မြစ်ကြီးနားမြို့မှာ မီးလောင်မှု ဖြစ်ပွားခဲ့-November 03

ဂ်စ္စူNovember 3, 20101min573

ယနေ့နံနက် ၃ နာရီခန့်က မြစ်ကြီးနားမြို့ မင်းရပ် သမာဓိလမ်း မွေ့ယာနဲ့ ဝါဂွမ်းဆိုင်မှ မီးလောင်မှု
စတင်ခဲ့ပြီး အိမ် ၅လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ မျက်မြင် သက်သေတဦးကပြောပြပါတယ်။
မီးလောင်ပြီး နာရီဝက်ခန့်ကြာမှ မီးသတ်ကားရောက်လာပြီး ငြိမ်းသတ်ခဲ့တယ်လို့ အဆိုပါ ကိုယ်တိုင်မြင်တွေ့
သူက ပြောပြပါတယ်။ မြစ်ကြီးနားမြို့မှာ  မီးသတ်ကား ၃-၄  စီးရှိသော်လည်း တစ်စီးသာ မီးသတ်နိုင်သည့်
အနေအထားဖြစ်ပြီး ဝိုင်းမော်ဘက်မှ မီးသတ်ကားကို အကူအညီလှမ်းတောင်း နေရတာကြောင့် နောက်ကျပြီးမှ
ရောက်ရတာလို့လည်း မြို့ခံများက ပြောပါတယ်။ မီးသတ်ကားအပြင် စည်ပင်ရေသယ်ကားများက မီးသတ်ကားအတွက်
လိုအပ်တဲ့ရေသယ်ပေးတာကိုတော့ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
မီးဟာ နံနက် ၆နာရီလောက်ထိ ၃ နာရီကြာ လောင်ကျွမ်းခဲ့ပြီး နံနက် ၉နာရီ ၁ဝ နာရီဝန်းကျင်မှာ မီးခိုးငွေ့တွေ ထွက်နေဆဲ
အကျွင်းအကျန်တွေကို ရေပက်ငြိမ်းသတ်နေဆဲပဲလို့လည်း မျက်မြင်သက်သေက ဆိုပါတယ်။ မီးလောင်ကျွမ်းသွားတဲ့
တိုက်ငါးလုံးမှာ ပလပ်စတစ်ပစ္စည်းဆိုင်၊ ကားဝပ်ရှော့တို့ပါဝင်ကာ ယနေ့နံနက်မှာ အဆိုပါမီးလောင်ရာ ဝန်းကျင်မှာ
ကြံ့ဖွံ့ပါတီကလူတွေလည်း ရောက်ရှိနေပြီး အကူအညီပေးမယ်လို့ ကမ်းလှမ်းမှုတွေရှိနေပါတယ်။
သဘာဝဘေး အန္တရာယ်ကျရောက်ရာနေရာတွေမှာ နိုင်ငံရေးပါတီတွေက လာရောက်ကူညီတဲ့အခါ
စစ်အစိုးရအနေနဲ့ နိုင်ငံရေး စည်းရုံးတယ်လို့ စွပ်စွဲလေ့ရှိပြီး တားမြစ်တာမျိုး မကြာခင်က ရခိုင်ပြည်နယ်
ဂီရိမုန်တိုင်းတိုက်တဲ့ မြေပုံမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

သို့ပေမယ့် ကြံ့ဖွံ့လို စစ်အစိုးရ အာဏာယူထားသူတွေ ဦးဆောင်တဲ့ပါတီက ကူညီတဲ့အခါတော့
တားမြစ်တာမျိုးမရှိတာကို တွေ့ရပါတယ်။ မြန်မာ စစ်အစိုးရရဲ့ အနှစ် ၂ဝ အကြာမှာ တကြိမ်ပြန်လုပ်မယ့်
နိုဝင်ဘာ ရ ရက် ရွေးကောက်ပွဲမှာ ကန့်သတ်ချက်၊ မသမာမှုနဲ့ အစိုးရ ဝန်ထမ်းတွေကို
အကြပ်ကိုင်ကြိုတင်မဲထည့်ခိုင်းခြင်းတွေ ရှိနေပြီး စစ်အစိုးရ ကိုယ်တိုင်ပါဝင်တည်ထောင်ထားတဲ့
ကြံ့ဖွံ့ပါတီနိုင်ရေးအတွက် နည်းမျိုးစုံသုံး လုပ်ဆောင်နေတာ တွေ့ရပါတယ်။
Ref;Moemakha Blogspot

ခုထိတော့ မည်သို ့မီးစလောင်သည်ကို မသိရသေးပါ။
မြို့ခံများအကြား လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှ မီး လောင်သည်ဟု ဆိုသူများ ရှိသလို
အချို့က ရိူ့မီးဖြစ်ကြောင်း ခန့်မှန်းပြောဆိုနေကြောင်း။
သျှမ်းသံတော်ဆင့် သတင်းမှာတော့ ဒီလိုဖော်ပြထားတယ်။

“မနက် ၂ နာရီခွဲကနေစလောင်တာလေ မင်းရပ် ရပ်ကွက်က ရတနာပုံမွေ့ရာဆိုင်ပေါ့နော်
အဲဒီကနေစလောင်တာ ၃ အိမ် စလုံးပြာကျသွားတယ် ဈေးနဲ့လည်းနီးတယ်လေ
ရတနာပုံကဆိုရင် မွေ့ရာတွေရောင်းတာ ဘေးအိမ်တွေကတော့ တစ်အိမ် က
ကားပစ္စည်းရောင်းတယ် တစ်အိမ်က သံထည်ပစ္စည်း ဆုံးရူံးမှုကတော့
အိမ်တန်ဖိုးချည်းပဲကို သိန်း ရ ထောင်လောက် ရှိမှာပေါ့၊ ကျန်တဲ့ပစ္စည်းတွေကတော့
မခန့်မှန်းတတ်ဘူး” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုမီးလောင်မှုတွင် အေးရှားဝေါကုမ္ပဏီပိုင်မီးသတ်ကားများနှင့် စစ်တပ်မှ
မီးကူငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

“မြို့ထဲမှာရှိတဲ့ မီးသတ်ကားနဲ့ဆို မီးငြိမ်းမှာမဟုတ်ဘူး အေးရှားဝေါကုမ္ပဏီက
ကားတွေလာလို့ ဒီလောက်ပဲဖြစ်သွားတာ ရွေး ကောက်ပွဲနီးလို့နဲ့တူတယ် အရင်က
မီးလောင်ရင် စစ်တပ်ကလာတာ တစ်ခါမှမမြင်ဖူးဘူး အခုစစ်တပ်ကလည်း လာ တယ်
ထူးထူးခြားခြား ဖြစ်နေတာပေါ့နော်” ဟု သူမက ဆိုသည်။

3 comments

  • etone

    November 3, 2010 at 7:26 am

    ဟုတ်ပါတယ် ဒါကြောင့်မဲပေးမယ်ဆိုရင် ဒီမိုကရေစီအင်အားစု (ခမောက်)ကိုပဲဖြစ်ဖြစ် 88မျိုးဆက်သစ်ကျောင်းသား (ခွပ်ဒေါင်း) ကိုပဲဖြစ်ဖြစ် မဲထည့်သင့်ပါတယ် ။ မနိုင်မှန်းသိသော်လည်း ကောက်ရိုးတမျှင်ဝါးတပင်အားနဲ့ သွားကို ထည့်ဦးမှာ (ဘယ်ပါတီအဖွဲ့ဝင်မှ မဟုတ်ဘူးနော် စိတ်ထဲရှိတာပြောတာ ဟီးဟီး 😀 😀 )

  • ဆူး

    November 3, 2010 at 8:59 am

    ရရက်နေ့ ရောက်ရင် အီးတုံး အိမ်ရှေ့က ဖြတ်သွားပြီး မဲ သွားထည့်မှာ.. ဒို့ ကတော့.. ချာပါတီဘဲ.. ဆိတ်ရိုးစွပ်ပြုတ်လေးနဲ့.. တွဲစား

  • winkyawaung

    November 3, 2010 at 12:30 pm

    ရွေးကောက်ပွဲအတွက် အတိတ်ကောင်း နိမိတ်ကောင်းတာပေါ့..။ မီးလောင်ခံရတဲ့သူတွေကို သနားပါတယ်..။

Leave a Reply