ကံကောင်းလျှင် တစ်သက်၊ ယတြာကောင်းလျှင် တစ်ချက်

manawphyulayNovember 3, 20101min1729

အလုပ်သွားလျောက်တဲ့အခါပဲဖြစ်ဖြစ်၊ အင်တာဗျူးတဲ့အခါပဲဖြစ်ဖြစ်။ ပတ်စ်ပို့စ်တို့လုပ်တဲ့အခါပဲဖြစ်ဖြစ် အဆင်ပြေအောင် ဒီအဆောင်ယတြာလေးလုပ်သွားပေးပါက အစစအရာရာ အဆင်ပြေစွာ အောင်မြင်နိုင်ပါတယ်။ ယုံကြည်စွာ အသုံးပြုကြည့်ပါ။ စာမေးပွဲဖြေတဲ့အခါမှာလည်း သုံးနိုင်ပါတယ်။
၁။ တနင်္ဂနွေနေ့သွားမယ်ဆိုရင် သစ်ပင်ကြီးကို ကန်တော့ပြီး လိုရာ ဆုတောင်းသွားပါ။ (ဥပမာ-စာမေးပွဲဖြေရင်“စာမေးပွဲကောင်စွာဖြေဆိုနိုင်ပါလို၏´´ စသဖြင့်ပေါ့)
၂။ တနင်္လလာနေ့သွားရင် လက်ကိုအမွှေးနံသာ(ရေမွှေးစသည်)လူးပြီးသွားပါ။ လူးနေစဉ်လိုရာဆုတောင်းပါ။
၃။ အင်္ဂါနေ့သွားရင် ဆောင့်ကြောင့်ထိုင်ပြီးမှာသွားပါ။ (ထိုင်ရင်း ဆုတောင်းပါ)
၄။ ဗုဒ္ဓဟူးနေ့သွားရင် လက်ကို ထုံးအနည်ငယ်တို့ပြီးသွားပါ၊ (ကွမ်းစားထုံးပါ။ ထုံတို့ နေစဉ် လိုရာဆုတောင်းပါ)
၅။ ကြာသပတေးနေ့သွားရင်နေမင်းကို ကန်တော့ပြီး သွားပါ(ကန်တော့ရင်း လိုရာဆုတောင်းပါ)
၆။ သောကြာနေ့သွားရင်နောက်ပြန်ဟစ်ပြီးသွားပါ(နောက်ပြန် ဟစ်တယ်ဆိုတာ အိမ်ထဲ လူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ“ငါသွားပြီဟေး ပြီးမှပြန်လာခဲ့မယ်´´စသည်ဖြင့် အော်ဟစ်ရန် ဖြစ်သည်။ အော်ဟစ်ရင်း စိတ်ထဲလိုရာ ဆုတောင်းသွားပါ)
၇။ စနေနေ့သွားရင်စူဠာမုနိဘုရားကိုကန်တော့ပြီးသွားပါ(နတ်ပြည်မှာရှိတဲ့ စူဠာမုနိဘုရားလည်းစိတ်ထဲရည်မှန်းပြီးကန်တော့နိုင်သည်) ကန်တော့နေစဉ်လိုရာဆုတောင်းပါ။ (အန္တရာယ်ကင်း ဘေးရန်ရှင်းပါစေ..အောင်မြင်စွာလုပ်ဆောင်နိုင်ပါစေ စသဖြင့် ဆုတောင်းပေါ့)

တစ်နည်း ကြံတိုင်းအောင် ဆောင်တိုင်းဖြစ်အိမ်ထွက်ယတြာ
အ.တောင်း၊ ကျောင်း.အိပ်။ စိတ်.လက်မီးကင်။ လင်း.တွင်ရိပ်ကြည့်၊ မိ.မှထွက်ဝင်။ သီး.လျင်ဝစား။ တ.ကားငြင်းခုံ။ ယတြာစုံ မှုစုံအောင်ကြောင်းတည်း။ -ဟူသည်နဲ့အညီ အမှုကိစ္စအရပ်ရပ်တို့ကို ဆောင်ရွွှက်ရန် သွားသောအခါ အိမ်ခြံဝင်းအပြင်သို့ မထွက်ခင် အဝတ်အစားလဲ ပြီးနောက်-
၁။ တနင်္ဂနွေနေ့ဖြစ်လျင် တစ်ခုခုတောင်းပြီးသွားပါ(ရသည်ဖြစ်စေ/မရသည်ဖြစ်စေတောင်းရန်ဖြစ်သည်)(အဆိုလင်္ကာမှာ-အ.တောင်း ဟုအတိုမှတ်ရန်)
၂။ တနင်္လာနေ့ဖြစ်လျင် ခဏအိပ်ပြီးမှထွက်ပါ(ကျောင်း.အိပ်)
၃။ အင်္ဂါနေ့ဖြစ်လျင်လက်ကိုမီးကင်ပြီးမှထွက်ပါ (စိတ်လက်မီးကင်)
၄။ ဗုဒ္ဓဟူးနေ့ဖြစ်လျင်နေရိပ်ကြည့်ပြီးမှထွက်ပါ(လင်းတွင်ရိပ်ကြည့်)
၅။ကြာသပတေးနေ့ဖြစ်လျင်ဝင်လိုက်ထွက်လိုက်လုပ်ပြီးမှထွက်ပါ(မိမှထွင်ဝင်)
၆။သောကြာနေ့ဖြစ်လျင်တစ်စုံတစ်ရာကိုအဝစားပြီးမှထွက်ပါ (သီးလျင်ဝစား)
၇။စနေနေ့ဖြစ်လျင် တစ်စုံတစ်ယောက်နဲ့ ဟန်ဆောင်ငြင်းခုံပြီးမှထွက်ပါ (တ.ကားငြင်းခုံ)

9 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 3, 2010 at 1:36 pm

    ယတြာတော့မသိပါ အဆောင်ရှိလျှင် ကိစ္စတွေအောင်မြင်ရန်မခက်ပေ
    ထိုအဆောင်မှာ အပြည်ပြည်ဆိုင်ရာ ဒေါ်လာပင်ဖြစ်ပေသတည်း။
    မှတ်ချက်
    အနည်းအများပေါ်မူတည်၍ အကျိုးသက်ရောက်ခြင်း ကွဲပြားခြားနားလတံ့။

  • manawphyulay

    November 3, 2010 at 1:48 pm

    ဒေါ်လှရှိမှ အောင်မြင်မယ်တဲ့လား….

  • ်fatty

    November 3, 2010 at 2:28 pm

    ဒေါ်လှ ဈေးကွက်သိပ်မကောင်းလှလို့ … ယူရို သည် ပိုမိုထိရောက်မည့် အဆောင်ဖြစ်၏

  • kopauk mandalay

    November 3, 2010 at 2:52 pm

    အောင်လိုက သိတတ်ရပါမည်။
    အကောင်းဆုံးသောအဆောင် မှာ ဂါဝရတရားကို နားလည်သိတတ်ခြင်းဖြစ်ပါသည်။
    အလေးဆုံးဖြစ်သောလဲ အထိရောက်ဆုံးသော ဆင်ကိုဆောင်ပါ။ ဆင်များလေလေ အဆင်ပြေလေလေဖြစ်ပါသည်။

  • unclegyi1974

    November 3, 2010 at 3:32 pm

    ဲ့အဒေါ်လာလည်းမကောင်းဘူး
    ယူပါလည်းမကောင်းဘူး
    လောလောဆယ်ဘိရုမားဘဲကောင်းတယ်
    ဒါဘဲဆောင်ထားတာအကောင်းဆုံး

  • kai

    November 3, 2010 at 10:39 pm

    ဆရာမငွေတာရီ လာ..နုယဉ်လားမမှတ်မိတော့တဲ့..
    “သူရဲကောင်းသုံးယောက်နှင့် ခရီးသည်” ကဗျာထဲက လူတွေခေါ်သွားတာက အသေချာဆုံးပါ။
    ဘယ်သွားသွားပေါ့..။ အမြဲအောင်မြင်မှာ … အရမ်းသေချာပါတယ်..။
    ကဗျာအဆုံးက..
    အောင်မြဲမုချ အောင်မည်ပ တဲ့..။

  • ဆူး

    November 4, 2010 at 3:00 am

    အဆောင်ဆိုရင်တော့.. ဆင်နဲ့ ပြောင်ကြီး အတူတွဲခေါ်သွားရမလားဘဲ…

  • tunaung

    November 4, 2010 at 3:21 am

    ယတြာကောင်းကောင်းပေးတတ်ယင်လဲပြော……..နိုင်ငံကြီး မသမာလူတွေရဲ့လက်ကလွတ်အောင်ဘာဆောင်ရမလဲ

    • manawphyulay

      January 9, 2012 at 3:40 pm

      ဒါဆိုရင်တော့ မသမာသူတွေအရင် ထုတ်ပစ်ရမယ့်အဆောင်ကို ဆောင်ထားလိုက်ပေါ့…

Leave a Reply