ဖတ်မိဖတ်ရာ သတင်းတိုထွာ-November 02

ဂ်စ္စူNovember 2, 20101min600

နိုင်ငံတော်အလံသစ် အဓိပ္ပာယ်ဖွင့်ဆိုချက် လာမည့် ပညာသင်နှစ်တွင် ဒုတိယတန်း မြန်မာစာ၌ အစားထိုး သင်ကြားသွားမည်
နိုင်ငံတော်အလံသစ် စလွှင့်တဲ့နေ့ အောက်တိုဘာ ၂၁ ရက်ကစပြီး ညွန်ကြားချက်ဝင်တာ ရှိတယ်။ လာမယ့်နှစ်ကစပြီး သင်ကြားဖို့ ရှိပါတယ်။ နဂိုရိုက်ပြီးသား ပုံနှိပ်စာအုပ်တွေကတော့ ပြင်လို့မရတော့ဘူး။ အဲဒါကြောင့် အချပ်ပိုသဘောမျိုးနဲ့ ထည့်ဖြစ်ဖို့များမယ်ထင်တယ်” ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ပုဂ္ဂိုလ်တစ်ဦးက အောက်တိုဘာ ၂၅ တွင် ပြောသည်။ သင်ရိုးပြုစုရေးအဖွဲ့အနေနှင့်လည်း သင်ကြားမည့် သင်ခန်းစာနှင့် ပတ်သက်၍ ပြင်ဆင်မှုများကို ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ ၂၁ ရက်က စတင်လွှင့်ထူလိုက်သော ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံတွင် အဝါရောင်၊ အစိမ်းရောင် နှင့် အနီရောင် အောက်ခံပေါ်တွင် ရောင်ခြည်လက်တံ ၅ ခု ပါသော ကြယ်ဖြူကြီးတစ်လုံး ပါရှိသည်။
source:popularmyanmar

ဖင်အတု တပ်ပြီး မဲဆွယ်သည့် ကြံ့ဖွံ ့အမတ်လောင်း ၊ ကိုယ်တုံးလုံးချွတ် ပြီး ကပြလျှင် မဲထည့်မည် ဟု ပြည်သူကပျက်ရယ်ပြု

၁၉၈၈ ခုနှစ် အရေးတော်ပုံကြီး တွင် ပါခဲ့သည် ဆိုသည့် တာမွေ ကြံ့ဖွတ် အမတ်လောင်း ဒေါ်လဲ့
လဲ့ဝင်းဆွေ အား ယမန်နေ ့က မဲဆွယ်ရာတွင် သတိပဌာန် လမ်းထိပ်အရောက် ပြည်သူ အချို ့က
ဗျို ့အမကြီး ကိုယ်တုံး လုံး ချွတ်ပြီး ကပြရင် မဲ ထည့် မည် ဟု ဝိုင်းဝန်း ရှုံ ့ချခဲ့ရာ မှပြည်သူများ နှင့်
အချင်း များ ခဲ့သည် ဟု သိရသည်။

ထိုသို ့အချင်းများ ပြီး နောက် သတင်းရယူရန် ရောက်လာသည့် နိုင်ငံခြား သတင်းထောက် နှစ်ဦး
ကိုယ် ရန်မူကာ သတင်းမယူရန် နှင့် ဓာတ်ပုံ မရိုက်ရန် တား မြစ်ခဲ့သည်။

ဒေါ်လဲ့လဲ့ ဝင်းဆွေ မှာ ဖင်အတုတပ်ပြီး မဲဆွယ်မှု ကြောင့် စနေ နေ ့က မော်ဒန် လက်ဖက်ရည်
ဆိုင် အနီးတွင် လူငယ်များ နှင့် ပြဿနာ တက်သေးသည် ဟု သိရသည်။

ဒေါ်လဲ့လဲ့ဝင်းဆွေ သည်ကျောက်မြောင်း တွင် နေထိုင်သူ တစ်ဦး ဖြစ်ပြီး ခင်ပွန်း နှင့် သား
သမီးများ ရှိသည်။

ဒေါ်လဲ့လဲ့ ဝင်းဆွေ သည် မြန်မာ ယဉ်ကျေးမှု အမွေ အနှစ် သီချင်း ဖြစ်သည့် နဂါးနီ သီချင်း
ကို လည်း ကြံဖွံ ့နာမည် များ ထည့်ကာ သံစဉ် စာသားပြောင်းလဲ၍ သီဆိုသည်။

ပြီးခဲ့သည့် သတင်းပတ် ကလည်း တောင်ဥက္ကလာပ မြို ့နယ် ကြံ့ဖွံ ့အမတ်လောင်း နှင့် လက်ရှိ
မြို ့တော်ဝန် ဦးအောင်သိန်းလင်း မှာ သတင်းစာ ရှင်းလင်းပွဲ ဉ် သတင်းထောင် ကို ပုဆိုးလှန်ပြခဲ့သေး
သည်။

ref:freedom news group

နိုင်ငံရေး လှုပ်ရှားမှုကြောင့် မဟာမိတ်အဖွဲ့မှ NGO တချို့ ထုတ်ပယ်ခံရ
ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ အနေနဲ့ ပါဝင်ယှဉ်ပြိုင်မယ့် မင်္ဂလာမြန်မာ လူမှုရေးအသင်း ဦးဆောင်သူတွေ ဖြစ်တဲ့ ဒေါက်တာ ဖုန်းဝင်းနဲ့ ဒေါ်ယူဇာမော်ထွန်းတို့ကို NGO ၁ရ ခု ပူးပေါင်း ဖွဲ့စည်းထားတဲ့ ဒီရေတော ပြန်လည်ထူထောင်ရေး ပူးပေါင်းလုပ်ဆောင်မှု အဖွဲ့က အဖွဲ့ဝင်အဖြစ် ရပ်ဆိုင်းလိုက်ပါတယ်။ အသင်းဖွဲ့စည်းခဲ့တုန်းက နိုင်ငံရေး မလုပ်ရဆိုတဲ့ စည်းကမ်း မပါခဲ့ဘဲ အခု ရွေးကောက်ပွဲကာလ ရောက်မှ ဒီစည်းကမ်းကို ထည့်ပြီး အသင်းကထုတ်တာ ဖြစ်တယ်လို့ ဒေါက်တာ ဖုန်းဝင်းက တုံ့ပြန်ပါတယ်။
“NGO ဆိုတာဟာ နိုင်ငံရေး ကင်းရမယ်လို့ အစိုးရရဲ့မူကိုလည်း ကျနော်တို့ လက်ခံတဲ့ သဘောနဲ့ အများရဲ့ သဘောတူညီမှုနဲ့ နိုင်ငံရေးမလုပ်ရ ဆိုပြီးတော့ ဆုံးဖြတ်တယ်။ နိုင်ငံရေး လုပ်တဲ့အတွက် အသင်းက ထုတ်လိုက်တယ်။ ထုတ်ပစ်လိုက်တာ ပုဂ္ဂိုလ်ရေးတင် မကဘူး၊ သူတို့အသင်းပါ ထုတ်ပစ်လိုက်တာ။ မင်္ဂလာမြန်မာရော၊ MDF Myanmar Development Foundation နှစ်ခုစလုံး ကျနော်တို့ အဲဒီအထဲက ပယ်လိုက်တဲ့ သဘောပါ။”
Read more at VOA news

ကြံ့ဖွံ့ခေါင်းဆောင် ဦးဌေးဦးကို ဂရုမစိုက်ဟု ဆိုသူ ကြံ့ဖွံ့ ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ၏ ကြော်ငြာ
http://i52.tinypic.com/10mvhh3.jpg
photo AP
ကြံ့ဖွံ့ခေါင်းဆောင် ဦးဌေးဦးက မဲဆွယ်လှုပ်ရှားမှုကို သတင်းယူ၊ ဓာတ်ပုံရိုက်ခွင့်ပြုကြောင်း ရှင်းပြသော်လည်း ဒေါ်လဲ့လဲ့ဝင်းဆွေက လက်မခံဟု ဆိုသည်။

“ဦးဌေးဦး ဖြစ်ဖြစ်၊ ဦးဌေးဦးအဖေ ဖြစ်ဖြစ် ခွင့်မပြုနိုင်ဘူး” ဟု ပြန်ပြောကြောင်း သိရသည်။

ကြံ့ဖွံ့ ခေါင်းဆောင်များမှာ စစ်အစိုးရခေါင်းဆောင်များပင် ဖြစ်သည်။

လူမိုက်အဖွဲ့ဟု အများအပြားက ရွံရှာကြသည့် ကြံ့ဖွံ့၏ ရွေးကောက်ပွဲ ကြော်ငြာတွင် “ပြည်သူ့အတွက် ပြည်ခိုင်ဖြိုး၊ ပြည်သူ့အကျိုး ပြည်ခိုင်ဖြိုး” ဟု ရေးထားသည်။

သို့သော်လည်း တာမွေ ဒေသခံတို့က ထိုကြော်ငြာမှ စာသားတို့ကို ယုံကြည်ပုံ မပြပေ။
Read more …@ moemakha..?