ယနေ့ ကျနော် ဖတ်ထားသော သတင်းများ (နိုဝင်ဘာ ၃ ရက်)

True FaithNovember 3, 20101min853

၁။ ကယားပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲ ပြုလုပ်မယ့် မဲဆန္ဒနယ် ၆ ခုကို ဖျက်သိမ်းလိုက်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။

၂။ ကယားပြည်နယ် မြို့တော် လွိုင်ကော်တွင် ဒေသခံ စစ်တပ်က နေဝင်မီးငြိမ်း အမိန့် (ကာဖျူး) ကို အောက်တိုဘာ ၃၁ ရက်နေ့က စတင် ထုတ်ပြန်ထားသည်။

ထို့ကြောင့် မြို့ခံများသည် ည ၆ နာရီမှ မနက် ၆ နာရီအထိ အိမ်အပြင်ထွက်ခွင့် မရတော့ချေး။ ယင်းအမိန့်ကို မည်သည့်နေ့အထိ ထုတ်ပြန်ထားမည်ဟုလည်း ကြေညာထားခြင်း မရှိပါ။

ယခုကဲ့သို့ ထုတ်ပြန်ခြင်းမှာ အောက်တိုဘာလ ၂၆ ရက်နေ့တွင် လွိုင်ကော်အရှေ့ဘက် ၈ မိုင်ကွာ၊ နမ့်ပွန်ချောင်း အနောက်ဘက်ရှိ ခြေမြန်တပ်ရင်း ခမရ ၇၂ ကို ကရင်နီတပ်ဖွဲ့တဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦး ကျဆုံးခဲ့ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

၃။ ထိုင်းနိုင်ငံအခြေစိုက် Forum for Democracy in Burma (FDB) အဖွဲ့က နအဖ အစိုးရ၏ ရွေးကောက်ပွဲ အကြိုကာလ လိမ်ညာမှုများကို ကောက်ကျစ်မှု အဖုံဖုံ ညစ်နည်းစုံ အမည်ရှိ စာမျက်နှာ ၅ဝ ကျော် ပါဝင်သော အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်သည်။

ဖတ်လိုသူများ http://www.niknayman-niknayman.co.cc/ တွင် ဝင်ရောက် ဖတ်ရှုနိုင်သည်။

3 comments

  • etone

    November 3, 2010 at 9:02 am

    မဲဆန္ဒနယ်ဖျက်သိမ်းတာ မဖြစ်သင့်ဘူးထင်တယ် ။ သူတို့နိုင်ခြေမရှိတဲ့နေရာမျိုးမို့ထင်ပါရဲ့ ။

  • winkyawaung

    November 3, 2010 at 12:18 pm

    အင်း ဘာတွေများ ဆက်ဖြစ်ကြမလဲနော်..။ စောင့်ကြည့်နေကြပါတယ်..။

  • mG

    November 3, 2010 at 1:14 pm

    ပြည်လုံးကျွတ် သပိတ်မှောက်ပွဲ။

Leave a Reply