မငိုတတ်တဲ့ကျွန်မ

manawphyulayNovember 2, 20101min1276

ဘာပဲလုပ်လုပ်
အဆင်မပြေနိုင်မှုတွေသာ
ပဲ့တင်ထပ်နေတဲ့ နေ့စ္စဓူဝမှာ
စိတ်ကျလေကြမ်းတွေ
ငါ့ဘဝအိပ်ခန်းထဲတိုးဝှေ့
အိပ်မွေ့ချခံထားရတဲ့
ယုံကြည်ချက်နဲ့
အငိုမတတ်ဘဲကျတဲ့
မျက်ရည်တွေကို
သတ်ပုံစစ်ဖို့တောင်
မေ့လျော့နေတော့တယ်…….

6 comments

  • kopauk mandalay

    November 2, 2010 at 2:56 pm

    (နေ့စ္စဓူဝ)ဆိုတာ မဟုတ်ဘူး ထင်တာဘဲ။
    မငိုတတ်ဘူးဆိုရင် အငိုသင်တန်းရှိတယ် ရှာတက်လိုက်ပါလား၊
    ဒါမှမဟုတ်ကျုရှင်ယူလိုက်ပါလား။
    စနစ်တကျငိုတတ်အောင်လို့လေ။

  • manawphyulay

    November 2, 2010 at 3:08 pm

    မသင်တာတောင် ငိုချင်နေတာ နော် သင်မိရင်တော့ မလွယ်ဘူး။ ခုလောလောဆယ်တော့ …………

  • unclegyi1974

    November 2, 2010 at 3:11 pm

    မဖြူက ကိုရီးယားမင်းသမီး လုပ်ဖို့ကြိုးစားနေပြီနဲ့တူတယ်

  • kopauk mandalay

    November 2, 2010 at 3:19 pm

    မင်းသမီးလုပ်မယ်ဆိုရင်တော့ မျက်လုံးတစ်ဖက်ထဲကနေ မျက်ရည်ပေါက်ကြီးကြီး ကျပြမှာ တန်းဝင်မယ်နော်.

  • naywoonni

    November 2, 2010 at 3:31 pm

    မျက်ရေတွေကိုတော့ခွင့်လွှတ်ပေးလိုက်ပါ
    သတ်ပုံစစ်မနေပါနဲ့တော့

  • weiwei

    November 2, 2010 at 3:48 pm

    နိစ္စဓူဝ …

Leave a Reply