မြစ်သား ရေလွှမ်းခံ ကျေးရွာလူထုအတွက် ဆန်အလှူခံပါသည်

True FaithNovember 2, 20101min890

မြစ်သားဘက်မှာ ဆည်ကျိုးပြီး ရွာပေါင်း ၂၁ ရွာဝန်းကျင် လယ်ခင်းနဲ့ လူနေအိမ်ခြေတွေမကျန် ရေလွှမ်းသွားပါတယ်။ ရေပြန်ကျချိန်မှာ နွံတွေ ခါးလယ် ပေါင်လယ်ထိ ကျန်ခဲ့တာ ခုထိပါ။

ရေကျသွားသဖြင့် ရွံ့တွေ ပြည့်နေသော ရွာလည်လမ်း

ရိတ်သိမ်းခါနီး စပါးခင်းတွေ အကုန်ပျက်ကုန်ပြီး လူတွေ စားစရာမဲ့ အတိဒုက္ခ ကြုံနေရပါတယ်။ အဓိက လိုအပ်နေတာက နေ့စဉ်စားဖို့ ထမင်း ဖြစ်ပါတယ်။ ထမင်းရှိရင် ဘာဟင်းမှ မရှိလဲ အသက်ဆက်လို့ ရပါသေးတယ်။

ဆွမ်းလောင်းအသင်းက ငရုတ်သီးကြော် သွားဝေပါတယ်။ ထမင်းကို အနီးအဝေးက စေတနာရှင်တွေ လာရောက် လှူကြတယ်။ အလှူရှင်က ရှိလိုက် မရှိလိုက်ပါ။ ရေလွှမ်းသွားတဲ့ ရွာတွေက များတော့ ရွာတိုင်းစေ့ အလှူရှင်တွေ မနိုင်ပါဘူး။ ရေလွှမ်းခံရလို့ အိုးအိမ် စွန့်ခွာ ထွက်ပြေးသူ တသောင်းလေးထောင်ကျော်ပါတယ်။ ကုန်းမြင့်ရာ ဘုန်းကြီးကျောင်းတွေ ဘုရားရင်ပြင်တွေမှာ ဖြစ်သလို စား၊ ဖြစ်သလိုအိပ် နေနေရတာပါ။

အလှူရှင်ကို စောင့်မျှော်နေသော မြစ်သားရေဘေး ဒုက္ခသည်များ (အဘွားအိုတချို့ မှာ မျက်စိနာရောဂါ ခံစားနေရသည်။)

အရေးအကြီးဆုံး ဘာလိုလဲဆိုတော့ ဆန်နဲ့ဆီ လိုတယ်လို့ ရွာသားကြီး တစ်ဦးက ပြောပါတယ်။ လူသားချင်း စာနာမှုဖြင့် တတ်အားသရွေ့ ဝိုင်းဝန်းကြပါရန်။

လှူဒါန်းလိုသူများ ဆက်သွယ်ရန်အတွက် –
ဦးကောဝိဒ +9592110202 kovida9@gmail.com
ကိုဖြိုး၊ ကိုထက် +9592013811
မဝါဝါခိုင်မင်း nanwarwarmg@gmail.com
မဥမ္မာဌေး dimpletwo@gmail.com
ကိုရန်အောင် aungyan@gmail.com
JulyDream julydream0707@gmail.com

လှူဒါန်းလိုတဲ့ ပစ္စည်းများကို အမြန်ဆုံး သွားရောက်ဝေငှပေးပြီး အလှူရှင် တစ်ဦးချင်းစီထံ စာရင်းရှင်းတမ်းနဲ့ အလှူမှတ်တမ်း ဓာတ်ပုံများ ပြန်ပို့ပေးသွားမှာ ဖြစ်ပါတယ်။

အသေးစိတ် သိရှိလိုလျှင် စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း http://www.everyoneit.com/ တွင် လာရောက် ဖတ်ရှုလေ့လာနိုင်ပါသည်။

………………………………………………………………………………

လှူတယ်ဆိုတာ ဆန်တွေ အိတ်လိုက်၊ ဆီတွေ ပုံးလိုက်လှူမှ မဟုတ်ပါဘူး။ ဆန် နို့ဆီဗူးလေး ၁ လုံး၊ ဆီလေး တပုလင်းဟာလည်း အလှူဒါန ဖြစ်ပါတယ်။

ဒါကြောင့် ဒုက္ခရောက်နေသူ မြန်မာပြည်သားတွေကို တတ်နိုင်တဲ့ဘက်က ကျနော်တို့ ဝိုင်းဝန်းကူညီ ကြပါစို့လားဗျာ။

True Faith