လမ်းဘေး ဆက်သွယ်ရေးဖုန်းများ ဘာကြောင့် ဈေးနှုန်းတက်

manawphyulayNovember 2, 20101min18011

လမ်းဘေးဆက်သွယ်ရေးဖုန်းများ ခေါ်ဆိုမှုနှုန်းထားများ သက်သာအောင် ဖန်တီးပေးထားပါသည်ဆိုပြီး ဖုန်းဆိုင် လုံခြုံအောင် တည်ဆောက်ပြီးနောက် ခေါ်ဆိုမှုနှုန်းထားများ ဘာကြောင့်တက်သွားရပါသလဲ…..

11 comments

  • ဆူး

    November 2, 2010 at 12:43 pm

    လုံခြုံသွားလို့ ဈေးတက်တာလေ.. ဒါက စမတ်ကျတယ် ခေါ်သကွဲ့.. စမတ်ကျလေ ဈေးကြီးလေဘဲ.. အဲဒါ ထုံးစံ ပါဘဲ ချင်..

  • naywoonni

    November 2, 2010 at 12:57 pm

    သီးသန့်ခန်းနဲ့ပြောရတာလည်းဟုတ်ပဲနဲ့
    ဘယ်နားစမတ်ကျလည်းမသိဘူး…………

    • ဆူး

      November 3, 2010 at 6:59 am

      ဖုန်းရုံစောင့်က အေးဆေး အိပ်လို့ရတယ်.. လမ်းမပေါ်မှာ မှောက်အိပ်ရတော့ဘူးလေ.. အဲလို စမတ်ကျတာ..

  • manawphyulay

    November 2, 2010 at 1:15 pm

    စမတ်ကျမကျတော့မသိဘူး။ ဖုန်းဆိုင်က ဝန်ထမ်းတွေတော့ လုံလုံခြုံခြုံအိပ်လို့ရသွားတာပေါ့။ အရင်က လိုက်ကာပဲ နေပူသလိုနဲ့ကာပြီးအိပ်တာဆိုတော့ ခုမှ ပိုမိုက်သွားတယ်။ ဈေးသက်သာမယ်ထင်လို့ ဆက်တဲ့သူတွေကတော့ ဖုန်းဆက်ပြီးရင် တောင်းတဲ့ဈေးနှုန်းက လန်ထွက်နေတာပဲ….

  • PaukPhaw

    November 2, 2010 at 1:54 pm

    “မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ငှားရမ်းသုံးစွဲခွင့်ပြုခဲ့သော ကြိုးဖုန်းများမှ GSM, CDMA ခေါ်ဆိုခများကို အောက်တိုဘာလဆန်းမှစ၍ ၁၅ ကျပ်မှ ၂၅ ကျပ်သို့ လည်းကောင်း၊ နယ်ဝေးခေါ်ဆိုခများကို ၃၅ ကျပ်သို့လည်းကောင်း တိုးမြှင့်လိုက်ပြီး ကြိုးဖုန်းမှ ကြိုးဖုန်းများသို့ ခေါ်ဆိုခနှုန်းထားများ တိုးမြှင့်ခြင်းမရှိကြောင်း “ပါသတဲ့ခင်ဗျာ

  • kopauk mandalay

    November 2, 2010 at 3:33 pm

    ကိုပေါက်တို့မန်းလေးကတော့ လမ်းဘေးမှာ ကြိုက်သလိုအော်ပြောရုံဘဲ။
    ဘာအကာအရံမှ မရှိဘူး။
    ကြိုက်သလောက်ပြော ကျသလောက်ပေး အေးဆေးပါ။

  • snique

    November 2, 2010 at 3:55 pm

    ကျွန်တော်တို ့ ရန်ကုန်မှာတော့ အော်တာတောင် ပါမစ်တင်ရမဲ့ အပေါက် ဗျို ့ း)

  • khaizin

    November 3, 2010 at 4:39 am

    ဈေးတက်တာရယ်တော့မဟုတ်ပါဘူး…….သူတို့ကတွက်ရလွယ်အောင်…..
    နီးစပ်ရာယူလိုက်ကြတာပါ……..ဥပမာ……..၂ မိနစ်လောက်ကြာရင် ၅ မိနစ်ဖိုးယူလိုက်တာလေ…… ၆ မိနစ်ကျော်လိုက်ကြာရင် ၁ဝ မိနစ်စာလောက်တွက်ယူတာလေ……..
    နီးစပ်ရာပေါ့……တွက်ရလွယ်အောင်ပါ..
    ပြီးတော့……..customer တွေဖုန်းဆက်ရတာစိတ်မဖြောင့်မှာစိုးလို့ထင်တယ်..
    မိနစ်ပေါ်မယ့်နေရာလေးကိုအုပ်ထားသေးတယ်………စေတနာနဲ့ပါ…..:P

  • PaukPhaw

    November 3, 2010 at 5:43 am

    အဆက်အသွယ်တွေ ဖလန်းဖလန်းထနေရင် သတင်းပြန် ့နှံ ့မှုအားကောင်းမယ်လေ
    အဲဒါကြောင့် အကုန်ဖျက်ထားတာ
    စိတ်ဆိုးကြပါနဲ ့..

  • moethidasoe

    November 3, 2010 at 6:08 am

    သိပ် မအော်ကြပါနဲ့ .. နိုင်ငံတော်က စေတနာအပြည့်နဲ့ နိုင်ငံတဝန်းလုံး သွားလာ ဆက်သွယ်နိုင်တဲ့ ငါးသိန်းတန်ဖုန်းတွေ ချပေးနေတယ်လေ .. ကိုင်ပေါ့ .. ဆက်ပေါ့ .. ကျသလောက် ပေးပေါ့ .. ဒါဆိုရင် အော်နေစရာမလိုဘူ .. ဘာ .. . ဘာပြောတယ် .. ငါးသိန်းကို ဘယ်က ရမှာလဲ .. ဟုတ်လား .. ဪ .. ဒါလေးများ .. အပေါင်ဆိုင်ရှိတယ်လေ .. ဘာ .. အပေါင် ပစ္စည်း .. အေး လေ ဒါတော့ မတတ်နိုင်ဘူး .. ဟော သတိရပြီ .. ကြားထဲမှာ သုံးရက်တောင် ကျန်သေးတယ် .. အခု မဲဆွယ်နေတဲ့ ကျွတ်ဖံ့ ဆိုတဲ့ အဖွဲ့ကို ပြောပေါ့ .. လူတစ်ကိုယ် ဖုန်းတစ်လုံး ပေးမလား .. ဒါဆိုရင် .. မဲ အပြည့်ထည့်မယ် .. ငါးထောင် ငါးသောင်းလောက်နဲ့တော့ မရဘူး .. ငါးသိန်း ငါးသိန်းလို့ ..
    အင်း ….. ….. ပြီးမှ လေးနှစ်လောက် ကျောခင်းပေးလိုက်လေ .. သူတို့ လုပ်သမျှ ခံဖို့ …
    နောက်တာနော် .. အဟုတ် မမှတ်နဲ့

  • manawphyulay

    November 3, 2010 at 1:27 pm

    အဲလို ကိုင်နိုင်ရင်တော့ မပြောတော့ပါဘူး။ ငါးသိန်းမပြောနဲ့ ဖုန်းခွံတောင် ကလေးဆော့တာ မဝယ်နိုင်သေးတဲ့ဘဝလေ…

Leave a Reply