လုပ်ငန်းအတွက် အကျိုးရှိသော ဆောင်ရွက်ချက်…

lu ta loneApril 3, 20101min1419

မေး…        လက်ရေးတိုနှင့် လက်နှိပ်စက် လုံမငယ်လေးတဦးသည် ထမင်းစားချိန်တွင် ကုမ်ပဏီဧ။်နားနေခန်းတွင် နှုတ်ခမ်းနီဆိုးနေခိုက်၊ နောက်ပြန်လန်ကျသဖြင့် ယင်းအတွက် သူမသည် တာဝန်ထမ်းဆောင်နေခိုက် ဒဏ်ရာရမှုအနေဖြင့် လျော်ကြေးတောင်းခံနိုင်ပါသလား…?

ဖြေ…        ဟုတ်ကဲ့၊ တောင်းခံနိုင်ပါတယ်.. စိန့်လူးဝစ်အယူခံရုံးက ပြောပါသည်… စီးပွားရေးလုပ်ငန်းဧ။် ရှင်းပြစရာမလိုဘဲ၊ မှန်နေတဲ့၊ နဂိုမှန်အဆို Axiom တခုက သက်တောင့်သက်သာရှိသော ဝန်ထမ်းများသည် သူတို့ဧ။် တာဝန်များကိုပိုပြီး ကျွမ်းကျင်စွာ ထမ်းဆောင်နိုင်သည်ဟူပြီး ဖြစ်ပါသည်…ထို့ပြင် အလှပြင်ဆင်မွမ်းမံခြင်းသည် အမျိုးသမီးလုပ်သားများအဖို့ သက်တောင့်သက်သာရှိရာရှိကြောင်း နည်းလမ်းကောင်းတခုဖြစ်ပါသည်…နှုတ်ခမ်းနီဆိုးခြင်းသည် လုပ်ငန်းခွင်တွင် အလုပ်ရှင်အား အကျိုးရှိစေပါသည်…

သဘောကျရဲ့လားဗျာ..Post လေးကို…အတည်လိုလို နောက်ထားတာပါ…  😛

9 comments

  • susunosuki

    April 15, 2010 at 3:30 pm

    ဘယ်နိုင်ငံမှာလည်း
    မြန်မာမှာလား
    ကောင်းတာပေါ့

  • nyimalay

    December 29, 2010 at 10:35 am

    ပေါက်ကရ။

    ဘယ်နိုင်ငံမှာလည်း
    မြန်မာမှာလား
    ကောင်းတာပေါ့

  • manawphyulay

    December 29, 2010 at 1:32 pm

    လောလောဆယ် နှုတ်ခမ်းနီဝယ်ဖို့ ပိုက်ပိုက်မရှိဘူးလေ ဂေဇက်က ပိုက်ဆံရမှာပဲ ဝယ်မလားလို့… 😛

  • unclegyi1974

    December 29, 2010 at 3:43 pm

    မှန်းဆချက်
    မိန်းကလေးတွေနှုတ်ခမ်းနီဆိုးတာ
    မှန်ကိုကြည့်ပြီးဆိုးတာများပါတယ်ဒါကြောင့်အဲဒီအ
    ချိန်မှာကိုယ်ကနောက်ကိုလန်ကျတယ်ဆိုတာ
    မဖြစ်နိုင်ပါဘူး
    မှန်ကြည့်ပြီးမဆိုးရင်လဲကိုယ်နေဟန်ချက်ပျက်
    အောင်နောက်ကိုမလှန်ချလောက်ပါဘူး
    နှုတ်ခမ်းနီတွေမညီမှာစိုးလို့ပါ
    ဒါကြောင့်လျော်ကြေးလဲပေးစရာမလိုပါဘူး

  • နီလေး

    December 30, 2010 at 3:41 am

    လျော်ကြေးတော့ရချင်ပါတယ် ဒါပေမယ့်နောက်ပြန်လန်ပြီးထိပ်ကွဲမှဖြင့်ဆေးဖိုးက ကို့အိပ်အရင်စိုက်နေရ ဆရာဝန်ကိုလုပ်ကျွေးနေရမှာစိုးလို့

  • eros

    December 30, 2010 at 4:44 am

    Eros ၏ မန္တလေးဂေဇက် သင်ပုန်းကြီးစာ

    မန္တလေးဂေဇတ်ကြီး ယိုယွင်းနေပါသည်။
    ပိုစ့်အသစ် တင်၍မရပါ။
    ကိုခိုင်၊သူကြီး၊ အယ်ဒီတာများ
    US New year discount shopping ထွက်နေကြသည်ထင်ပါသည်။
    ပြင်ဆင်မှု မလုပ်ပေးသေးပါ။

    Eros အနည်းငယ် စိတ်ညစ်နေပါသည်။
    ပိုစ့်အသစ်တင်မရ၍ဖြစ်သည်။
    တခြားနေရာတွင် ရေးရန်အစီအစဉ်မရှိသေးပါ။
    ရေး၍မရလျှင် မရေးတော့ပါ။
    အယ်ဒီတာများ မန်းလေးဂေဇတ်ကို အဆုံးသတ်တော့မည်ထင်ပါသည်။

    ရန်ကုန်ဆောင်း အေးလာပါသည်။
    ကြည့်မြင်တိုင်ညဈေး တွင်ဘေထုပ်များ ရောင်းကောင်းနေသည်တွေ့ခဲ့ရ၏။
    စီးပွားတိုးတက်ပါစေ။
    မြန်မာများ ပြည်တွင်းတွင် အဆင့်မြင့်ရာထူး၊အလုပ်အကိုင်များတွင်
    နှစ်ပဲတပြားလစာမဟုတ်ပဲ ထိုက်တန်သော အာဆီယံ၊နိုင်ငံတကာလစာ ရနိုင်ပါစေ။
    အလုပ်များလည်းပေါပါစေ။

    အထူးကားများ များလာပါသည်။
    ၂၀၀၊၃၀ဝ ပေးစီးရသော်လည်း ရိုးရိုးကားနှင့်မထူးပါ။
    ကျပ်ညပ်သပ်နေပါသည်။
    ထိုင်ခုံများကျပ်လွန်း၍ ထိုင်ရအဆင်မပြေပါ။
    လူပိုတင်၍ရဲတားလျှင် ၁၅၀ဝ ပေးလျှင်အဆင်ပြေပါသည်။
    စပယ်ယာကိုယ်တိုင်ပြောပါသည်။
    ထိထိရောက်ရောက် အရေးယူလို့မရပါ။
    အုံနာက လူကြီးများ၊ ယူနီဖောင်းဝတ်များဖြစ်သောကြောင့်ဖြစ်ပါသည်။

    ဓာတ်ဆီထုတ်သော ကားများတန်းစီနေပါသည်။
    မှောင်ခိုတွင် ဈေးကောင်းရ၍ ဖြစ်ပါသည်။
    လိုသလောက် ရောင်းပေးလျှင် ထိုပြဿနာမဖြစ်နိုင်ပါ။
    ဆိုင်များမှ မှောင်ခိုသို့ခိုးရောင်းနေသလား။
    တရုတ်ပြည်ကိုခိုးရောင်းနေတာလား။
    ပုဂ္ဂလိကပေးလျှင် ပိုအဆင်ပြေမည်မျှော်လင့်ခဲ့ပါသည်။
    ယခု မြန်မာစတိုင် အဖျားရှုးသွားပါသည်။

  • MaMa

    December 30, 2010 at 10:10 am

    ထမင်းစားချိန်မို့ ခွင့်လွှတ်လိုက်မယ်။ ကိုယ့်အလုပ်မှာဆို အလုပ်ချိန်မှာ အလုပ်ပေါ့လျော့မှုနဲ့ ဖိုင်းချမယ်။ ဒါဏ်တပ်လိုက်မယ်။ ကဲ မှတ်ပြီလား။

  • naywoonni

    December 30, 2010 at 11:25 am

    အင်း စဉ်းစားစရာပေပဲ ဒါပေမဲ့ အဲဒိလုံမငယ်ဟာ လုပ်ငန်းအပေါ် စိတ်ဝင်စားသလား ကိုယ်လုပ်ရမဲ့အလုပ်အပြင် အလုပ်ရှင်ရဲ့ ကိုယ်ရေးကိုယ်တာ လုပ်ငန်းဆောင်တာတွေပေါ်မှာကော စိတ်ဝင်စားမှုရှိရဲ့လား လုပ်ကိုင်ပေးလိုစိတ်ရှိရဲ့လား ဆိုတဲ့အချက်တွေပါ ထည့်သွင်းစဉ်းစားရလိမ့်မယ်။

Leave a Reply