GSM 20တန်ကဒ်များယာယီပိတ်မည်

etoneNovember 3, 20101min630

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှရောင်းချခဲ့သော GSM prepaid card 20FEC တန်ဖုံးများအသုံးပြုခွင့် ယာယီရပ်စဲမည်ဟုသိရသည် ။ နိုဝင်ဘာလ ၁၅ရက်နေ့မှစ၍ အသုံးပြုခွင့်ယာယီ ရပ်နားမှာဖြစ်ပြီး ထိုသို့ အသုံးပြုခွင့်  မရခြင်းမှာ စစ်စတန် အပ်ဂရိတ်လုပ်ရန်ဖြစ်ကြောင်းသိရသည်။ ပိုမိုအဆင်ပြေပြေ သုံးဆွဲနိုင်ရန်အတွက် လိုင်းများ မြှင့်တင်ခြင်းဖြစ်ကြောင်း သိရသည်။ ပြုပြင်နေချိန် သုံးပတ်မှ တစ်လခန့်အထိသုံးဆွဲ၍ရမည်မဟုတ်ကြောင်းလည်း သတင်းရရှိသည် ။ FEC20တန် ဖုန်းကဒ်များကိုသာ ယာယီပိတ်ထားမည်ဖြစ်ပြီး 50တန်ကဒ်များမှာ ထိုတောအတွင်း ဆက်လက်အသုံးပြု၍ရနေမည်ဖြစ်ကြောင်းသိရသည်။