ဖြေခြင်ဖြေ မဖြေခြင်နေ

မြန်မာ့ကျွန်းသစ်ဟာဆိုရင်ဖြင့် ဘယ်လိုအရည်သွေးကောင်းတယ် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ ့ စာဖွဲ ့နေကြတာကိုတော့ အထူးရှင်းမပြတော့ပါဘူး ဒါပေမယ့် အဲ့သည်တန်ဖိုးရှိတဲ့ ကျွန်းသစ်တွေဟာ အိမ်နီးချင်းနိုင်ငံတွေကို စစ်အာဏာရှင်တွေနဲ ့ တစ်ကိုယ်ကောင်း ဆန်သော လောဘသား လူတစ်စုတို ့ဟာ ကိုယ်ကျိုးအတွက်
ခိုးယူရောင်းချနေကြတာ ယ္ခုဆိုလျှင် မြန်မာ့ ကျွန်းသစ်တွေ မျိုးတုံးတော့ မလားရယ်လို ့ တောင် ခပ်ထေ့ထေ့ ပြောလို ့ရလောက်ပါတယ်
အပြစ်ပြောတယ်လို ့တော့ မမြင်စေခြင်ပါဘူး နယ်စပ်ဒေသတွေမှာ ရှိတဲ့ သစ်တောတွေကို အမှီပြုပြီးနေထိုင်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို အင်အားချိနဲ ့သွားစေဘို ့ ၈၈၈၈ နောက်ပိုင်း အာဏာယူလိုက်တဲ့ စစ်သားအတုအယောင်တွေဟာ စစ်တပ်ကို ဘမ်းပြပြီး နယ်စပ်ဒေသမှာရှိတဲ့ သစ်တောတွေကို မျိုးပြုတ်အောင်ကို လက်ညှိုးထိုးပြီး ရောင်းကြတာပါ။ ဘယ်လောက် တောင် ခုတ်ပြစ်လိုက်ကြတယ် ဆိုတာတော့ ကျွန်ုပ်လည်း အတိကျမတွက်ချက်နိုင်ပေမယ့် အများကြီးလို ့ဘဲ လွယ်လွယ်ပြောပါမယ် အဲ့သည်နောက်မှာမှ တိုက်ဆိုင်သွားတာလား ဘာလားတော့ မသိ ထိုင်းနိုင်ငံနှင့် တရုပ်နိုင်ငံတွေမှာ မိုးကြီးရေလျှံဖြစ်ခြင်းများအပြင် တောင်ရေကျတဲ့အခါ ရွာလုံးကျွတ်နီးပါး ရေတိုက်စားခံလိုက်ရတာတွေကို တော့ သတင်းတွေထဲမှာ တွေ ့ကြရမှာပါ ထိုအခါမျိုးမှာ သစ်တောပြုံးတီးမှု ့ ကြောင့်ဆိုတာကို အဖြေရှာတွေ ့လာကြပြီး သစ်တောတွေကို အကြီးအကျယ် အင်တိုက်အားတိုက် ထိမ်းသိမ်းလာကြပါတော့တယ် သူတို ့ နိုင်ငံမှာပြောတာပါ ကျွန်ုပ်တို ့ မြန်မာနိုင်ငံမှာဆိုရင်လည်း အရေးယူမှုတွေကို အပီအပြင်လုပ်လာတာတွေ ့ရပါတယ် ထမင်းချက်ဘို ့ လျှပ်စစ်နဲ ့ ဂက်စ် မရှိလို ့ ထင်းခုတ်တဲ့လူတွေကိုပါ။
တစ်ကယ်တော့ မြန်မာ့သစ်တောတွေဟာ အကျယ်ကြီးနှင့် အများကြီးပါလို ့ဘဲ လွယ်လွယ်ပြောလိုပါတယ် ကြိုက်သလောက်ပေးပြီး(သက်ဆိုင်ရာအာဏာပိုင်များကို) ကြိုက်သလောက်ခုတ်လို ့ရပါတယ်။ ဆိုခြင်တာက သိန်းတရာလောက်ပေးပြီး ဘယ်လောက်တောင် ခုတ်ကြတယ်ဆိုတာ ကိုတွက်ချက်ဘို ့ ခက်ခဲရပါတယ် လာဘ်ယူတဲ့သူဘက်ကတော့ အတိုင်းတာတစ်ခုလောက်ရရင် ကျေနပ်တာပါဘဲ ကြိုက်သလောက်သာခုတ်သွားပါ ဒါပါဘဲ ။
အဲ့သည်လို အလကားနီးပါးနဲ ့ကျွန်ုပ်တို ့နိုင်ငံထဲကနေ ယူသွားတဲ့သစ်တွေဟာ သူတို ့ နိုင်ငံတွေကိုရောက်တဲ့အခါ ဘယ်လောက်တန်ဘိုးရှိသွားသလဲဆိုတာကို ကျွန်ုပ်ပြထားတဲ့ ဓာတ်ပုံကိုကြည့်၍ တွက်ချက်ကြည့်ကြပါလေကုန်။
ဓာတ်ပုံကို မိုဘိုင်ဖုံးနှင့် ရိုက်လာသူရဲ ့ လုံခြုံရေးအတွက် ထိုပစ္စည်း၏ လိုကေးရှင်း (တည်နေရာ) ကို အတိအကျမပြောတော့ပါ ။ သူကိုယ်တိုင်ကလည်း ပစ္စည်းအတင်ချ သာမန်အလုပ်သမား တစ်ယောက်ဖြစ်တဲ့အတွက် ဒိုင်မစ်ရှင်း(အတိုင်းတာ) ကို အတိကျ မရခဲ့ပေမယ့် ထိုတံခါးရဲ ့အထူဟာ လက်နှစ်လုံးရှိပါတယ် အမြင့်က သူ ့အရပ် တစ်ဖောင်ဆိုတဲ့အတွက် ခုနှစ်ပေလို ့သတ်မှတ်ပြီး တံခါးတစ်ချပ်ဟာ နှစ်တောင် ရှိတယ်ဆိုတဲ့အတွက် သုံးပေလို ့ဆိုရပါမယ် ( အထူ နှစ်လက်မ အကျယ် သုံးပေ အမြင့် ခုနစ်ပေရှိတဲ့ တံခါးရွက်မ ကြီး တစ်စုံ) ရဲ ့ သူတို ့နိုင်ငံထွက်ကုန်အနေနဲ ့ ပြည်ပကို ပြန်ရောင်းတဲ့ ဈေးနှုန်းဟာ ဒေါ်လာ ရှစ်ထောင်ပေး
ရပါတယ်လို ့ သူသိခွင့်ရတဲ့အခါ ဝမ်းနည်းပက်လက်နဲ ့ အဲသည်တံခါးပုံကို ဓာတ်ပုံရိုက်ပြီး
ကျွန်ုပ်အားပြသ သည်မှအစပြု၍ ထိုမျှသော ကျွန်းသစ်၏ တန်ဘိုးသည် ပြည်မြန်မာတွင် မည်မျှ ဈေးပေါက်သည်ကို ကောက်ရိုးပုံ၌ အိမ်လုပ်၍နေသော ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု မှ မသိနိုင်ပါ၍ သိရှိသူများ ဖြေကြလေကုန်။ မဖြေခြင်လည်းနေကြပါ။
ကျွန်ု၏ရည်ရွယ်ချက်မှာ ခိုးခြင်ရင်လည်းခိုးကြပါ ဝှက်ခြင်ရင်လည်း ဝှက်ကြပါ သို ့သော် သင်တို ့ ခိုးဝှက်လိုက်သော အရာတွေရဲ ့ တန်ရာတန်ကြေးကို သိကြစေရန် ဖြစ်ပါကြောင်း။

13 comments

  • ဆူး

    November 5, 2010 at 1:56 pm

    ဟုတ်မဟုတ်တော့ မသိဘူး ကွဲ့.. အရင်က ဆူး အဖေ ဘော်ဒါ ပြင်သစ်ကြီး တယောက်က ပြောဘူးတယ်.. အမေရိကန် သမ္မတ အလုပ်စားပွဲက မြန်မာပြည်က သစ်နဲ့ လုပ်ထားပါသတဲ့ ကွယ်.. ထို ပြင်သစ်ကြီးက မြန်မာက သစ်တွေကို ဝယ်ပြီး ပြန်ရောင်းနေတာ ဆိုတော့.. သူရောင်းထားတဲ့ သစ်ဆိုလား.. ပြောတာ ကြားမိတာဘဲ.. အဲဒီ အဘိုးကြီး ပြောတုန်းကတော့.. သမ္မတ က ဘုရှ်ဘဲ ရှိသေးတယ်.. အိုဘားမား ခတ်မှာ ဒီစားပွဲ သုံးမသုံး မသိပါဘူးကွယ်

  • winkyawaung

    November 5, 2010 at 3:26 pm

    မ.ဆ.လ ခေတ်ကတော့ ကသာနယ်မှာ ကျွန်သစ် ထိပ်(၁)ပေ၊ အရှည် (၁၈) ပေ သစ်လုံးတစ်လုံးကို မြန်မာငွေ(၅ဝ )ကျပ် သာ ပေးရကြောင်း သိရပါတယ်။ အဲဒီ အချိန်က စပြီး တရုပ်ဘက်ကို ခိုးထုတ်နေတာကို သိရပါတယ်။

  • unclegyi1974

    November 5, 2010 at 4:55 pm

    ကိုရင်ပု ခိုးတဲ့လူကဒါဘယ်လောက်တန်တယ်
    မတွက်နေဘူး
    ပထမ သစ်ပင်ကိုခုတ်ပေးတဲ့လူကစရအောင်
    သူကသူ့နေ့တွက်သို့မဟုတ်အပင်ပြတ်ငွေဘယ်
    လောက်ရမလဲဒါဘဲစိတ်ဝင်စားတယ်
    နောက်ကားတင်ပြီးလိုရာပို့ပေးတဲ့လူကလဲသစ်
    တစ်တန်ဘယ်လောက်ရမလဲဒါဘဲစိတ်ဝင်စားတယ်
    နောက်ဆုံးသစ်ကိုရောင်းစာတဲ့လူကလဲသစ်
    တစ်တန်ဘယ်လောက်မြတ်မလဲဒါဘဲစိတ်ဝင်စား
    တယ်
    တိုင်ပြည်သဘာဝအရင်းအမြစ်တွေလျော့သွားမယ်
    ရာသီဥတုတွေပျက်မယ် မြေဆီတွေရေတိုက်စားပြီး
    ခမ်ခြောက်ကုန်မယ်ဒါတွေအကုန်သူတို့ဘာမှစိတ်
    မဝင်စားဘူး
    သူတို့စိတ်ဝင်စားတာငွေဘဲ
    ဒီနောက်တွေတော့မပြောချင်တော့ဘူးဗျာ

  • kai

    November 5, 2010 at 9:02 pm

    http://www.woodltd.com/teak-doors.htm
    အဲဒီကုမ္မဏီ မြန်မာသစ်တွေနဲ့ လုပ်တာတွေပါ..။
    ယူအက်စ်ကမှာရင် ဘယ်လောက်ကျမလည်းတော့မသိ..။ ကက်တလောက်တောင်းပြိး ပုံစံတူ မြန်မာပြည်ကနေ တိုက်ရိုက်လုပ်ရောင်းဖို့ကောင်းတယ်..။

    ယူအက်စ်သမ္မတ စားပွဲက ရှေးဟောင်းပစ္စည်းဖြစ်ပါတယ်ကွယ်..။
    ၁၈၈ဝ က အင်္ဂလန်ဘုရင်မဆီက လက်ဆောင်ရထားတာဖြစ်ပါကြောင်း..။
    The President’s Desk

    Many presidents have used the Resolute desk in the Oval Office or the their study in the Residence. It was made from the timbers of HMS Resolute, an abandoned British ship discovered by an American vessel and returned to the Queen of England as a token of friendship and goodwill. When the ship was retired, Queen Victoria commissioned the desk from William Evenden, Royal Naval Dockyard at Chatham, England, and presented to President Rutherford Hayes in 1880.

  • bigcat

    November 6, 2010 at 12:22 am

    ဆူးပြောတာ ဖြစ်နိုင်ပါတယ်။ ယူအက်စ်သမတမှာ အလုပ်စားပွဲက တလုံးထဲရှိတာမှ မဟုတ်တာ။ ပုံထဲမှာ မြင်နေရတဲ့ ဘဲဥရုံးခန်းစားပွဲမှာ အမြဲလုပ်နေမယ်လို့ ဘယ်သူပြောနိုင်မှာလဲ။

  • ဆူး

    November 6, 2010 at 4:30 am

    သူများတွေ ဘာပြောပြော.. မြန်မာကျွန်းသည် ရွေဝါရောင် အဆင်းရှိသည့် အတွက် အနောက်နိင်ငံများမှ လူကြိုက်များသည်။ ပဲခူးရိုးမ မှ ထွက်သော သစ်များသည် ထိုကဲ့သို့ အဝါရောင် အသွေးဝင်းဝါ၏
    မြန်မာပြည်ချင်းတူသော်ငြား ရှမ်းပြည်ဘက်က လာတဲ့ သစ်များသည် အနီရောက် အနည်းငယ် သန်းသဖြင့် ဈေးကောင်းမရဖြစ်တတ်သည်။ ရှမ်းပြည်နှင့် ယိုးဒယာဘက်သည် ရေမြေ အနည်း ငယ်လိုက်၍ ပဲခူးရိုးမ သစ်ကဲ့သို့ လှပမှု လူကြိုက်များမှုမှာ.. အားနည်းတတ်သည်။ A Grade B Grade C Grade ဆိုပြီး အမျိုး အစားတွေ ခွဲပြီး တင်ပို့ကြသည်။ အေ ဆိုရင်တော့ အဝါရောင်ဝင်းလို့ အစက် အပျောက်ကင်းစင် သစ်မှာ ပါတဲ့ အစင်းကျားလေးတွေကလည်း ညီနေတာမျိုးပေါ့.. ဘီ ဆိုရင်တော့ အဝါ နဲနဲ ကျသွားပြီး အရောင် ကွာလာမယ်.. စီ ဆိုရင်တော့ အစက် အပျောက် အနည်းငယ် ပါလာမယ် အစင်း မညီ မညာ တွေ ဖြစ်တာတွေ ရှိလာမယ်။ နိုင်ငံခြားပို့တဲ့ သစ်တွေကတော့ အတိုင်းအတာ ကွက်တိ မီလီမီတာ မလွဲအောင် လုပ်ရတဲ့ အတွက်.. စက်ပိုင်းဆိုင်ရာ ကျွှမ်းကျင်ပညာရှင်များကို သီးသန့် ခေါ်ပြီး ခွဲစိတ် အချောထည် ပြုလုပ် ရောင်းချရသည်။ ပရိဘောက နှင့် တခြား ကြမ်းခင်းများ အတုံးကြီးများ အတုံးသေးများ အတင်များသည်။

    • bigcat

      November 6, 2010 at 4:40 am

      တပ်ချုပ်ကြီးဘုံဗိမ္မာန်မှာ သုံးတဲ့ကျွန်းသစ်တွေကတော့ A+ grade အေပလပ်စ်ကွဲ့။

  • naywoonni

    November 6, 2010 at 5:25 am

    ဆူးမရေ……
    အဘကတော့ဘယ်မှမရောက်ဖူးလို့မသိပါဘူး
    အဘတို့ဆီမှာတော့ကျွန်းသစ်တစ်တန်ဈေးက9သိန်းဝန်းကျင်ရှိပါတယ်။။သစိစက်ကခွဲပြီးသားဈေးပြောတာပါ
    ဒါတောင်လိုချင်သလောက်မရပါဘူး..။လိုချင်သလောက်လိုချင်တဲ့အတိုင်းအတာကိုကြိုတင်ဘွတ်ကင်လုပ်ထားရပါတယ်
    ကျန်တဲ့သစ်မှာဈေးကတော့7သိန်းလောက်ရှိပါတယ်။။သစ်အကြောင်းပြောမှပျဉ်းကတိုးဆိုတဲ့သစ်ကိုမတွေ့ရတော့
    တာတော်တော်ကြာနေပါပြီ……မျိုးတုံးသွားပြီလာမသိတော့ပါဘူး။။ခုသုံးနေရတဲ့သစ်တွေကအရင်တုန်းကသုံးရကောင်း
    မှန်းမသိဘဲထင်းဆိုက်ပစ်နေတဲ့သစ်တွေဖြစ်နေတာရယ်…….ပြည်တွင်းမှာကျွန်းသစ်ရှားပါးနေတာရယ်
    ဒါပဲအဘသိပါတယ်……….ဒါတောင်အဘတို့မြို့ကဘာလုပ်နေမှန်းမသိပဲငွေထောနေတဲ့မြို့ဆိုတော့အိမ်တွေဆောက်
    လိုက်တာအပြိုင်အဆိုင်………အဲဒါကြောင့်သစ်ဈေးသိနေတာပါ

  • weiwei

    November 6, 2010 at 5:57 am

    အဘက ဘယ်မြို့ကလဲဟင် ?? ငွေထောတယ်ဆိုလို့ စိတ်ဝင်စားလို့ပါ ..

  • ဆူး

    November 6, 2010 at 6:49 am

    ကျွှန်း ကို အနောက်နိုင်ငံ တွေ ရောင်းလို ပျဉ်းကတိုးလည်း ဈေးကွက်ဝင်ပါတယ်.. ပျဉ်းကတိုးကတော့ ရေငွေ့ အတက် အကျသိပ်မြန်လို့ ကျွန်းနဲ့ တော့ ဈေးမတူဘူးပေါ့ကွယ်..
    ပျဉ်းကတိုး ကို ရောင်းတာ တင်မဟုတ်ပေးပါဘူး ပိတောက် အင် ကညင် ထောက်ရှာ ထောက်ကြံ အဲဒီ လို သစ်မာတွေလည်း ဈေးကွက်ဝင်ပါတယ်။ မဟောဂနီ သားကတော့ ပိတောက် သားတွေကို တခါတရံ သုံးတယ်လို့ ကြားဘူးပါတယ်။
    ထောက်ရှာ ထောက်ကြံ အသားတွေကတော့ ကြွတ်ဆတ်ပြီး မာကျောတယ် ရေငွေ့ အတက်အကျ ရှိသလို သံရိုက်ရင် ကွဲထွက်တတ်တယ်။
    နိုင်ငံခြားပို့တဲ့ သစ်တွေကို တော့ AD KD ဆိုပြီး နှစ်မျိုးနဲ့ အခြောက်ခံပါတယ် AD air dry, KD ကေက ဘာခေါ်လဲ မေ့နေလို့.. အေဒီကတော့ နေပြပြီး အခြောက်ခံတာပါ။ ကေဒီကတော့ အခြောက်ခံ စက်နဲ့ ခြောက်အောင် လုပ်ပြီး ပို့ရတာပါ။ moisture unit 5 to 8 လောက်အထိ လက်ခံပါတယ် ၁ဝကျော်ရင် လက်မခံပါဘူး။ အလျော်အစားတွေ ကတော့ များတယ်။ အဲဒီလို အရမ်းစည်းကမ်းတွေ ကြပ်လွန်းတော့.. လိုင်စင် တဝက် ခိုးတဝက် လုပ်နေကြပါတယ်။ စာရွက်မှာ ၅တန် ဆို.. ရတဲ့ သစ်တိုင်း ၅တန် နှုန်း ရောင်းလို့ မရနိုင်ပါဘူး။

  • char too lan

    November 6, 2010 at 7:57 am

    ဟိုးအရင်က မြစ်ကြီးနားမှာ သစ်လုပ်ငန်းလုပ်ဖူးတဲ့ အသိတစ်ယောက်ပြောတာ ကြားဖူးတာကတော့ ညမှောင်မှောင်ကျရင်တောထဲမှာ ပွဲတော်တစ်ခုလိုပဲသစ်ခုတ်ကြရတာပါ ပီးရင်မြန်မာဘက်ကနေတရုတ်ပြည်ကိုပို့ဖို့ ဝါးတစ်ချောင်းဖြစ်သန်းခ ကိုဘယ်နှစ်သိန်းဆိုပီးပေရတယ်။ ဟိုဘက်ရောက်ပြန်တော့ ရွှေမျိုးပေါက်ဖော်တို့က ကောင်းပေ့ညွှန့်ပေ့ဆိုတာတွေကိုရွေးယူပီး အနာအဆာတွေပါတဲ့ဟာတွေကို မြန်မာပြည်ဘက်ကို်ပြန်ပို့ပေးတယ် လို့သိခဲ့ဖူးပါတယ်

  • ဆူး

    November 6, 2010 at 8:48 am

    ဒါကတော့ ဒီလို ရှိပါတယ်.. ဟိုဟာက ဟိုလို ရှိပါတယ်.. ခိုးသစ်တွေ သုံးတဲ့ သစ်လုပ်ငန်း ရှင်တွေကလည်း တရုတ်ကနေ ဝင်လာတဲ့ သစ်ကို သုံးကြတာပါ.. ဒီတော့..ဒီက ခုပ်.. ဟိုကို သွင်း.. ဟိုက ဒီပြန်ခိုးသွင်း.. အလုပ်တော့ ရသွားတာပေါ့..

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 6, 2010 at 9:40 am

    ဒီပို ့စ်ကို သဘောရိုးနဲ ့ဆိုတင်ဖြစ်မှာ ဟုတ်ဘူးဗျ
    သိထားတာ နှစ်လလောက်တောင်ရှိပြီ အထူးသဖြင့် ဈေးနှုန်းကို မယုံလို ့ပါ
    သူကိုယ်တိုင်ကလည်း ဈေးနှုန်းကို အံ့ဩလို ့ပါ
    သူပေးတဲ့ပုံတွေက ပုံနှစ်ဆယ်လောက်ရှိမယ် နောက် ကျွန်တော်က မယုံဘူးပြောလို ့
    ပေးမန် ့ကော်ပီတွေကို သူဘယ်လိုဖန်လာလဲမသိဘူး ဟုတ်တယ်ဗျ
    ဒါပေမယ့် သူ ့ဟာက ကြီးဘောင်လို ့ခေါ်မလား အဲ့ဒါပါ ပါတယ် set ပေါ့
    ကျွန်တော်ကြည့်ရတာ တန်တစ်မတ်ရဲ ့ တစ်ဝက်တောင်မပြည့်တတ်ဘူး
    ဒေါ်လာရှစ်ထောင်ဆိုတာ နည်းတဲ့တန်ဘိုးမဟုတ်ဘူးလေ
    ဘာဖြစ်ဖြစ်ပါ ကျွန်တော်ဆိုလိုတာက ကိုယ်ခိုးတဲ့ပစ္စည်းကို အနည်းဆုံး သူခိုးဈေးလေးလောက်နဲ တော့
    ရောင်းကြဘို ့ပါ သူတို ့ချမ်းသာသွားတော့လည်း အေးသွားတာပေါ့ နော

Leave a Reply