How big Difference? from Phoe Htaung (ဖိုးထောင်) by Phoe Htaung

zinmyotunNovember 3, 20101min591

နိုဘယ်လ်ဆု ကို စိတ်ဝင်စားသူတိုင်း သိကြမှာပါ.. မကြာသေးခင်ကပဲ နိုဘယ်ငြိမ်းချမ်းရေးဆုကို ဖိုးထောင်တို့ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်က စီးပွားရေး ပါမောက်ခတစ်ယောက်က ရသွားပါတယ်.. ဆုလဲယူပြီးသွားပါပြီ။ ဖိုထောင် သူ့ကိုလေးစားမိပါတယ်..ဒီဆုကို သူထိုက်ထိုက်တန်တန်ရခဲ့တာပါ..ကမ်ဘာမှာ ဘင်္ဂလားဒေ့ရှ်နိုင်က လူဦးရေအထူထပ်ဆုံးဖြစ်ပြီး ဆင်းရဲမွေတေမှုကလဲ တော်တော်လေးဆိုးပါတယ်.. နိုဘယ်ငြိမ်းချမ်းရေးဆု ရသွားတဲ့ စီးပွားရေး ပါမောက်ခဟာ ဆင်းရဲမွေတေမှုကို တိုက်ဖျက်ဖို့ကြိုးစားနေသူပါ..တော်တော်လေးလဲ အောင်မြင်နေပါပြီ။ ဆင်းရဲတဲ့ ဘယ်သူကို မဆို အတိုးနှုံးနည်းနည်းနဲ့ ငွေချေးပြီး ကိုယ်ပိုင် စီးပွားရေးလုပ်နိုင်အောင် ပံ့ပိုးပေးနေသူပါ..ခုဆို နိုင်ငံအတွင်း ကျေးရွာပေါင်းများစွာ မှာ သူ့ဘဏ်တွေ ဖွင့်လှစ်ထားပြီး ဆင်ရဲသားများကို ဆင်းရဲတွင်းမှ လွတ်မြောက်အောင် ကူညီပေးလျှက်ရှိပါတယ်.. ဆင်းရဲမွေတေမှု ကို မတိုက်ဖျက်နိုင်ရင် ဘယ်လိုမှ ငြိမ်းချမ်းရေးကို မအောင်မြင်နိုင်ဘူးလို့ နိုဘယ်ဆုပေးရေးအဖွဲ့က ဆိုပါတယ်..ဒါကြောင့် ဆင်းရဲမွေတေမှုကို တိုက်ဖျက် အောင်မြင်နေတဲ့ စီးပွားရေး ပါမောက်ခ မိုဟာမက် ယိုးနပ် ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု ထိုက်ထိုက်တန်တန်ချီးမြင့်ခဲ့တာ ပါလို့ ဆိုပါတယ်.. ဒါပေမဲ့.. လွန်ခဲ့တဲ့ နှစ်ရက်လောက် က RFA သတင်းထဲမှာ စိတ်မကောင်းစရာ ကြားခဲ့ရပါတယ်.. အလုပ်သမားဝန်ကြီးငှာနက တရားဝင်လိုင်စင်ရ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေးဂျင့် တစ်ခု က ဂျပန်သွားအလုပ်လုပ်ချင်တဲ့ လူနှစ်ရာကျော်ဆီက တစ်ယောက်ကို မြန်မာငွေ ၁ဝ သိန်းဆီ ဂျပန်ကို ပို့ပေးမယ်ဆိုပြီ လိမ်သွားတယ်လို့ သိရပါတယ်..နေ့ရွေ့ ရက်ရွေ့ နဲ့ ဂျပန်ကိုလဲ မပို့နိုင် ၊ စရံငွေကိုလဲ ပြန်မပေးနိုင်လို့ ရဲစခန်းကို အကူအညီတောင်းခဲ့တယ်လို့ ဆိုပါတယ်..ခုထိတော့ ရဲစခန်းက ဘာမှလုပ်မပေးဘူးလို့ ဆိုပါတယ်..ကုမ်ပဏီပိုင်ရှင်ကလဲ တိုင်ချင်ရာတိုင်လို့ ပြောကြောင်း အလိမ်ခံရတဲ့ တစ်ယောက်ကပြောပါတယ်..လိမ်တာကလဲ တခြားလူသာမန်လူမဟုတ်ပါ… စာရေးဆရာ သောင်းဝေဦးရဲ့ သမီးတွေပါ..ဖိုးထောင်တော်တော်လေး ကိုယ်ချင်းစာ စိတ်မကောင်းဖြစ်မိပါတယ်..အဖက်ဖက်က ကျပ်တည်းနေတဲ့အတွက် အများစုဟာ အဆင်ပြေရာ ပြေကြောင်း ရုံးကန်နေကြရတာပါ..အများစုက သူများဆီက အတိုးနှုံးများစွာ နဲ့ ချေးကြရတာပါ.. ဗုဒ်ဓဘာသာတွေယုုံကြည်တဲ့ သံသရာဆို တာကို မေ့နေကြပြီလား။ မွတ်ဆလင်ဘာသာဝင် တစ်ယောက် က ဆင်းရဲမွေတေနေတဲ့ လူတွေကို ကယ်တင်နေပေမဲ့.. ဗုဒ်ဓဘာသာဝင် သိက်ခါရှိတဲ့ ယဉ်းကျေးတယ်ဆိုတဲ့ မြန်မာလူမျိုးတစ်စုက အကျပ်အတည်းများစွာကို လွတ်ရုံးဖို့ကြိုးစားနေတဲ့ အဆင်မပြေတဲ့လူတွေကို အခွင့်ကောင်းယူပြီး လိမ်ညာနေတာ စိတ်မချမ်းမြေ့စရာပါ.. ကိုယ့်ကိုကို ရွှေလိုခေါ်တဲ့ မြန်မာတွေ… ကိုယ့်နိုင်ငံကို ရွှေနိုင်ငံလို့ အသိအမှတ်ပြုတဲ့ မြန်မာတွေ… ဗုဒ်ဓဘာသာဝင်ဖြစ်တဲ့ မြန်မာလူမျိုတွေ… အချင်းချင်းလိမ်ညာခြင်းမှ ကင်းဝေးနိုင်ကြပါစေ။ ကိုယ်လုပ်သောကံ ပဲ့တင်သံ ကိုယ်ထံပြန်လာမည်..

One comment

  • kai

    November 3, 2010 at 10:10 pm

    အင်း..
    ပြောရရင်တော့ .. ဘယ်ကဘယ်လိုလိမ်သူနဲ့လိမ်ခံရသူကြား ဘာသာရေးတွေဆွဲထည့် ရေးတာလည်း မသိပါ..။
    ငြိမ်းချမ်းရေးနိုဗယ်အကြောင်းပြောရရင်တော့ နီးနီးနားနား မြန်မာပြည်ရန်ကုန်ထဲတင် လူကောင်လိုက်ကြိးတယောက်ရှိနေပါတယ်..။
    လောလောလတ်လတ် ဒီနှစ်ထဲရတာတင်.. တရုတ်ပြည်.. ထောင်ထဲမှာ တယောက်ရှိနေပါတယ်..။

    ထားပါတော့..။ ကျုပ်လည်း ဗမာ့နည်းဗမာ့ဟန်နဲ့ ဘာသာရေးဆက်ဆွဲထည့်ပေးလိုက်မယ်..။
    သံသရာယုံသူများကတော့ ဆက်ပြီး အလိမ်ခံလိုက်ကြပါဦး..လို့..။
    နောက် ၁၂၃၄၅ ဘဝမှာ လူဖြစ်ရင်..အဲဒီလူက..သူလိမ်ထားသမျှ အကုန်ပြန်ဆပ်ပါ့မယ်တဲ့..။ ငွေတွေရဲ့ အတိုးပါပေးမယ်တဲ့..။
    ဘာမှမလုပ်ပဲ.. ကြေအေးလိုက်ကြပါတဲ့..။
    အိပ်မက်လာပေးပြီးပြောတာ…။ 🙂

Leave a Reply