူမှုကွဲပြားမှုအမျိုးမျိုးရှိနေရတာ ဖြစ်တယ်လို့လည်း တချို့ကလက်ခံထားကြပါတယ်။ ဘယ်လိုဆိုဆို သေချာတာတစ်ခုကတော့ လိင်စိတ်ခံယူမှုဟာ မျိုးရိုးဗီဇကြောင့်ဖြစ်တယ်ဆိုတာကိုတော့ ခိုင်မာသလောက်ရှိနေပေမယ့်လို့ လုံလောက်တဲ့သက်သေအထောက်အထားကို ဒီနေ့အထိ မပြသနိုင်သေးတဲ့အခြေအနေမှာ ရှိနေပါသေးတယ်။

မျိုးရိုးဗီဇကြောင့်ဖြစ်တယ်ဆိုတာကို လက်မခံနိုင်တဲ့သူတွေကို အခုနက ကျနော်တို့ရှေ့မှာဖော်ပြခဲ့ပြီးတဲ့ ပညာရှင်များက မေးခွန်းတစ်ခု ထုတ်ထားပါတယ်။ အဲဒါက ဘာလည်းဆိုတာကိုတော့

ခင်ဗျားအနေနဲ့ တရက်လောက် ဂေးစမ်းလုပ်ကြည့်လို့ရနိုင်ပါသလား”ဆိုတဲ့ မေးခွန်းပါပဲ။

ဘယ်လိုပဲဆိုဆို လိင်စိတ်ခံယူမှုကွဲပြားမှုနဲ့ပတ်သက်ပြီးတော့ အမျိုးမျိုးအဖုံဖုံငြင်းခုံနေကြပေမယ့်လို့ သိပ္ပံပညာရှင်တွေရော ဆေးပညာရှင်တွေအားလုံး သဘောတူလက်ခံတဲ့အချက်ကတော့ လိင်တူချင်းစိတ်ဝင်စားတာဟာ မျိုးရိုးဗီဇဖောက်ပြန်မှုမဟုတ်ဘူး၊ စိတ်ရောဂါတစ်ခုမဟုတ်ဘူးဆိုတာပါဘဲ။ နောက်ထပ်အများစုသဘောတူညီတဲ့အချက်ကတော့ အဲဒီလိင်စိတ်ခံယူမှုကို ပြောင်းလဲပြစ်ဖို့အတွက် မကြိုးစားသင့်သလို ကုသမှုတွေလည်းမပြုလုပ်သင့်ပါဘူးဆိုတဲ့ အချက်ပါဘဲ။ ဒါပေမယ့်လို့ အနည်းငယ်သောဆရာဝန်များကတော့ ဒီနေ့အထိကုသလို့ရတယ်လို့ ယုံကြည်နေကြဆဲပဲဖြစ်ပါတယ်။ အဲဒီလိုကုသခြင်းရဲ့ အကျိုးရလဒ်ကတော့ လိင်စိတ်ပြောင်းလဲဖို့ကျိုးစားနေတဲ့သူရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို လုံးဝပျက်စီးထိခိုက်သွားစေနိုင်တာဖြစ်ပါတယ်။ ဥပမာအားဖြင့် မိမိကိုယ်မိမိ ပိုမိုမုန်းတီးစိတ်ဖြစ်ပေါ်လာတာမျိုး၊ စိတ်ဓါတ်အကြီးအကျယ်ကျဆင်းစေနိုင်တာမျိုးနဲ့ နောက်ဆုံးမိမိကိုယ်ကို မိမိအဆုံးစီရင်သွားစေနိုင်မယ့် ရလဒ်မျိုးပဲ ဖြစ်ပေါ်စေတာများတယ်လို့ ဆိုကြပါတယ်။

American Psychiatric Association ကတော့ ၁၉၇၄ခုနှစ်ကတည်းကနေ စိတ်ရောဂါမဟုတ်ဘူးဆိုတာကို လက်ခံထားခဲ့သလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization ကတော့ ၁၉၉၂ခုနှစ်ကတည်းကနေ လိင်တူချင်းစိတ်ဝင်စားတဲ့သူတွေကို စိတ်ရောဂါသည်များစာရင်းကနေ ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။

သက်တံ့အယ်ဒီတာအဖွဲ့

www.coloursrainbow.com

2 comments

  • လင်းဝေကျော်

    November 2, 2010 at 6:31 am

    “ခင်ဗျားအနေနဲ့ တရက်လောက် ဂေးစမ်းလုပ်ကြည့်လို့ရနိုင်ပါသလား”ဆိုတဲ့ မေးခွန်းကတော့ မဆီမဆိုင်မေးခွန်းပါပဲ။ ပြည့်တန်ဆာ အခွင့်အရေးကာကွယ်ချင်သူက မိန်းမကောင်းတစ်ယောက်ကို “ခင်ဗျားအနေနဲ့ တစ်ရက်လောက် ဖာသည်စမ်းလုပ်ကြည့်လို့ရနိုင်သလား ” လို့မေးတာထက်ဆိုးနေပြီ။
    မေးခွန်းကတော့ မေးလို့ရပါတယ်။ အခြောက်တွေအများစုကိုတော့ စိတ်ကြောင့်လို့ပဲ မြင်မိတယ်။
    တိရစာ္ဆန်တွေမှာကော အခြောက်ရှိသလား။ ခွေးထီးအချင်းချင်း ဖင်လိုက်ထိုးပေးနေတဲ့ ခွေး၊ ခွေးမ ကို စိတ်မဝင်စား တက်မလုပ်တဲ့ခွေးထီးရှိသလား။ လူတွေသာ စိတ်က အမျိုးမျိုးချယ်လှယ်ခြင်းခံရလို့ ကြောက်စိတ်ကနေ ခြောက်စိတ်ဝင်တာပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 2, 2010 at 9:51 am

    ဖြိုးရေ
    ဘယ်သူဘာပြောပြော
    ရေးသာရေး
    ဒို ့ကတော့လိုင်းပြောင်းတော့မယ်တကယ်
    ဒါပေမယ့် အသုံးအနှုန်းတွေက အရမ်းနုတယ်ကွာ
    သိပ်မခံစားရဘူး
    အပီပေးပြီးအပီကြွေးတာတွေကို သရုပ်ဖော်လေ
    နောက်ပြီး ဘယ်ဆိုက်မှာ ခံစားလို ့ရသေးလဲ
    လိပ်စာလေးဘာလေးပေးပါဦး
    အခုတော့
    စမ်းသပ်နေတယ်တစ်ယောက်တည်း
    အရမ်းတွေ ့ခြင်တယ်ကွာ

Leave a Reply