မောင်ထွန်းလွင်ပြောသော tunlwin.com

ဂ်စ္စူNovember 3, 20101min1147

ပေါ်ပျူလာမြန်မာ သတင်းဂျာနယ်မှာ ဖော်ပြထားတဲ့ ဦးထွန်းလွင်၏ ကိုယ်တိုင်ရေးပို ့စ် လေးတစ်ခုဖြစ်ပါတယ်

မိုးလေဝသ သတင်းဆိုဒ်လေး တည်ထောင်ခြင်းနဲ ့ပတ်သတ်ပြီး သူ၏ ရင်တွင်းဖြစ်ခံစားချက်များကို ဖော်ပြထားတဲ့ ပို ့စ်လေးလဲ ဖြစ်ပါတယ်။ရတနာပုံမှာ လာရေးနေရရင် ပင်ပန်းမှာဆိုးလို ့ စေတနာဗလပွနဲ ့ ခိုးတင်..အဲ…အဲ….ဆရာဦးထွန်းလွင်အစား ကျနော်က လာဖော်ပြပေးတာပါလို ့။

နာဂစ်ကစခဲ့တဲ့ ရင်ထဲကရောဂါ

ရာသီဥတု ပြောင်းလဲခြင်းနဲ့ ပတ်သက်ခဲ့ရ။ မိုးလေဝသအခြေ အနေခန့်မှန်းခြင်းနဲ့ ပတ်သက်ခဲ့ရ။ ကိုယ်ပိုင ်Website တစ်ခုတော့ လုပ်ဖို့လိုနေပြီလို့ ဌာနကအငြိမ်းစား ယူပြီးစကတည်းက သတိထားခဲ့မိ ပါတယ်။ အကြောင်းကတော့ ၂ဝဝ၈ မေလကကျရောက်ခဲ့တဲ့ ဆိုင်ကလုန်းနာဂစ်ကြောင့် ကျွန် တော်တို့ နိုင်ငံသူ နိုင်ငံသားတွေဟာ awareness တွေ ဘယ်တုန်းကမှ နဲ့ကိုမတူအောင်တိုးမြင့်လာခဲ့ပါတယ်။ နာဂစ်နဲ့ကိုယ်တိုင် တွေ့ခဲ့ကြသူတွေအနေနဲ့ မိသားစု တစ်ခုလုံး ဆုံးရှုံးရသူတွေ၊ အဖေ တစ်ကွဲ အမေတစ်ကွဲဖြစ်ရသူတွေ၊  သားသမီးဆုံးရှုံး ရသူတွေအနေနဲ့  ဆိုးဝါးခါးသီးလှတဲ့ အတွေ့အကြုံ တွေကြောင့် ခမျာများ ကျီးလန့်စာ စား ဖြစ်ရှာ ကြပေ လိမ့်မယ်လို့ ကျွန် တော်အမြဲတွေးပြီး စိတ်မကောင်း ကြီးစွာ ဖြစ်ရပါတယ်။ အထူးသဖြင့် နာဂစ်နဲ့ပတ်သက်တဲ့ ကြိုတင်သတိ ပေးချက်တွေ ထုတ်ပြန်ရာမှာ အဓိကတာဝန်ရှိတဲ့သူတစ်ဦး ဖြစ်ခဲ့ရ တာအနေနဲ့လည်း  ပြည်သူတွေ အပေါ်မှာ အလုပ်အကျွေးပြုချင်တဲ့ စိတ်တွေလည်း တဖွားဖွားပေါ်နေ မိပါတယ်။ တကယ်တော့ ”ဒါ … ငါ့မိဘဆွေမျိုးသားချင်းတွေပဲ။ တို့ပြည်သူပြည်သားတွေ ရာသီဥတု နဲ့ ပတ်သက်လို့ သိလိုတာတွေ၊ အကာအကွယ်ပြုလိုတာတွေ၊ ဗဟု သုတပွားလိုတာတွေ၊ တစ်ထောင့် တစ်နေရာက တစ်တပ်တစ်အား ငါလုပ်ရပေလိမ့်မယ်”လို့ ဆင်ခြင် မိပါတယ်။
ကြည့်တတ်တော့ ဘာဝနာ
ဒါကြောင့်လည်း အငြိမ်းစားယူ ခဲ့တဲ့(၂၉-၅-၂ဝဝ၉)ကစပြီး စာရေး တာတွေ၊ စာသင်တာတွေ၊ ဟော ပြောတာတွေ၊ သုတေသနပြုတာ တွေကိုဘဝလှိုင်းတံပိုးတွေကို ကြံ့ကြံ့ခံရင်း  မမောနိုင်မပန်းနိုင် လုပ်နေခဲ့မိပါတယ်။ အငြိမ်းစားယူဖြစ် ခဲ့တာကိုပဲ ကျေးဇူးတင်နေမိပါ တယ်။ အထူးသဖြင့် ပြည်သူတွေရဲ့ လက်ရှိ သဘာဝ ဘေး ကာကွယ် စောင့်ရှောက်ရေးနိုးကြားမှုတွေကို အခွင့်အရေးကောင်းတစ်ရပ်အနေနဲ့ အမိအရဖမ်းယူပြီး အသိတွေ၊ သတိ တွေပွားစေဖို့ လုပ်လိုတဲ့ဆန္ဒဟာ ကျွန်တော့်မှာ တားမနိုင်ဆီးမရ ဖြစ်နေမိပါတယ်။ဒါကြောင့်လည်း အငြိမ်းစားယူ အပြီး ဒီတစ်နှစ်တာကျော်ကျော် ကာလအတွင်း အကျေနပ်ဆုံး လုပ် ငန်းလေးတွေအချို့ကို အကောင် အထည်ဖော်နိုင်ခဲ့ပါတယ်။ စာမျက် နှာ (၁၆ဝ)ကျော်ရှိတဲ့ ‘မြန်မာနိုင်ငံရဲ့ ရာသီဥတုပြောင်းလဲခြင်း ဆောင် ရွက်မှုဆန်းစစ်ချက် အစီရင်ခံစာ’ (Myanmar Climate Change Performance Assessment Report-MCCPAR)ကို ပြုစုဖြစ်ခဲ့ ပါတယ်။ ရာသီဥတု၊ မိုးလေဝသ၊ သဘာဝဘေးအန္တရာယ်စတာတွေ နဲ့ပတ်သက ်တဲ့ ဆောင်းပါး ၉ဝ ကျော်ကို အငြိမ်းစားယူပြီးတစ်နှစ် အတွင်း ရေးဖြစ်ခဲ့တယ်။ နယ်အနှံ့ ရာသီဥတုပြောင်းလဲခြင်း ဟောပြော ပွဲတွေ ဟောပြောဖြစ်ခဲ့ပါတယ်။ သင်တန်းတွေပို့ချဖြစ်ခဲ့တယ်။ ပြည်ပမှာလည်း မြန်မာနိုင်ငံ ရာသီ ဥတုပြောင်းလဲခြင်း၊ နာဂစ်အတွေ့ အကြုံတွေ ဟောပြောဖြစ်ခဲ့တယ်။ အဲဒီအထဲကမှ အကျေနပ်ဆုံးက တော့ စေတနာရှင်များရဲ့အလှူငွေနဲ့ ‘မုန်တိုင်းအကြောင်း သိကောင်း စရာ’ စာအုပ်ငယ်တစ်သိန်းကျော်ကို ပြည်သူများဆီကို အခမဲ့လှူဒါန်းနိုင် ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
ကျွန်တော်နဲ့ tunlwin.com
အခုတော့ ရာသီဥတုနဲ့ မိုးလေ ဝသခန့်မှန်းခြင်းဆိုင်ရာ Website တစ်ခုကို လွှင့်တင်နိုင်ခဲ့ပါပြီ။ အထောက်အပံ့အကူအညီ ခိုင်ခိုင် မာမာမရှိခဲ့ပေမယ့် ပြင်းပြတဲ့စိတ်ဆန္ဒ ကြောင့်သာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။Internet Based Weather  and Climate Information Web ဖြစ်ပါတယ်။ အချက်အလက်တိုင်းတာချက်တွေကို Internet က ယူပါတယ်။ Analysis, Diagnosis, Prognosis တွေအားလုံးကိုတော့ ကိုယ်တိုင်ပဲ လုပ်ပါတယ်။ အမြဲမပြတ်လာမေး နေကြတဲ့ ဂျာနယ်သတင်း ထောက် ကလေးတွေကြောင့် လူတွေဘာ တွေသိချင်နေကြတယ်၊ ဘာတွေ စိုးရိမ်နေကြတယ် ဆိုတာလေးတွေ ကိုခန့်မှန်းမိရာက အခုလိုဆန္ဒတွေ ပေါ်လာတာ ဖြစ်ပါတယ်။
လူတွေမှာတာဝန် (၃) ရပ် ရှိကြတယ်
ကျွန်တော်ငယ်ငယ်က မှတ် သားဖူးတဲ့ စကားအဆိုအမိန့်တစ်ခု ရှိပါတယ်။ အဲဒါကတော့ ‘လူဆိုတာ တာဝန်(၃)ရပ်ရှိတယ်။ ပထမတာ ဝန်က အတတ်ပညာတစ်ခုခုကို တတ်အောင်သင်ရမယ်။ ဒုတိယ တာဝန်က ပိုမိုတတ်ကျွမ်းအောင် သင်ရမယ်။ တတိယတာဝန်က တော့ မိမိတတ်ကျွမ်းသမျှကို မျိုး ဆက်သစ်လူငယ်တွေကို ပြန်သင် ကြားပေးရမယ်’လို့ နိုင်ငံ့ခေါင်း ဆောင်ကြီးတစ်ဦးက ပြောဖူးပါ တယ်။ ဟုတ်ကဲ့။ ကျွန်တော် လောဘများ သိပ်ကြီးနေမလားပဲ။ သိပ်လူဖြစ်ချင်တယ်ဗျာ။ အမှန်ပြော ရရင် လောကမှာ ကျွန်တော် လောဘအလွန်ကြီးတဲ့အရာနဲ့ လောဘမကြီးတဲ့အရာဆိုတာရှိပါ တယ်။ ကျွန်တော်လောဘကြီးတဲ့ အရာကတော့ ‘ပညာရဖို့’ ဖြစ်ပါ တယ်။ လောဘမကြီး စိတ်မဝင်စား တဲ့အရာကတော့ ‘ငွေရဖို့နဲ့ အခွင့် အာဏာရှိဖို့’ဖြစ်ပါတယ်။  တောမှာ မွေးလာတဲ့လူမို့ တောနေအဆင့်သာ အတွေးရှိပေတယ်လို့ဝေဖန်ရင် လည်း ကျွန်တော်စိတ်ဆိုးမှာ မဟုတ်ပါဘူး ဗျာ။
စကတည်းကယဉ်ခဲ့တဲ့ tunlwin.com
ဖြစ်ချင်တော့ ကျွန်တော့် website စမ်းသပ်နေတုန်းမှာပဲ ဆိုင် ကလုန်းမုန်တိုင်း ဂီရိကဖြစ်ခဲ့တယ်။ (၂၃-၁ဝ-၂ဝ၁ဝ) သီတင်းကျွတ် လပြည့်နေ့မှ ဖွင့်ပွဲလုပ်မယ့် ကျွန် တော့် website ဟာ စကတည်းက ယဉ်သကိုး ဖြစ်နေပါတော့တယ်။ တစ်သက်လုံး မိုးလေဝသအလုပ် တွေ.. ရာသီဥတုအလုပ်တွေ.. ရူးရူးသွပ်သွပ်လုပ်နေခဲ့တဲ့ ကျွန် တော့်ကို မိုးနတ်မင်းကြီးက ကြိုတင် welcome လုပ်လိုက်တယ် ထင်ပါ ရဲ့ဗျာ။ဖွင့်ပွဲလုပ်တဲ့ (၂၃-၁ဝ-၂ဝ၁ဝ) ရက်နေ့မှာ စမ်းသပ်ကာလ တစ်လ အတွင်းMCCW Web ကို Clip နှိပ်ကြည့်သူပေါင်း (၁)သန်းကျော်ခဲ့ တယ်လို့ counter ပြနေတော့ ကျွန်တော် အံ့ဩသွားရပါတယ်။ ဝင်ကြည့်တဲ့သူကပဲ တစ်သောင်း ခုနစ် ထောင် ကျော်ရှိပါတယ်။ ကျွန် တော် တာဝန်တွေရှိလာပြီလို့ ခံယူ လိုက်မိပါတယ်။
အခုတော့စဖြစ်ခဲ့ပြီ
အခုတော့ ကျွန်တော်စဖြစ်ခဲ့ပြီ။ တာဝန်မရှိတော့ပေမယ့် တာဝန် သိတဲ့အနေနဲ့လုပ်ဖြစ်ခြင်း’ ဖြစ်ပါ တယ်။ ခန့်မှန်းရေးတွေကို နေ့စဉ် တစ်ဦးတည်း လုပ်ရတော့မှာ ဖြစ်တဲ့ အတွက် ဝမ်းလည်းသာတယ်၊ ဝမ်း လည်းနည်းမိပါတယ်။ ဝမ်းသာတာကတော့ လုပ်သင့် လုပ်ထိုက်တာကို လုပ်ဖြစ်လို့ပါပဲ။ ဝမ်းနည်းတာကတော့ အကြီးစား နှလုံးခွဲစိတ်မှုခံထားရသူ တစ်ဦး အနေနဲ့ တစ်စထက်တစ်စ ယိုယွင်း လာနေတဲ့ ကျန်းမာရေးကြောင့်  စိုးရိမ်မိခြင်းပဲဖြစ်ပါတယ်။မိုးလေဝသသမားဆိုတော့ အာ ကာသလေးနဲ့မကင်းတဲ့ ဥပမာလေး တစ်ခုကို သတိရမိပါတယ်။ ‘ကြီးကျယ်မြင့်မြတ်တဲ့ အာဇာနည် တွေဆိုရင် ဥက္ကာပျံနဲ့တူပါသတဲ့။  ဥက္ကာပျံဆိုတာ ဘယ်သူ့ကိုမှ အား မကိုးဘူး။ ကိုယ့်ကိုယ်ကိုယ် လောင်စာ အဖြစ်သုံးပြီး ကမ္ဘာကိုအလင်းရောင် ပေးစမြဲ’ ပဲတဲ့။
မောင်ထွန်းလွင်(မိုးလေဝသ)

7 comments

  • True Faith

    November 3, 2010 at 11:32 am

    လေးစားပါတယ် ဆရာ ထွန်းလွင်ခင်ဗျား။ ပညာတတ် လူကောင်း ပီသပါပေတယ်။

    လောကမှာ ပညာတတ်လူမိုက်တွေ များနေတယ်ဗျ။ ပညာတတ်လူမိုက် ဆိုတာက ပညာတတ်ပြီး ကိုယ်ကျင့်သီလ တပြားဖိုးမျှမရှိပဲ ပညာကို ငွေရဖို့၊ အာဏာရဖို့ တလွဲအသုံးချနေသူပေါ့ဗျာ။

    ပညာတတ် လူကောင်း ဆိုတာကတော့ ပညာလည်းတတ်၊ ကိုယ်ကျင့် သီလလည်းကောင်း၊ ကိုယ့်ပညာကို အာဏာပါဝါ မမျှော်ကိုးပဲ လူသားတွေ အကျိုးစီးပွားအတွက် ပြန်လည်အသုံးချသူလို့ ကျနော်တော့ သတ်မှတ်တာပဲဗျ။

    မြန်မာပြည်က အခြား အခြားသော ပညာတတ် လူမိုက်များလည်း ဆရာ ထွန်းလွင်ကဲ့သို့ ဖြစ်လာပါစေလို့ ဆုတောင်းပါတယ်ဗျာ။

  • fatty

    November 3, 2010 at 11:33 am

    ဆရာ ဦးထွန်းလွင် ယခု အငြိမ်းစားယူပြီး … အများအကျိုးသယ်ပိုးနေသည်မှာ …ဂုဏ်ယူဖွယ်ကောင်းလှပါသည်။
    အငြိမ်းစားမယူခင် … နာဂစ်မုန်တိုင်းကြီးလာခါနီး … နာရီပိုင်းအလို နိုင်ငံခြား အသံလွှင့်ဌာန တခုက interview
    လုပ်တော့ ….. ဘာကြောင့်များ ဒီမုန်တိုင်းကြီးဟာ ဘာမှအရေးမကြီးသလိုဖြေကြားသွားပုံကိုတော့ဖြင့် ……
    နားမလည်နိုင်ပါ။ အဲဒီအသံလွှင့်ဌာနက နာဂစ်အပြီး ဆရာကြီးဦးထွန်းလွင်နဲ့ အမေးအဖြေကို ပြန်လည်လွှင့်ပြလိုက်စဉ်က ကြားခဲ့ရခြင်းဖြစ်ပါသည်။

  • ဆူး

    November 3, 2010 at 11:45 am

    စားသောက်ဆိုင် တခုမှာ တိုက်တိုက် ဆိုင်ဆိုင် ဘေးအနား စားပွဲမှာ စားနေရင်း ဦးထွန်းလွင် တော်ကီတွေ ကြားခဲ့တယ်.. အခု မလုပ်တော့ဘူး.. ပညာတတ်ဆိုတာ.. ပညာတတ်လို နေတယ်.. ဥပမာ ကွာ.. အင်ဂျင်နီယာ တယောက်ကို အသေသတ်ဖို့ စီရင်တယ်.. အဲဒီ ဓါးစက် ပြတ်နေလို့ အရှေ့ လူ ၂ယောက်လွတ်သွားတယ်.. အင်ဂျင်နီယာ အလှည့်မှာလည်း လွတ်သွားသတဲ့.. မင်း ဘာတောင်းဆိုမလဲ ဆိုတော့.. ဟို ချောင်နေတဲ့ မူလီလေး ကျပ်ချင်တယ် ဆိုပြိး မူလီကျပ်ပေးပြီး ဓါးစက်ကောင်းတော့ အသတ်ခံလိုက်ရသတဲ့.. ပညာတတ်ဆိုတာ.. အချိန်ရောက်လာရင် မနေနိုင်ဘူး.. သေချင်သေပစေ.. လုပ်မှာဘဲ ဆိုတဲ့ စိတ်ဓါတ် ရှိတယ်ကွလို့.. သူပြောနေတဲ့ ဇတ်လမ်းလေး တစွန်း တစ ကြားခဲ့ရတယ်.. တိုက်ဆိုင်လို့.. သူ့ အကြောင်း ရေးတုန်း ကြားမိတာ ဖောက်သည်ချသွားသည်

  • PaukPhaw

    November 3, 2010 at 11:46 am

    ကျန်းမာရေးမကောင်းတဲ့ကြားထဲက၊အပျက်အပျက် ကွန်နက်ရှင်များကြားကနေပြီး အဆင်ပြေသလို အများအကျိုးသယ်ပိုးနေတာပါပဲနော်။

  • paukpauk

    November 3, 2010 at 12:45 pm

    နာဂစ်တုန်းကလို မနက်တိုက်ခါနီးအချိန် ည၁ဝ နာရီထိ ရန်ကုန်ကို တစ်နာရီ ၄၅ -၅ဝ မိုင်နှုန်းတိုက်ခတ်မည်လို့ TV မှာ အဆက်မပြတ်ထုတ်လွှင့်ခဲ့တာ မှတ်မိနေပါသေးတယ်။
    CNN တို့တစ်ခြားသတင်းဌာနတွေက ဒီလောက်သတင်းပေးနေတာတောင် တစ်လွဲဖြစ်အောင် ပြည်သူကို သတင်းပေးခဲ့တယ်။

    အဲလိုထပ်မဖြစ်ရင်ပဲ တော်ပါပြီ။

    နိုင်ငံခြားမိုးလေဝသကလာတဲ့ သတင်းတွေကိုပဲ မှန်အောင် မြန်အောင် (ကိုယ်ပိုင်တိုင်းတာ ခန့်မှန်းသကဲ့သို့မပြောပဲ)
    မြန်မာလို ပညာရှင်ပီပီ လူပြိန်းနားလည်အောင်ပြောနိုင်ပါစေ ဟုသာ တောင်းပန်ချင်ပါသည်။

  • winkyawaung

    November 3, 2010 at 1:44 pm

    ဆရာ့ မိုလေဝသ ဓာတ်ပုံနဲ့စာတွေကို လူအများ နားလည်အောင် ရေးသားထား ပေးစေလိုပါတယ်။

  • unclegyi1974

    November 3, 2010 at 4:18 pm

    ဆရာဦးထွန်းလွင်ကို နာဂစ် နဲ့ပက်သက်ပြီး
    အမြင်မကြည်ကြဘူးနဲ့တူတယ်
    ကိုထီးကတော့ မင်းခယောကျာ်း ပါတဲ့
    နားလည်ပေးလိုက်ကြပါ

Leave a Reply