More than 30Yrs ago, နားထဲဝင်နေခဲ့တဲ့သွား

etoneNovember 3, 20101min970

အင်္ဂလန်နိုင်ငံ ရှပ်ဖီးလ်မြို့တွင် နေထိုင်သူ စတီဗင်ဟော့စ်သည် အသက်၁၄နှစ်ခန့်အရွယ်မှစ၍ နားအာရုံခံစားမှူ ယိုယွင်းခြင်းနှင့် ခေါင်းကိုက်ခြင်းများခံစားခဲ့ရသည် ။ ထိုသူသည် နှစ်ပေါင်း သုံးဆယ်ကျော်ခန့် စစ်ဆေးမှူများပြုလုပ်သော်လည်း ရောဂါပျောက်ကင်းသက်သာခြင်းမရှိခဲ့ကြောင်းနှင့် အဖြေရှာတွေ့ခြင်းမရှိခဲ့ ကြောင်း သိရသည် ။ သူသည် နောက်ဆုံးအကြိမ်စမ်းသပ်မှူပြုရန်ဆုံးဖြတ်ခဲ့ပြီးတွင် သူနာပြုဆရာမတစ်ဦးက အနုကြည့်မှန်ပြောင်းသုံးကြည့်ကာ အဖြေရှာတွေ့ခဲ့ခြင်းဖြစ်သည် ။ ၎င်းမှာ ကလေးတစ်ဦးဧ။် ရှေ့သွားတစ်ချောင်းဖြစ်ပြီး ငယ်စဉ်အခါက ထိခိုက်မှူများမှ မတော်တဆလွင့်စင်ခဲ့ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။ နားတွင်းမှသွားကို ဇာဂနာနှင့်နှုတ်ယူနိုင်ခဲ့သောကြောင့် ခေါင်းကိုက်ခြင်း သက်သာပျောက်ကင်းသော်လည်း အကြားအာရုံအပြည့်အဝပြန်မရရှိသေးကြောင်း သိရသည်။