အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းနှင်ခွင့် ပါမစ် လျှောက်ထားနိုင်ကြောင်း သိရှိသူ နည်းပါးနေ

ဂ်စ္စူNovember 2, 20101min513

မည်သည့်နိုင်ငံတွင်မဆို မော် တော်ယာဉ်များမောင်းနှင်နိုင်သည့် အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းနှင် ခွင့်ပါမစ် (International Driving Permit)များကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် လျှောက်ထားနိုင်သည်ကို သိရှိသူ နည်းပါးလျက်ရှိ ကြောင်းသိရသည်။ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး  ကော်မတီမှ နည်းပညာဆိုင်ရာ အကြံပေးဖြစ်သူ ဦးအောင်မြင့်က မြန်မာနိုင်ငံအတွင်း ယာဉ်မောင်း လိုင်စင်လက်ဝယ်ရှိထားသူများအနေ ဖြင့် အပြည်ပြည်ဆိုင်ရာ ယာဉ် မောင်းနှင်ခွင့်လက်မှတ်အား က-ည-န ရုံးများတွင် လာရောက် လျှောက်ထားနိုင်သည်ကို သိရှိသူ နည်းပါးကြောင်း၊ အဆိုပါ လက်မှတ် ကိုင်ဆောင်ထားပါက မည်သည့် နိုင်ငံတွင်မဆို ယာဉ်မောင်းနှင်ခွင့်ရရှိ မည်ဖြစ်ကြောင်း၊ အာဆီယံ ယာဉ် မောင်းလိုင်စင်နှင့် ကွာခြားချက်မှာ အာဆီယံယာဉ်မောင်းလိုင်စင်သည် အာဆီယံဒေသတွင်းနိုင်ငံများတွင် သာ ယာဉ်မောင်းနှင်ခွင့်ရှိပြီး အာဆီ ယံ ပြင်ပနိုင်ငံများတွင် မောင်းနှင်ခွင့် မရှိကြောင်း ပြောသည်။ ”ပါမစ်စာအုပ်ပုံစံက ခေါက်ချိုး ပုံစံပါ။ ဒီဟာကို အတိုကောက်အ နေနဲ့ ITP လိုင်စင်လို့ ခေါ်ပြီး Passport ယာဉ်မောင်းလိုင်စင်၊FEC ၂ဝ နဲ့အတူ နေပြည်တော် ကညန ရုံးချုပ်မှာ လာလျှောက် လို့ ရပါတယ်။ ဒီလိုင်စင်ရှိထားရင် တချို့နိုင်ငံတွေမှာ ဒီလတ်မှတ်လေး ပြရုံနဲ့ မောင်းနှင်ခွင့်ပေးပြီး တချို့ နိုင်ငံတွေမှာကျတော့ လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ပြီး သူတို့လိုင်စင် ထုတ်ပေးတယ်။ ဒီလိုင်စင်ပေးတဲ့ အခါ ယာဉ်မောင်းသူရဲ့ နဂိုလိုင်စင် ဟာ အနီဖြစ်စေ၊ အညိုဖြစ်စေ ITP လိုင်စင်မှာတော့ (ခ) လိုင်စင်ပဲ ပေးပါ တယ်။ နိုင်ငံခြားသွားမယ်ဆိုရင် တော့ ဒ ီITP လိုင်စင်ရှိထားရင် ယာဉ်မောင်းနှင်ခွင့်ရပြီး အများကြီး အဆင်ပြေစေနိုင်ပါတယ်”ဟု ၎င်းက ထပ်လောင်းပြောသည်။
သူရထွန်း

3 comments

  • bigcat

    November 3, 2010 at 2:44 am

    အပြည်ပြည်ဆိုင်ရာ လိုင်စင်ရှိက မည်သည့်နိုင်ငံတွင်မဆိုဆိုတာ ယူအက်စ်တွင်အကျုံးမဝင်ပါခင်ဗျား။ ဒီမှာတပြည်နယ်ကနေ တပြည်နယ်ပြောင်းရင်တောင် ပြည်နယ်အသေးလိုင်စင်ဆိုရင် ပြည်နယ်အကြီးက တန်းလက်မခံလို့ သိရပါတယ်။

  • winkyawaung

    November 3, 2010 at 12:41 pm

    ဆေးစစ်တာ၊ ယာဉ်မောင်းလက်တွေ့မောင်းခိုင်းတာတွေ တို့ လုပ်ရသေးလား.။ နယ်က လာကြသူတွေအတွက် ဘယ်နှစ်ရက်ကြာမည် ဆိုတာလဲ သိလိုပါတယ်.။ FEC 20 နဲ့ အပိုကြေးများပေးရသေးလား..။

Leave a Reply