ပြက္ခဒိန်တစ်စောင် ၅၀၀ဝ ကျပ် တဲ့

အာဂNovember 3, 20101min1249

တစ်နေ့ က သူငယ်ချင်းတစ်ယောက်ရဲ့ ရုံးခန်းကို အလည်သွားတော့ ဧည်သည်ဆောင်မှာခဏ နား နေတုန်း ရဲ သုံးလေး၊ငါးယောက် ရောက်လာတယ်။ ဘာကိစ္စလည်းလို့ ကျွန်တော်လည်း စိတ် ဝင်တစား ကြည့်နေတုန်း တပ်ကြပ်တစ်ယောက်က လက်ထဲ စက္ကူ ပါတ်လေးကိုထုတ်ပြပြီး ……

ကျွန်တော်တို့ က ကျောက်တံတား အပိုင် ရဲစခန်းကပါတဲ့ ပြက္ခဒိန် လာရောင်းတာပါတဲ့ ။ ဒါနဲ့
ရုံးဝန်ထမ်းတစ်ဦးကဟုတ်ကဲ့ ဘယ်လောက်လဲ လို့ မေးကြည့်တော့ ၅၀၀ဝ ထောင်ပါတဲ့။
လူကြီးမရှိလို့ မဝယ်ဘူးပြောတော့ မရဘူး သူတို့ က ကျောက်တံတာ မြို့နယ်က အပိုင်တွေရဲတွေ ဖြစ်ကြောင်းနဲ့ မဝယ်မခြင်း ရစ်နေတော့တာပဲ ဒါနဲ့ ဝန်ထမ်းကောင်မလေး ကအထက်လူကြီး ဆီ ဖုန်းဆက်ပြီးပြောလိုက်တယ်။ အထက်ကလည်း ခေါင်းရှုပ်မခံချင်ဘူး နဲ့တူပါတယ်။ ဝယ်လိုက်လိုက်လို့ပြောလိုက်မှပဲ အဆင်ပြေသွားပါတယ်။

သူတို့ က ပြက္ခဒိန်ရောင်းတာလား ဓါးပြလာတိုက်တာလားကတော့ မသိဘူး။ ဓါပြလာတိုက်တယ် ဆိုရင်လည်း ရဲက ဓါပြတိုက်တယ်ဆိုတော့လည်း……..ကျွန်တော်မျိုးကြီး လည်းဘေးက နေရပ်လို့သာကြည့်နေနိုင်ပါတော့တယ်။ သရုပ်ဆောင်ဒေါ်မြလေး လားဘာလား မသိဘူး သူ့ လေသံနဲ့ပြောရရင် ပြက္ခဒိန်တစ်စောင် ငါးထောင်တဲ့ အံရော အံ့ရော…

9 comments

  • mG

    November 3, 2010 at 12:30 pm

    တကယ်…….။တော်တော်ဆိုးတာပဲ။အဲ့ပြက္ခဒိန် ကအဲ့လောက်ဈေးကြီးမှတော့ အရမ်းကောင်းတဲ့ ဟာပဲဝယ်တော့မှာပေါ့။
    သူတို့လာရောင်းတာကလည်း စက်မှု(၁) ကထုတ်တဲ့ စာရွက်ကြမ်းတွေနဲ့ပဲဖြစ်မှာပါ။ဒါမှမဟုတ်ရင်လည်း ရဲမေပုံတွေ ဘာတွေဖြစ်မှာ……။ဟီး ဟီး……..။ဘာပဲဖြစ်ဖြစ် သူတို့တွေ ဒါတွေအားလုံးကို အဆုံးသက်ရတော့မှာပါ။

  • manawphyulay

    November 3, 2010 at 12:33 pm

    ဟုတ်ပ စာရွက်က သုံးရွက်မှာ မော်ဒယ်မင်းသမီးပုံတွေနဲ့လေ ၃ စောင်တောင် ဝယ်လိုက်ရတယ်။ ဒီနေ့လည်း ထပ်လာပြီး စာအုပ်တွေ ရောင်းတယ်။ ရုံးမှာ လူကြီးမရှိသေးဘူးပြောလိုက်တာတောင် ထိုင်စောင့်ချင်တဲ့ပုံစံတွေပဲ။

  • winkyawaung

    November 3, 2010 at 12:59 pm

    ဒေါ်မြလေး .. အမြဲပြောနေကျ စကား ကတော့ (ပြောကို မပြောချင်တော့ပါဘူး..တော်..) တဲ့။ အေးဓါးပြ တွေပါပဲ ..။

  • naywoonni

    November 3, 2010 at 1:20 pm

    အဲဒါကရုံးမှာနော်
    တစ်ခါတစ်လေ….နယ်ဈေးတွေမှာတောင်ဇွတ်……….
    ……………………………………………………………….

  • unclegyi1974

    November 3, 2010 at 3:51 pm

    ပြက္ခဒိန်ရတော်သေးပေါ့နော်
    ဘာမှမပေးလဲ…….

  • kai

    November 3, 2010 at 10:45 pm

    ယူအက်စ်မှာလည်း ရဲစခန်းကဖုန်းဆက်ပြီး ခဏခဏ ငွေအလှူခံခိုင်းပါတယ်..။
    ပြက္ခဒိန်တော့ မရောင်းဘူး..။ ငွေများများလှူရင် စတစ်ကာလေးပေးတယ်..။
    အလုပ်အဝင်၊ အိမ်အဝင်တခါးမှာ ကပ်ထားလို့ရတယ်ပေါ့..။ သူခိုး၊ ဓမြတွေ ကြောက်မလား၊ ေ-ာက်မြင်ကပ်မလားတော့ မသိ..။

    တခါလှူပြိးရင် လစဉ်ကို အတင်းလာအလှူခံခိုင်းနေတော့တာပါ..။

  • etone

    November 4, 2010 at 3:39 am

    ပါဝါသုံးပြီး ဓါးမြတိုက်တာပေါ့နော် ။
    လုပ်စားစရာက ကုန်ပြီဆိုတော့လည်း ရတာလေး လုပ်စားရတာပါ သနားစရာပါဟယ် 😀 😀 😀 ဟားဟား ။
    အခုယာဉ်လိုင်းတွေမှာ တိုးဂိတ်တွေမှာလည်းရှိသေးတယ် ကားပေါ်က ပစ်ချတဲ့ ၂၀ဝတန်အပဲ့အရွဲ့ကို ဝတ်ထားတဲ့ယူနီဖောင်းမှအားမနာလိုက်ကောက်တာကလည်းရှိသေးတယ် ။ အကောက်မြန်လို့ပေါ့ ဘယ်တော့ဓါတ်ပုံထဲဝင်မလဲမသိဘူး ။

  • nwl

    November 4, 2010 at 4:13 am

    တော်သေးတာပေါ့ ပြက္ခဒိန်ကို (1) စောင်ထဲဝယ်ခိုင်းတာ N တို့အလုပ်မှာဆိုရင် ရုံးခန်းကကြီးတော့ (2) စောင်0ယ်ပါဆိုပြီး အတင်းရောင်းလို့ မ0ယ်ချင်ပဲ 0ယ်လိုက်ရတာ .. ဒါပေမဲ့ စိတ်ဖြေလိုက်ပါတယ်လေ သူတို့မှာ ဒါလေးနဲ့ လုပ်စားနေရတယ်ဆိုပြီးပေါ့ ….:D

  • saunghnin@gmail.com

    November 4, 2010 at 4:23 am

    ၅၀၀ဝဆိုတော့အပြင်ဈေးနဲ့ အဆတစ်ဆယ်ကျော်လောက်ကွာတယ်နော်။ ပြက္ခဒိန်မရောင်းပဲ တောင်းနေတဲ့သူတွေ လည်းအများကြီးရှိပါတယ်နော်။

Leave a Reply