ကမ္ဘာကျော်ပုဂ္ဂုလ်ကြီးများ၏ ထူးထူးခြားခြားအချက်များ(၁)

အာဂNovember 3, 20101min1059

မျိုးရိုးထဲတွင်အဘိုးနှင့်တူသူ

၎င်း၏မျိုးရိုးထဲတွင် ဘိုအေဖြစ်သူနှင့် တူသူမှာ အမေရိကန်ပြည်ထောင်စု၏ ၁၆ ဦးမြောက်သမ္မတ ဖြစ်သည့် အေဘရာဟမ်လင်ကွန်း(၁၈၀၉-၁၈၆၅)ဖြစ်သည်။ တူညီသည့်အချက်များမှာ သူသည် ဘိုအေ ဖြစ်သူကဲ့သို့ပင် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရခြင်း။ နာမည်၏ ဦးဆုံးစာလုံးသည် အေ ဘရာဟမ်ဖြစ်ခြင်း၊ နှစ်ဦးစလုံး၏ ဇနီးအမည်များမှာ မေရီဖြစ်ခြင်းနှင့် နှစ်ဦးစလုံးတွင်သား တစ်ယောက်သာရှိပြီး၊သားများ၏အမည်များကိုလည်း သောမတ်စ် ဟူ၍ မှည့်ခေါ်ခြင်းတို့ဖြစ် ကြ သည်။

လက်ဆွဲနှုတ်ဆက်ခြင်း မပြုလိုသည့် သမ္မတ

အမေရိကန်ပြည်ထောင်စု၏ ပထမဦးဆုံး သမ္မတဖြစ်သည့် ဂျော့ဝါရှင်တန်(၁၇၃၂-၁၇၉၉) သည် သမ္မတအဖြစ် နှစ်ကြိမ်ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ သူ၏သမ္မတသက်တမ်း နှစ်ကြိမ်အတွင်းသူသည် လက်ဆွဲနှုတ်ဆက်ခြင်းကို လုံးဝ မပြုလုပ်ခဲ့ချေ။ လက်ဆွဲနှုတ်ဆက် ခြင်းမပြုရသည့် အကြောင်းမှာ သမ္မတတစ်ဦးအနေဖြင့် လက်ဆွဲနှုတ်ဆက်လျှင် သိက္ခာကျ သည်ဟု ယူဆခြင်းကြောင့်ဖြစ်ပြီး၊ လက်ဆွဲနှုတ်ဆက်ရမည့်အစား ဦးခေါင်းသာညိတ်ပြခဲ့သည်။

အသက်သတ်သတ်လွတ်စားသည့် အာဏာရှင်

နာဇီဂျာမနီ အာဏာရှင် အဒေါ့ဖ် ဟစ်တလာ(၁၈၈၉-၁၉၄၅) သည် သူ မကွယ်လွန်မီနောက် ဆုံးအချိန်ထိ အသက် သတ်သတ်လွတ်စားခဲ့သည်။

ဥပဒေပညာ၌ ပါရမီပါသူ

အမေရိကန်လူမျိုးနိုင်ငံရေးသမား အလက်ဇန်ဒါးဟာမေလ်တန်(၁၇၅၇-၁၈၀၄) သည် ဥပဒေ ပညာကို အချိန် (၄)လသာလေ့လာခဲ့သော်လည်း အတော်ဆုံး ဆုံးရှေ့နေများအနက်တစ်ဦးအပါ
အဝင်ဖြစ်ခဲ့သည်။

9 comments

  • ဆူး

    November 3, 2010 at 11:54 am

    ဆူးကလည်း လက်ဆွဲ မနုတ်ဆက်ပါဘူး.. သိက္ခာကျမှာ စိုးလို့.. ကွန်မန့်ဘဲ ပြန်ပေးလိုက်တယ်..
    သတ်သတ်လွတ်တော့ မစားဘူး.. အရွက်တွေ စားတာများရင် မြေဩစာတွေ ပြုန်းတီးကုန်မှာ စိုးလို့..ဟီးဟီး.. နောက်တာနော်.. ဦးလေးအာဂ ရေးတဲ့ ပိုစ်ကို ဖတ်သွားကြောင်း အမှတ်အသားလုပ်ပေး သွားတာ..

    • R Ga

      November 3, 2010 at 12:06 pm

      ဟုတ်ကဲ့ ခင်ဗျာကျေးဇူးပါပဲ..။ နောက်ထပ် အပိုင်း (၂) ကိုလည်း ကွန်နတ်ရှင်ကောင်းရင် ထပ်တင်ပါဦးမယ်ဗျာ.။

  • shweminthar

    November 3, 2010 at 12:09 pm

    ဟစ်တလာ သက်သတ်လွတ်စားတာ က သူသတ်ခဲ့တဲ့လူတွေ များလွန်းလို့ ပြန်ပြီး ကုသိုလ်ယူတဲ့ အနေနဲ့ သတ်သတ်လွတ် စားတာဖြစ်နိုင်တယ်။

    • R Ga

      November 3, 2010 at 12:19 pm

      ဖြစ်နိုင်တယ် ကိုရွှေမင်းသားရေ မောင်သန်းရွှေကြီးတောင် သတ်သက်လွတ်စား နေလားမသိဘူး လို့ တောင်တွေးမိသေးတယ်။

      ဒါပေမဲ့ ဟစ်တလာနဲ့ မောင်သန်ရွှေ လူသတ်တာခြင်းတူပေမဲ့ မတူတဲ့အချက်ရှိတယ် အဲဒါဘာလဲဆိုတော့ ဟစ်တလာက သူလူမျိုးကို မသတ်ဘူး တစ်ခြားလူမျိုးကို သတ်ပြီး သူနိုင်ငံ ကြီးပွားအောင်လုပ်တယ်။
      မောင်သန်းရွှေက ကိုယ့်လူမျိုးကိုသတ်ပြီး သူမိသားစု ကြီးပွားအောင်လုပ်တယ် ဗျ..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 3, 2010 at 1:48 pm

    ဆန်ရင်းနာနာဖွတ်ဆိုလား
    အဲဒါပညာရှိမည်ပေတယ်လေ
    ပညာရှိမည်ပေတယ်။

  • kai

    November 3, 2010 at 9:12 pm

    အချက်အလက်စစ်တာ…

    ၁) U.S. President Abraham Lincoln – Mary Todd Lincoln, wife of Abraham Lincoln
    Abraham Lincoln (Grandfather) – Bathsheba Herring (c. 1742 – 1836) & Abigail Harrison (c. 1710 – c. 1780) ->wifes of Abraham Lincoln
    နှစ်ဦးစလုံး၏ ဇနီးအမည်များမှာ မေရီဖြစ်ခြင်း ဆိုတာမှားပါတယ်..။ သမ္မတလင်ကွန်းအဖိုးမှာ မေရီအမည်နဲ့ သမီးပဲရှိပါတယ်..။ မိန်းမတော့ ၂ယောက်ကြီးများတောင် ရှိပါတယ်ခင်ဗျ..။

    ၂) ဟစ်တလာက အသီးအရွက်ပဲစားသူမဟုတ်ပါဘူး..။
    သက်သတ်လွတ်..(အသက်သတ်ခြင်းမှ ကင်းလွတ်)
    vegetarian နဲ့ သက်သတ်လွတ်နဲ့လည်း မတူပါဘူးနော..။
    အောက်မှာ ဟစ်တလာ vegetarianမဟုတ်ကြောင်းရှင်းထားတာလေးပါတင်ပေးလိုက်ပါတယ်..။

    It’s common knowledge that Hitler was a vegetarian. Just ask anybody: They’ll tell you so. Trouble is, the assumption is false. Hitler wasn’t a vegetarian at all. Consider the historical facts:

    • Biographers who wrote about Hitler (and who knew him quite well on a personal basis) openly describe his love for Bavarian sausages and game pie (“game” meaning wild meat from birds and other creatures).

    • Hitler’s own chef openly talked about Hitler’s love for stuffed pigeon.

    • In none of Hitler’s speeches or writing did Hitler state he was a vegetarian or speak in favor of vegetarianism.

    • Hitler was regularly given injections of a protein serum made from the testicles of a bull — not exactly a treatment that would be tolerated by vegetarians.

    • None of Hitler’s lieutenants were vegetarians, nor was vegetarianism promoted in any way in the Nazi party.

    ၂)

    • R Ga

      November 8, 2010 at 8:17 am

      ဆရာသမားရေ ကျွန်တော် နောက်ဆိုသေချာစစ်ပြီးမှတင်ပါ့မယ်.ဗျာ.။ ကျေးဇူး။

  • naywoonni

    November 8, 2010 at 12:51 pm

    ဘာပဲဖြစ်ဖြစ်ဓါတ်ပုံတွေတင်ပေးလိုက်တာတော့ကျေးဇူးတင်ပါတယ်ဗျာ

  • love empress

    November 8, 2010 at 2:19 pm

    အပိုင်လောင်းရဲတယ်ဟေ့ ငါတို့နိုင်ငံကအဲလိုတစ်ယောက်မှမဖြစ်ထွန်းနိုင် ဟု
    ကျေးဇူးပါ ဦးအာဂရေ နောက်လည်းအဲလိုဗဟုသုတရမယ့်ပို့စ်လေးတင်ပေးပါဦးနော်

Leave a Reply