မသိခြင်းများ

naywoon niNovember 3, 20101min460

မနက်ဖြန်ဘာဖြစ်မလဲတဲ့

ငါ့လာမမေးနဲ့

နင့်နတ်သွားမေးပါလားလို့

နတ်ကတော်ကိုအော်လိုက်မိ….။

အဲဒါဘာလဲတဲ့

လက်ထဲကဆေးကဒ်လေးနဲ့

လာမေးတဲ့သူကိုလည်း

ဆေးဆိုင်ပြန်မေးပါလားလို့

အော်ငေါက်လက်မိ….။။

ကိုယ့်ဟာကိုယ်တောင်မှ

ဘာမှန်းမသိတဲ့ဟာ

ဘာတွေလဲမသိလာလာမေးနေကြ

ငါမသိ……

ငါမသိ…..

မနက်ဖြန်ဘာဖြစ်မယ်ဆိုတာလဲမသိ

ဘာဖြစ်ရင်ဘာဆေးသောက်ရမယ်ဆိုတာလည်း

မသိ

မသိ

မသိ

နေဝန်းနီ