စင်ကာပူမှ ပညာသင်ဆုများ ရရှိ

zinmyotunNovember 2, 20101min650

စင်ကာပူနိုင်ငံ Management Development Institute of Singapore ၏ စင်ကာပူဒေါ်လာ ၁၀၀၀ဝ တန်ဖိုးရှိပညာသင်ဆု ကို Crown Eductaion မှ ကျောင်း သားနှစ်ဦး၊ AT & Sမှတစ်ဦးနှင့် မလေးရှားမှ မြန်မာကျောင်းသူတစ်ဦးက ရရှိသွားကြောင်း Crown Education မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။ MDIS မှ စင်ကာပူဒေါ်လာ သန်း ၂ဝ ကို Merit Scholarship အစီအစဉ်ဖြင့် ပညာသင်ဆု ပေး အပ်ခြင်းဖြင့် Master’s Degree အတွက် စင်ကာပူဒေါ်လာ ၁၀၀၀၀၊ Bachelor’s Degree အတွက် စင်ကာပူဒေါ်လာ ၁၀၀၀၀၊Diploma နှင့် Advanced Diploma များအတွက် စင်ကာပူဒေါ်လာ ၃၀၀ဝ စီ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။ပညာသင်ဆု ရရှိသူများမှာ Crown Education မှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် စိုင်းဘိုဘိုထွန်းနှင့် မရီလွင်ဦး၊ AT & S မှ ကျောင်းသူ မသက်ထား ဦးနှင့် မလေးရှားနိုင်ငံမှ မြန်မာ ကျောင်းသူ မခိုင်ဆွေမွန် တို့ ဖြစ် ကြောင်း သိရသည်။ကိုစိုင်းဘိုဘိုထွန်း၊ မရီလွင် ဦးနှင့် မခိုင်ဆွေမွန်တို့မှာ Bachelor of Science (Hons) in Biomedical Science သင်ယူမည်ဖြစ် ပြီး၊ မသက်ထားဦးမှာ Master fo Business Administration (International) ကို လေ့လာသင်ယူမည်ဖြစ်သည်။MDIS မှ မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ဆုများ ပေးအပ်လျက် ရှိပြီး ပညာသင်ဆုများကို MDIS တွင် တက်ရောက်သော ကျောင်းသား၊ ကျောင်းသူများထဲမှ ထူးချွန် သူများကိုသာပေးအပ်ခြင်းဖြစ် ကြောင်း သိရသည်။ ပညာသင် ထောက်ပံ့ကြေးများကို လျှောက်ထားသော ကျောင်းသား၊ ကျောင်းသူ၏ ပညာအရည်အချင်းနှင့် ရမှတ်ပေါ်တွင် မူတည်၍ ရွေးချယ် ခြင်းဖြစ်ပြီး Leadership qualities, career ambitions နှင့် participation in extra-curricular activitiesတို့အရလည်း ပေးအပ်ခြင်းဖြစ်သည်။ ပညာသင် ထောက်ပံ့ကြေးရရှိသူများ အနေနှင့် ကျောင်းပြီး ဆုံးပါက management trainess, tutorsသို့မဟုတ် management support stuff အဖြစ် ၃ လမှ ၆ လ အထိ တာဝန်ထမ်းဆောင်ပေး ရမည့်အပြင် ကျောင်းတက်နေစဉ် အတွင်း လူမှုရေး လှုပ်ရှားမှုတွင်ပါဝင်ရမည်ဖြစ်သည်။