packing ဆေးတွေဘယ်လိုဖြစ် … ဒီလိုဒီလိုဖြစ် ….

etoneNovember 3, 20101min22021

Etone ရဲ့သူငယ်ချင်းတယောက် သူ့ဆေးခန်းမှာသုံးဖို့ ဆေးဝယ်တော့ ပါလာတဲ့ဆေးတွေပါ ။ Expire ကလည်း တော်တော်လိုပါသေးတယ် ။ ဗိုလ်ချုပ်ဈေးထဲက ဆေးဆိုင်က ဝယ်တာပါ ။ ဆေးဆိုင်နာမည်ကို မပြောတော့ပါဘူး။ သူ့မှာ တာဝန်မှမရှိပဲကိုး ။ ဆေးတွေကို နာဂစ်ဖြစ်တုန်းက NGO ကလှူတာပါ ဘယ်လိုဖြစ်လို့   ဆိုင်တွေပေါ်ရောက်လဲမသိပါဘူး ။  Expire date တော်တော်လိုသေးတာတောင် ဆေးတွေ ဒီလိုဖြစ်နေတော့ ဘာကို ယုံကြည်ပြီးဝယ်သုံးရမလဲမသိတော့ပါဘူး ။ ဆေးကလည်း ဗူးလိုက်ပါကင်ပိတ်ထားရက်နဲ့ဖြစ်တာပါ ။ အလုံး ၂ဝလောက်အဲ့ဒီလို ဖြစ်ပါတယ် ။ ထင်ရတာတော့ အထဲမှာထည့်ထားတဲ့ silicon အိတ်ကလေးတွေကနေ တစ်ခုခုဓါတ်ပြုတာဖြစ်နိုင်ပါတယ် ။ အဲ့ဒီအိတ်ကလေးမှလည်း မဲတူးပြီး အပေါက်ရာလေးတွေတွေ့လိုအဲ့ဒီလိုခန့်မှန်းကြည့်တာပါ ။

21 comments

  • moethidasoe

    November 3, 2010 at 10:32 am

    နာထင်တယ် .. နာဂစ်ဆေးက ဟိုက ဒီကနေ ..ပဗေဗေ့ဂျိ .. မင်္ဂလာဈေးထဲ ရောက်မယ် .. မင်္ဂလာဈေး မီးလောင်တော့ .. ပဗေဗေ့ဂျိ .. သိမ်းတဲ့ဆီကို ရောက်သွားတယ် .. သိမ်းသွားတဲ့ ဆေးထဲက … ပဗေဗေ့ဂျိ .. ကောင်းမယ်ထင်လို့ ထုတ်ရောင်းတယ် .. ပဗေဗေ့ဂျိ .. တဆင့်ရောင်းဖို့ ဝယ်တဲ့လူကလဲ ဈေးသက်သာတယ်ဆိုပြီး ဝယ်တင်တယ် .. ပဗေဗေ့ဂျိ .. သုံးမယ့်လူကလဲ ဈေးသက်သာလို့ ဝယ်တယ် .. အဖိုးနည်းတော့ အိုးကွဲနဲ့ တွေ့တယ် .. ပဗေဗေ့ဂျိ .. မှားရင် တောင်းပန်ပါတယ် .. ပဗေဗေ့ဂျိ

    • etone

      November 4, 2010 at 2:29 am

      မင်္ဂလာဈေးမီးမလောင်ခင်ကတည်းက အဲ့ဒီဆေးဗူးကိုဝယ်ထားတာပါ ။ ဗိုလ်ချုပ်ဆေးထဲက ဆိုင်ကဝယ်တာပါ ။ ဆေးဝယ်ထားတာတော့ မီးမလောင်ခင်တစ်လလောက်ကပေါ့ ။ ဆေးခန်းမှာ သုံးမယ်ဆိုပြီးဖောက်မှသိရတာပါ ။ ဈေးကလည်း သိသိသာသာကြီးမသက်သာပါဘူး ။ ဈေးမှန်လို့ အဖိုးတန်လေးပဲလိုချင်ပါတယ် ။

  • ဆူး

    November 3, 2010 at 10:43 am

    ဗေ့ဗေ့ဂျိနဲ့ မလွယ်ပါလား.. သတင်း တပုဒ်ဖြစ်အောင် အတင်း တုတ်လိုက်မှာနော်..

  • mG

    November 3, 2010 at 12:37 pm

    ဟုတ်တယ်နော်။ (ဆူး) ပြောသလိုပဲ ဗေ့ဗေ့ဂျိနဲ့ စာပြန်ရေးလို့ရတယ်။ဒါပေမဲ့ အဲ့ဆေးတွေ ဖြစ်နေတာက ဘယ်လိုပြောရမှန်းတောင် မသိဖြစ်နေရတယ်နော်။သေချာစဉ်းစားကြည့်လိုက်တော့ ဆေးတွေဟာ ရာသီဥတုဒဏ်ကြောင့် ပျက်စီးတာတော့ လုံးဝမဖြစ်နိုင်ဘူး။အဲ့တော့ကာ…………………..

  • winkyawaung

    November 3, 2010 at 12:49 pm

    ပြည်သူတွေအတွက် အန္တရာယ်များတဲ့ ကိစ္စကို လက်ပိုက်ပြီး ကြည့်မနေသင့်ကြပါဘူး..။

  • unclegyi1974

    November 3, 2010 at 4:26 pm

    သက်ဆ်ိုင်ရာကတော့ရက်လွန်ဆေးတွေကိုအမြဲဖျက်ဆီးနေတာဘဲအိတုန်ရဲ့
    ဒီဆေးကရက်မလွန်သေးလို့မကြည့်မိတာနေမှာပါ
    အထင်မလွဲလိုက်ပါနဲ့ကွယ်
    ပဗေ့ဗေ့ဂျိ ရေးတာလဲအထင်မသေးနဲ့ကွယ့်
    အရူးစကား ကလေးစကားမှန်တယ်တဲ့

    • etone

      November 4, 2010 at 2:26 am

      unclegyiရေ ပဗေဗေ့ဂျိ ကလည်း အရူးစကား၊ကလေးစကားမဟုတ်ပါဘူး ။ ဆရာဝန်မလေးတစ်ယောက်က အပျော်လေးရေးသွားတာပါ ။ အီးတုံး ပို့စ်တွေမှာ အဲ့ဒီမမက လာလာရေးနေကြမို့သတိထားမိနေတာ ။ ဆေးရောင်းတဲ့ဆိုင်ရဲ့အပြစ်မဟုတ်ပါဘူး အထဲမှာထည့်ထားတဲ့ ဆီလီကာ အထုတ်လေးတွေက packing ပေါက်ပြီးဖြစ်တာပါ ကြုံထောက်ကြုံခဲ့ဖြစ်တာမျိုးပါ ။

  • kopauk mandalay

    November 4, 2010 at 7:59 am

    မကောင်းမှန်းသိနေမှတော့ နှမျောမနေနဲ့တော့
    ဝဲပလိုက် တော့ ။
    ဒါမျုးိက ဖြစ်တတ်ပါတယ်။
    တစ်ချိုု့ဆိုရင် ရက်လွန်နေတာကိုတောင် ရက်စွဲပြင် ခပ်တည်တည်နဲ့ရောင်းကြသေးတာဘဲဗျာ။

  • char too lan

    November 10, 2010 at 3:37 am

    ကျနော်ကြုံဖူးတယ် လားရှိုးကနေ မူဆယ်သွားတုံးကကားမူးလို့ လမ်းဘေးဆေးဆိုင်လေးကနေ B6 ဝယ်သောက်လိုက်တာ ဆေးကပါးစပ်ထဲရောက်တာနဲ့အရေပျော်သွားပီး တဖြည်းဖြည်းနဲ့ပူလာတာ မခံနိုင်တော့တဲ့အထိပဲ လည်ချောင်းနဲ့နှုတ်ခမ်းတွေပါပူထူလာပီး ရေသန့်သုံးဗူးသောက်လို့ကုန်ပီး တော်တော်လေးကြာမှ ပျောက်သွားတယ် ခေါင်းမူးတာလဲတကယ်ပျောက်သွားတယ်ဗျ 😀

  • ဆူး

    November 10, 2010 at 3:57 am

    ဒါဆို ချာတူးလန် ရဲ့ နောက်ဆုံးတွေ့ရှိချက်အရ မူးရင် ရေသန့်သုံးဘူး အကုန်သောက်ရင် အမူး ပြေတယ်ပေါ့နော်.. မှတ်တမ်းတင်လိုက်ပါမယ်။

  • draungkyawkyawoo

    November 10, 2010 at 4:02 am

    တစ်ခါတစ်လေအဲ့ဒီလိဖြစ်တတ်ပါတယ် ။ ဆေးက expire မဖြစ်ပေမဲ့ အထဲက ဆီလီကာ ဂျယ်လေးတွေထည့်ထားတဲ့အိတ်ပါကင်မလုံရင် ဆီလီကာလေးတွေထွက်လာပြီး ဆေးနဲ့ဒြပ်ပြုတော့ အာနိသင်ပြောင်းတာတို့ ၊ ဆေးအသွင်ပြင် ပြောင်းတာတို့ဖြစ်လာပါတယ် ။

  • manawphyulay

    January 18, 2011 at 11:59 am

    ဆိုင်က ဖွင့်မဖောက်ပဲ ထားရောင်းတာဆိုတော့ ဒီလိုဆေးမျိုးတွေ ဘယ်လောက်များဆေးသောက်သုံးသူတွေဆီရောက်နေမလဲ။ နောက်တစ်ချက်က ခေတ်မီတဲ့မြို့ပေါ်က တတ်သိနားလည်တဲ့သူတွေ ဝယ်ရင် ပြသာနာမရှိပေမယ့် ဝေးလံခေါင်တဲ့နေရာက လူတွေဝယ်သွားပြီးသောက်ရင် အတော်ကို မတွေးဝံ့စရာပါပဲ။

    • etone

      January 19, 2011 at 2:57 am

      ဒီလောက်မဲညစ်နေတဲ့ဆေးတွေကိုတော့ ဝယ်မိရင်တောင် သောက်မဲ့သူရှားပါတယ် …။

  • naywoonni

    January 19, 2011 at 4:38 am

    အင်း ဆေးထိုးဆေးစားလုပ်နေရတဲ့သူမဟုတ်တော့မသိတော့ဝူးဟေ့ ။ ဒါပေမဲ့တို့ဆီကသူ တွေဆိုရင်တော့ နှမြောတာနဲ့သောက်ပစ်ကုန်မှာပဲ။ သိလား ။ သူတို့မှာ ဆေးခန်းပြရင်လည်း ရိုးရိုးဆို3000လောက် အထူးကုဆို သောင်းဂဏန်း အသာလေးကုန်မှပြနိုင်တာဆိုတော့။ ဟိုက လာကုနေတဲ့ အထူးကုဆေးခန်း ရှိတယ်လေ အနဲဆုံး 50000 လောက်ပါမှသွားရဲတယ်။ မဟုတ်ရင်အရှက်ကွဲမဲ့သာကြံ ။ တစ်နေ့ လုပ်ခ 1000/1500 လောက်ပဲရတဲ့နေ့စားတွေ အနားမကပ်နိုင်ရှာဘူး။ မြင်သာမြင် အကြင်နိုင်တဲ့ဘဝတွေ………………………။ဆေးသောက်ချင်လည်း အမိန့်ရဆေးဆိုင်က စပ်ပေးလိုက်တဲ့ ဆေးထုတ်လေးတွေပဲ မှီဝဲနေကြရတာ။ ဘာဖြစ်ရင်ဘာသောက်ဆိုပြီး ဆေးလုံးလေးတွေကို အိတ်ထဲထည့် မီးပိတ်ပြီးရောင်တယ်။ တစ်ချို့ ရွာတွေက အိမ်ဆိုင်လေးတွေက တစ်မျိုးကို အထုတ်လေးငါးဆယ် ယူပြီးရောင်းတယ် ဘာဆေးတွေမှန်းမသိ။ ဖျားရင်ဒီဆေးထုတ်သောက် ဝမ်းလျောရင် ဟိုဆေးထုတ်လေးသောက် 100/150 နဲ့ အသက်ဆက်နေကြရတာ အဲဒိလူတွေ ဘယ်နှဲ့လုပ်မလဲ ။အဲဒါတိုးတက်လာတာလေ… အရင်ကဆို ရွာ M.b.b.S နဲ့ နှစ်ပါးသွားနေရတာ။ ဗိန္တော ဆရာကိုပြောတာ။ ခုတော့ဘာဖြစ်ဖြစ် လျှက်ဆားလောက် သွေးဆေးလောက်နဲ့ မကုတော့ဘူး။ ဘာပဲဖြစ်ဖြစ် အဲဒိဆေးထုတ်လေးတွေနဲ့ ကုတော့တာပဲ။ တစ်ချို့ မသိတာမဟုတ်ဘူးနော် မတတ်နိုင်တာ ။အသဲအသန်ဖြစ်မှ ဆေးရုံဆေးခန်းပြေးကြတာ။ အဲဒိတော့ရောဂါက လွန်ကုန်ရော..။

  • etone

    January 19, 2011 at 6:19 am

    အသည်းသန်ဖြစ်မှ ဆေးရုံတတ်တယ်ဆိုလို့ ဖွလိုက်ဦးမယ်…
    ဟိုးတစ်လောက ရွာက အသက်ခြောက်ဆယ်ခန့် လင်မယားနှစ်ယောက်နဲ့ ဆိုင်တစ်ဆိုင်မှာ စုံပါရော .. ရန်ကုန်ကို ကင်ဆာလာကုတာတဲ့…သူတို့မှာပါတဲ့ စာရွက်အပိုင်းလေးတွေ အပ်ထရာဆောင်း ရိုက်ထားတာလေးတွေအရဆိုရင် အစာအိမ်နံရံ4cm လောက်ထူနေမှန်းတော့ တွေ့ပါတယ်…. သူတို့စိုးရိမ်သလို အစာအိမ်ကင်ဆာလည်း ဖြစ်နိုင်ပါတယ်ပေါ့… ကြည့်ရတာ ရွာက တက်လာတာ ဒီမှာ အမျိုးတွေရှိပုံမပေါ်တာနဲ့ အီးတုံးကလည်း စပ်စပ်စုစု ဘယ်နေရာမှာ ငှားနေ ဈေး သက်သာတယ် ။ ဘယ်ဆေးခန်းမှာ ဘယ်အထူးကုနဲ့ ပြဆိုပြီး အာရိုက်ခဲ့တယ်… ဆက်သွယ်ဖို့လေးလည်း ပေးခဲ့တယ်…. အကူညီလိုခဲ့ရင်ပေါ့ … ။ နောက် 1လလောက်ကြာတော့ရွာက ထိုလင်မယား ဖုန်းဆက်ပါတယ် … သူတို့ပြန်ရောက်ခဲ့ကြောင်း ကင် ဆာရောဂါလုံးဝပပျောက်သွားကြောင်း ပြောပါတယ်… မြန်မာဆေးဆရာနဲ့ အမြစ်ပြတ်သွားတယ်လို့လည်း သိရပါတယ်…(သူတို့အထင်ပါ)။ ဒါပေမဲ့ အစာအိမ်ကင်ဆာ ဆိုတာမျိုးက ပျောက်ဖို့မလွယ်ဘူးလေ ။ မခွဲမစိတ် ဒြပ်မကင်ပဲနဲ့ …။ တကယ်တော့ မြန်မာဆရာ ရိုက်စားလုပ်တာပါ… ရောဂါက ကျွမ်းနေပြီ… အခုတော့ သေမဲ့ရက်ကို စောင့်နေတုန်း… ။ ယုံအောင် လှည့်စားတတ်တဲ့ မြန်မာဆေးဆရာ ကင်ဆာကုပုံကိုလည်း သိခွင့်ရခဲ့ပါသေးတယ်… နောက်မှပဲ ပို့စ်အနေနဲ့ ရေးတော့မယ် ..။

  • လင်းဝေကျော်

    January 19, 2011 at 10:03 am

    လိမ်လည်လှည့်ဖြားတာတွေကို ဖေါ်ထုတ်သင့်တာပေါ့။
    ဘယ်လို လိမ်တယ် ဘယ်လိုလုပ်တယ်ဆိုတာ သေချာရေးပေးပါ။
    ဂျာနယ်ထဲပါ ထည့်ချင်သလား

    • etone

      January 19, 2011 at 10:16 am

      လိမ်တာဆိုတာကလည်း လူတိုင်းကို လိမ်လို့ရတာမဟုတ်ဘူးလေ ဦးလေးရဲ့ ။
      ယုံမဲ့လူရှိမှ လိမ်တာ အထမြောက်မှာပေါ့ … ။ အဲ့ဒီအကြောင်းရေးတော့ရေးမှာပါ… အ ခု အလုပ်နဲ့ ဆိုင်းဝိုင်းတီးနေရလို့ …။ ဂျာနယ်ထဲမထည့်လိုက်ပါနဲ့ သူများ စားပေါက်ပိတ်သွားမှာစိုးလို့ … ။ ပြောမဲ့သာပြောသာ သူကလည်း ခိုင်သလားမမေးနဲ့ လူနာတစ်ယောက်ကို သိန်း ဂဏန်းပဲ … ။

  • လင်းဝေကျော်

    January 20, 2011 at 2:38 am

    ဒီလောက် လိမ်နေတာ လူသိအောင်လုပ်သင့်တာပေါ့။
    လူတိုင်းတော့ဘယ်လိမ်လို့ရမလဲ သို့သော် အားနည်းချက်နဲ့ မျှော်လင့်ချက်ကင်းနေသူတွေကို လိမ်နေတာတော့ ဆိုးလွန်းပါတယ်။
    အဲဒီလောက်ငွေဆို တစ်ချို့မရှိသူတွေမှာ အတော်ကြိုးစားလာရမှာ။
    ရွာစားမကြီးရေ ဆိုင်းဝိုင်းထဲခဏနားတုန်း ရေးလိုက်ပါ။

    • etone

      January 20, 2011 at 3:59 am

      သိသိကြီးနဲ့ သွားအလိမ်ခံနေတာကို ပြောတဲ့လူက ပြောနေတာ မယုံတော့လည်း သူ့ထိုက်နဲ့ သူ့ကံပဲပေါ့ … ။ လူမုန်းခံပြီးမပြောတော့ဘူး အေးဆေးပဲ ဆိုင်းတီးနေတော့တယ် ဦးလေးရေ 😀

  • thuyamon

    February 7, 2011 at 1:15 pm

    ဒီမိုကရေစီရပြီးနောက်မြန်မာပြည်မှာ ယခုကဲ့သို့သောဖြစ်စဉ်များ လုံးဝပပျောက်သွား မည်ဟု…နိုင်ငံတော်သမ္မတကြီးမှ မိန့်ခွန်းခြွေရန်စာစီနေဆဲမို့သီးခံပေးကြပါခင်ဗျာ… တိုင်းသူပြည်သားအပေါင်း ဆေးအတုဘေးမှကင်းဝေးနိုင်ကြပါစေ…

Leave a Reply