International Driving Permit လျှောက်လို့ရပါပြီ

etoneNovember 3, 20101min621

International Driving Permit လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းနှင်နိုင်ခွင့်ပါမစ်ကို နေပြည်တော်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူဦးစီးဌာနတွင် လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည် ။ ၎င်း လက်မှတ် ကိုင်ဆောင်ထားပါက မည်သည့်နိုင်ငံတွင်မဆို ကားမောင်းနှင်နိုင်မည်ဖြစ်သဖြင့် အာဆီယံယာဉ်မောင်းခွင့်လိုင်စင်ထက်ပို၍ အဆင်ပြေကောင်းမွန်ကြောင်းသိရသည် ။ အာဆီယံယာဉ်မောင်းနှင်ခွင့်လိုင်စင်မှာ အာဆီယံနိုင်ငံများတွင်းသာအသုံးပြုနိုင်ကြောင်းသိရသည် ။ အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းနှင်နိုင်ခွင့်ပါမစ်ကို အိုင်တီပီဟု အတိုကောက်ခေါ်ပြီး လျှောက်ထားလိုသူများအနေဖြင့် အပ်ဖ်အီးစီ ၂၀၊ လက်ရှိယာဉ်မောင်းလိုင်စင် နှင့် ပက်စ်စပို့စ် တို့ယူ၍ နေပြည်တော် ကညန ရုံးမှာ လာရောက်ရှောက်ထားနိုင်ကြောင်းသိရသည် ။

One comment

  • intro

    November 3, 2010 at 9:19 am

    စိတ်ဝင်စားတယ်ဗျို့… ကုန်ကျစရိတ်အနေနဲ့ရော၊ လိုင်စင်ဖြေပုံဖြေနည်းတွေရော ကြိုသိရရင် ပိုကောင်းမယ်… နေပြည်တော်က လောလောဆယ် သွားဖို့ အစီအစဉ် မရှိသေးလို့ပါ…

Leave a Reply