Wake up Burma, Boycott the Election 5

timothyNovember 3, 20101min630

တတိုင်းပြည်လုံးအုံးအုံးကြွက်ကကြွက်နဲ့ရွေးကောက်ပွဲကိုတညီတညွတ်ထဲသပိတ်မှောက်ဘို့စစ်အာဏာရှင်တွေကိုလူထုရာဇသံပြစ်ထားတာတွေကတော့အားရစရာဘဲဗျာ။

ဗိုလ်သန်းရွှေတယောက်လူထုကိုဘယ်လောက်ကြောက်ချီးထွက်အောင်ကြောက်လဲဆိုတာ ဒီနေ့ ဘားမားနက်သီတင်းမှာစစ်အစိုးရရဲ့ရွေးကောက်ပွဲကိုလူထုကသပိတ်မှောက်ရင်သူတို့မတရားအနိုင်ယူဘို့လုပ်ထားတဲ့ပွဲကိုဖျက်မယ်လို့ချိမ်းခြောက်နေပြန်ပြီ။ ကြောက်စရာမကောင်းဘဲသူငယ်ပြန်ပြီးခလေးဆိုး ဆိုးနေတဲ့ မသန်းရွှေရဲ့အဖြစစ်သနစ်ကတော့လူအများဟားတိုက်ရယ်စရာဘဲ။

အဲဒီလင့်မှာဝင်ကြည့်နိုင်ပါတယ်။

http://www.burmanet.org/news/2010/11/02/reuters-military-junta-threatens-to-keep-power/

ကျနော်တို့အတွက် တခုတည်းသော ဗမာ့ထွက်ရပ်လမ်းလို့ သမိုင်း၊ ကမ္ဘာ့သမိုင်းမှာမှတ်ကျောက်တင်မဲ့ ဒီအထွေထွေသပိတ်မှောက်ပွဲကြီးကိုမပျက်မကွက်ချီတက်မယ်။ ဗိုလ်သန်းရွှေရဲ့မတရားရွေးကောက်ပွဲနဲ့၂၀၀၈ မတရားဖွဲ့စီးပုံဥပဒေကိုမပျက်ပျက်အောင်ဖျက်မယ်။

ရွေးကောက်ပွဲရဲ့အသက်သွေးကြောလို့ခေါ်လို့ရတဲ့

၁) မဲဆန္ဒရှင်၏မဲပေး-မပေးချင်ပိုင်ခွင့်

၂) မဲဆန္ဒရှင်အများစုတက်ရောက်မဲပေးခြင်း

အဲဒီ ၂ ချက်သော ရွေးကောက်ပွဲရဲ့ဝိသေသက တခုခုကိုဖျက်ရင်ရွေးကောက်ပွဲပျက်တယ်။

ဒါ့ကြောင့်လဲ အန်တီစု၊ တိုင်းရင်းသားခေါင်းဆောင်များ၊အကျဉ်းကျနေသောနိုင်ငံခေါင်းဆောင်များအားလုံးကဒီမတရားရွေးကောက်ပွဲကိုလူထုက သပိတ်မှောက်ဘို့ နည်းပေါင်းစုံအခက်အခဲများကြားကပြောဆိုညွှန်ပြနေကြတယ်။

မဲဆန္ဒရှင်ရဲ့ဆန္ဒကိုသန်းရွှေဘာဆိုဘာမှလုပ်လို့မရဘူး။ ရွေးကောက်ပွဲနေ့၊ အဲဒီရက်တစ်ရက်မှာ ဘယ်သူမှမဲဆန္ဒရှင်ကိုလာထိလို့မရဘူး။အဲဒီနေ့မှာ ၂၀၀၀၀၀၀ဝ ကျော်မဲဆန္ဒရှင်ဟာအာဏာရှင်ရဲ့ဘုရားဘဲ။ ၂၀၀၀၀၀၀ဝ ကျော်သပိတ်မှောက်မဲများက ၁သိန်းတောင်မရှိတဲ့မိန်းမရွှင်သန်းရွှေရြဲ့ကလိမ်ညစ်မဲနဲ့သန်းရွှေကိုအသေသတ်မယ်။ ဒါကိူသန်းရွှေကြောက်ချီးပါပြီးစစ်တပ်အာဏာသိမ်းမယ်လို့ချိမ်းချောက်နေတာဘဲ။

ပြည်သူလူထဲု့တခဲနက်ဖြုတ်ချလိုက်တဲ့ဒီမတရားရွေးကော်ပွဲနဲ့ သန်းရွှေစစ်အစိုးရ ကို စစ်တပ်၊ကုလသမဂ်ဂ (United Nations)၊ တရုပ်၊ ကုလား၊ ရပ်ရှား ( Russia)ဘယ်သူမှမထောက်ခံနိုင်တော့ဘူး။

ကမ္ဘာ့နိုင်ငံအားလုံးက မြန်မာနိုင်ငံရဲ့ကံကြမ္မာကိုမြန်မာပြည်သားများသာရွေးချယ်ပိုင်ခွင့်အပြည့်အဝရှိတယ်။ဘယ်နိုင်ငံမှသူများနိုင်ငံရဲ့အတွင်းရေးကိုဝင်မစွက်ရ လို့အတိအလင်းကြေငြာထားတယ်။ လူထုအားတစ်ခုတည်းကိုသာအပြည်ပြည်ဆိုင်ရာနဲ့ကမ္ဘာ့နိုင်ငံများကအသိအျွှတ်ပြုတယ်။ဒါလေးတစ်ခုတည်း၊ လူထုအားတစ်ခုတည်းကိူအပြည်ပြည်ဆိုင်ရာကရင်မောစွာစောင့်စားနေကြတယ်။ ဒါမှမရရင်သူတို့လဲဘာမှမတပ်နိုင်ကြဘူး။ ပါးစပ်ပြောဘဲကူနိုင်တယ်။ မြန်မာပြည်သူတရပ်လုံးလူထုအားနဲ့လုပ်မှဒီစစ်အာဏာရှင်စနစ်ပြုတ်ကျနိုင်မယ်။

့ဒါကိုသန်းရွှေကသူ့ကိုယ်သူမြန်မာပြည်သုလူထုယောင်ဆောင်ပြီးရွေးကောက်ပွဲနိုင်ကြောင်းကမ္ဘာကိုကြေငြာဘို့လူပ်နေတာ။ ခုတော့ပြည်သူလူထုအင်အားသပိတ်မှောက်တပ်လှန့်ရုံရှိသေးတယ် သန်းရွှေတယောက်ထမီမနိုင်ကြောက်ချီးပါနေပြီ။

သပိတ်သပိတ်မှောက်မှောက်၊

မတရားရွေးကောက်ပွဲ ကျဆုံးရမည်။

သန်းရွှေ နဲ့ အာဏာရှင်အစိုးရ ကျဆုံးရမည်၊

အရေးတော်ပုံ အောင်ရမည်။