လူသားတွေမှာ ခွန်အားကြီးတာကောင်းသလား၊ ခွန်အားနဲတာကောင်းတာလားလို့ ဆိုတဲ့မေးခွန်းကို ဖြေတဲ့နေရာမှာ ခွန်အားနဲတာကောင်းတယ် လို့တော့ ဘယ်သူမှမဖြေကြပါဘူး။ ဒီတော့ခွန်အားကြီးတာကောင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်။ လူသားတွေမှာရှိတဲ့ခွန်အားတွေကိုကိုယ်ကာယ ခွန်အား နဲ့ စိတ်ပိုင်းဆိုင်ရာခွန်အားဆိုပြီး နှစ်ပိုင်းခွဲနိုင်ပါတယ်။ ဒီခွန်အားနှစ်မျိုးစလုံးတိုးတက်လာမှသာ အမှန်တကယ်ခွန်အားကြီးသူတွေ ဖြစ်လာ ကြပါတယ်။ ဒီနေ့ခေတ်ကာလဟာ ပြိုင်ဆိုင်မှုနဲ့ဖေါက်ပြန်မှုတွေ အလွန် အားကောင်းလာတဲ့အတွက် ခွန်အား နဲပါးသူတွေ၊ ခွန်အားယုတ်လျှော့နေသူ တွေဟာ ဆက်ပြီးရှင်သန်ဖို့တောင်သိပ်မလွယ်ပါဘူး။ ပြိုင်ဆိုင်မှုဆိုတဲ့နေရာမှာ လူသားတစ်ဦးနဲ့ တစ်ဦးပြိုင်ဆိုင်မှုတွေသာမက လုပ်ငန်းငယ်လေးတွေလည်းပြိုင်ရမှာပဲ။ လုပ်ငန်းကြီးတွေလည်းပြိုင်ရမှာပဲ။ အဖွဲ့အစည်းတွေလည်းပြိုင်နေရတာဖြစ်ပါတယ်။ မပြိုင်နိုင်သူတွေဟာ ပြုတ်ပြတ်ပြီး ကျန်နေခဲ့တာပါပဲ။ ပြိုင်နိုင်မဲ့အနေအထားမျိုး သန်စွမ်းမှာသာလျှင် ရှင်သန်နေထိုင်နိုင်မှာဖြစ်ပါတယ်။ အင်္ဂလိပ်ဆိုရိုးလေးတစ်ခု ပြောရင် Survival of the fittest လို့ဆိုရမှာဖြစ်ပါတယ်။ သန်စွမ်းသူသာ ရှင်သန်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံးဟာ ကိုယ်ကာယခွန်အား ရော၊ စိတ်ဓါတ်အင်အားပါ အမြဲတိုးပွားနေအောင်လုပ်ဆောင်နေရမှာဖြစ်ပါတယ်။

ကိုယ်ကာယခွန်အားဘယ်လိုတိုးပွားအောင်လုပ်မလဲဆိုတာကစကြရအောင်။ လူသားတစ်ဦးဖြစ်လာရင် ခန္ဒာကိုယ်ရတာပါပဲ။ လူ့ခန္ဒာကိုယ်ရဲ့ အဓိကလိုအပ်ချက်ဟာ လှုပ်ရှားမှုဖြစ်ပါတယ်။ ကိုယ်ခန္ဒာဆိုတာ လှုပ်ရှားပြောင်းလဲမှုသဘောဖြစ်တယ်။ ခန္ဒာကိုယ်အတွင်းမှာရှိတဲ့ Cell တွေ၊ ဟာ အမြဲတမ်းပြောင်းလဲနေတယ်။ အရိုးတွေ၊ အဆစ်တွေ၊ အကြောတွေ၊ ၀မ်းတွင်း အဂ်ါအားလုံးဟာ သင့်တော်တဲ့လှုပ်ရှားမှုကိုလိုအပ်ပါတယ်။ အသက်အရွယ်မရွေး ကျား/မ မရွေး လှုပ်ရှားမှုအတွက် အနည်းဆုံး လမ်တော့ လျှောက်ကြရမှာဖြစ်ပါတယ်။ ဒီထက်ပိုပြီးအားကစားလှုပ်ရှားမှုတွေလုပ်နိုင်ရင်တော့ပိုကောင်းပါတယ်။ လူတစ်ချို့က ၀င်ငွေမလုံလောက်လို့ ကိုယ်လက်လှုပ်ရှားမလုပ်နိုင်တာတို့၊ အလုပ်များလွန်းလို့မလုပ်နိုင်သေးတာအစရှိသည်ဖြင့် ကျိုးကြောင်းပြပြီးပျင်းယိနေသူများရှိပါတယ်။ အများအားဖြင့် ဒီနေ့ခေတ်မှာ Internet သုံးစွဲတာများတဲ့သူတွေဟာ လှုပ်ရှားမှုတွေရော့နဲသွားတတ်ပါတယ်။ ရောဂါဝေဒနာတစ်ခုရလိုက်ပြီဆိုတာနဲ့ ငွေကြေးကုန်ကျတာအပြင်နာကျင်မှုဝေဒနာများကိုပါ ခံစားကြရမှာဖြစ်ပါတယ်။ ဒါကြောင့်ကျန်းမာနေစဉ်အတွင်းမှာ ကိုယ်လက်လှုပ်ရှားလုပ်ဘို့အရေးကြီးပါတယ်။ ဒါပေမဲ့လည်း မိမိကိုယ်မိမိ ညှင်းဆဲ့တာမျိုးတော့မလုပ်ရပါဘူး။ ဒါဟာခွန်အားကြီးမားစရာ အခြေခံအကြောင်းဖြစ်ပါတယ်။

ကိုယ်လက်လှုပ်ရှားပြီးတာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးဟာ အလွန်အရေးကြီးပါတယ်။ သန့်ရှင်းစင်ကြယ်ခြင်းဟာ ဖွံ့ဖြိုးတိုးတက်ခြင်းရဲ့အစဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုယ်တိုင်သန့်ရှင်းရေးအတွက် ရေချိုးရမယ်၊ ခေါင်းလျှော်ရမယ်။ လက်သဲ၊ ခြေသဲ များမှန်မှန် ညှုပ်ရမယ်။ လက်ကို ဆပ်ပြာနဲ့ ခဏခဏဆေးရမယ်။အစာမစားခင်လက်ဆေးရမယ်။ အိမ်သာကိုအသုံးပြုပြီးတိုင်းလက်ဆေးရမယ်။ အစားအသောက်များကို လက်ဖြင့် တိုက်ရိုက်ကိုင်တွယ်ခြင်းမှ ရှောင်ကျဉ်ရမယ်။ ချက်ပြုတ်တဲ့နေရာမှာ လည်း ချက်ပြုတ်ရာမှာ အသုံးပြုတဲ့အိုးခွက်ပန်းကန်တွေ၊ ချက်ပြုတ်မဲ့ရေ၊ဆန်၊ ဟင်းသီးဟင်းရွက်နဲ့ အသားတွေ အားလုံးသန့်ရှင်းရမှာဖြစ်ပါတယ်။ လူအတော်များများဟာ မိမိကိုယ်ကိုသန့်ရှင်းရေးလုပ်ရမှာကို မေ့လျှော့နေတတ်သလို၊ မိမိပတ်ဝန်းကျင် ကိုလည်းသန့်ရှင်းရမှာ ကိုမေ့လျှော့နေကြတာများပါတယ်။ မိမိရဲ့ အိမ်အတွင်း၊ အိမ်အပြင်၊ ရပ်ကွက်၊ လမ်းများ၊ ဈေးများ၊ အများပြည်သူအသုံးပြုသည့် ပို့ဆောင်ရေးလုပ်ငန်းများ၊ မြို့တော်ကြီးများ အားလုံးကို သန့်ရှင်းကြရမှာဖြစ်ပါတယ်။ မသန့်ရှင်းသော သူ၊ မသန့်ရှင်းသောနိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်ခြင်းမဖြစ်ပါ။

သန့်ရှင်းပြီးတာနဲ့ အရေးကြီးတာက အဟာရပြည့်ဝတဲ့ အစားအစာများ (Wholesome food) တွေကိုစားသောက်ကြရမှာဖြစ်ပါတယ်။ ဒီလိုပြောတာဟာ ဈေးကြီးတဲ့ အစားအစာတွေကိုစားဖို့ပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့လူသားတွေရဲ့ အစား အသောက်တွေဟာ လူသားတွေအတွက်အလွန်အရေးကြီးပါတယ်။ အစားအသောက်တွေဟာ သန့်ရှင်းရမှာဖြစ်သလို၊ အဟာရပြည့်ဝရန် (Nutritious) လည်းအလွန်လိုပါတယ်။ လူသားတွေဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖြင်း အားဖြင့် ကစီဓါတ် (Starch)ှ၊ အသားဓါတ် (Protein)၊ ကယ်လစီယမ်ဓါတ် (Calcium)၊ နဲ့ ဗီတာမင်ဓါတ်များ (Vitamins) တွေလိုအပ်ပါတယ်။ လူသားတွေစားသောက်တဲ့ အစားအစာတွေမှာ အဟာရပြည့်မပြည့် လေ့လာတဲ့ ပညာကို (Nutritious Science) လို့ ခေါ်ပါတယ်။ ကိုယ်ခန္ဒာ ဖွံ့ဖြိုးတိုးတက်မှုအတွက် လူသားတွေဟာ ကစီဓါတ်နဲ့ အသားဓါတ်ကိုစားရန်လိုပါတယ်။ ကစီဓါတ်က်ု ဆန်၊ ဂျုံ၊ ပြောင်း၊ အစရှိတဲံ အနှံကဖြစ်တဲ့အစားအစာတွေကရနိုင်ပါတယ်။ အသားဓါတ်ကိုတော့ သက်ရှိသတ္တ၀ါတွေရဲ့ အသား တွေကနေရရှိပါတယ်။ အမဲသား၊ ဆိတ်သား၊ ၀က်သား၊ ကြက်သား၊ ငါး အစရှိသည့် အသားများမှ ရရှိပါတယ်။ အကယ်လို့ အသားမစားချင်ဘူးဆိုရင် အလွယ်ဆုံး Protein ရနိုင်တာက ပဲမျိုးစုံမှဖြစ်ပါတယ်။ ဒါကြောင့် လူသားအားလုံးဟာ ပဲကို မဖြစ်မနေ စားကြရမှာဖြစ်ပါတယ်။ အရိုအဆစ်တွေကြီးထွားဖို့က ကယ်လစီယမ် (Calcium) လိုပါတယ်။ ကယ်လစီယမ်ကို နို့ထွက်ပစ္စည်းတွေ (Dairy Products) ကနေရပါတယ်။ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ နွားနို့၊ ဒိဉ်ချဉ်၊ Cheese တွေကိုစားသောက်ရန် လိုပါတယ်။ ဒါပေမဲ့ နို့မှာက အဆီပါဝင်မှုများတံအတွက် အသက် (၄၀) ကျော်သူများလျှော့စားသင့်ပါတယ်။ ဗိုက်တာမင်မျိုးစုံကို ဟင်းသီးဟင်းရွက်များနဲ့ အသီးများကရပါတယ်။ လူသားတွေအတွက် ဗိုက်တာမင်အားလုံးဟာ အရေးကြီးသော်လည်း အရေးကြီးဆုံးက ဗီတာမင် စီ ဖြစ်ပါတယ်။ ဗီတာမင်စီဓါတ်ဟာ အချဉ်ဓါတ်ဖြစ်ပြီး သံပုရာသီး၊ ရှောက်သီးနဲ့ လိမ္မော်သီးတို့ကရပါတယ်။ အသီးတစ်နေ့တစ်လုံးစားနိုင်ရင် တော့အကောင်းဆုံးဖြစ်ပါတယ်။ An apple a day, keep a doctor away. ဆိုပြီး ဆိုရိုးစကားလေးတစ်ခုရှပါတယ်။ ပန်းသီးတစ်နေ့တစ်လုံးစားပေးခြင်းဟာ ကျန်းမာရေးကိုတိုးတက်စေသည်လို့ ဆိုလိုပါတယ်။ ဒါကြောင့် နေ့စဉ် အသီးတစ်လုံးလောက်စားပါ။ မစားဖြစ်ရင် Orange Juice တစ်ခွက် လောက်တော့သောက်ပါ။ မသောက်ရင် တုတ်ကွေးတို့၊ အအေးမိတာတို့ မကြာခဏဖြစ်မှာဖြစ်ပါတယ်။ နောက်အရေးကြီးတာက သန့်ရှင်းတဲ့ရေကို အလုံအလောက်သောက်ရန်ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို ရေ မတ်ခွက်နဲ့ (၈) ခွက်ခန်သောက်သင့်ပါတယ်။ အိပ်ချိန်ပြည့်ဝရန်လိုပါတယ်။ ချိုလွန်း၊ ငံလွန်းသော အစားအစာများကိုရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ ကျန်းမာရေး ကောင်းစေနိုင်တဲ့ နည်းများကို ဆက်လက်ရေးသားပါမည်။

နောက်ခွန်အားတိုးရန်လိုအပ်ချက်ကတော့ မကောင်းတဲ့အကျင့်စရိုက်များကို ပယ်ဖျက်ရန်ဖြစ်ပါတယ်။ လူမျိုးများအတွက် အဆိုးရွားဆုံးအကျင့် စရိုက်က ကွမ်းစားခြင်းပဲဖြစ်ပါတယ်။ ကွမ်းစားလိုက်တာနဲ့ လူတစ်ယောက်မှာရှိသင့်တဲ့တန်ဘိုးနဲ့ ဂုဏ်သိက္ခာ တွေပျောက်ကွယ်သွား ကြတာ ဖြစ် ပါတယ်။ ပြည်တွင်းမှာ မသိသာသော်လည်း နိုင်ငံတကာ အဆင့်ရောက်လာရင် အလွန်သိသာမှာဖြစ်ပါတယ်။ ဒါကြောင့် ကွမ်းစားခြင်းနဲ့ ကွမ်းရောင်း ခြင်းကို ပြင်းပြင်းထန်ထန် ပပျောက်အောင်လုပ်ရပါမယ်။ ကွမ်းမှာပါတဲ့ ဆေးရွက်ကြီးဟာ စွဲလမ်းစေတတ်ပြီး ကင်ဆာရောဂါကိုဖြစ်စေပါတယ်။ စွဲလမ်းတတ်တဲ့အရာတွေဟာ စိတ်ကိုပြောင်းလဲစေတတ်တဲ့ဆေးဝါးတွေလည်းပါလာပါတယ်။ လူဆိုတာက မလုပ်ပါနဲ့ လို့တားမြစ်ရင် ပိုလုပ် ချင်တဲ့ သဘောရှိပါတယ်။ ဆေးလိပ်၊ ဘီယာ၊အရက် တွေဟာ Entertainment ၊ Social နဲ့ addiction လို့ခေါ်တဲ့ စွဲလမ်းခြင်းတွေ ရောယှက်နေပါတယ်။ လူ့အသိုင်းအထဲမှာနေရင် ဒါတွေကိုရှောင်ဖို့သိပ်မလွယ်ပါဘူး။  ဒါပေမဲ့ addiction လို့ခေါ်တဲ့ စွဲလမ်းခြင်းဖက်ကို မရောက်သွားဖို့ အလွန် အရေးကြီးပါတယ်။ အဆိုဆုံးကတော့ မူးယစ်ဆေးဝါးများဖြစ်ပါတယ်။ မူးယစ်ဆေ၀ါးမှာ ဆေးပြားများမှသည် No. 4 ဟီးရိုးအင်းများအထိပါပါတယ်။ ဒါတွေကတော့ စမ်းလိုက်တာနဲ့ စွဲသွားတာဖြစ်ပါတယ်။ ဒီဆေးတွေအပေါ်မှာ မှီခိုလိုက်ပြီ ဆို မိမိတို့ရဲ့ ခွန်အားများ တစ်နေ့ထက်တစ်နေ့ ရုပ်လျှော့သွားမှာဖြစ်ပါတယ်။

ဒါကြောင့် လူသားများ မိမိတို့ခွန်အားတွေတိုးလာရန် လှုပ်ရှားမှုနဲ့ အားကစားများအခုစလုပ်ပါ။ တစ်ကိုယ်ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းအောင် ကျိုးစားပါ။ အဟာရပြည့်ဝတဲ့ အစားအသောက်များကို စားပါ။ မကောင်းတဲ့ အကျင့်စရိုက်များကို ပယ်ဖျောက်ပါ။  စိတ်ဓါတ်ခွန်အားတိုးအောင် ဘယ်လိုလုပ်မလဲ ကိုနောက်တစ်ပုဒ်မှဖတ်ပါ။

About asiamasters

Khin Maung Lwin has written 78 post in this Website..

I'm interested to change for the better of Myanmar people. I value income, knowledge, strength, technology and humanity.