US Congressional Midterms Elections

kaiNovember 3, 20101min15114
့ှ Elections
့ှ Elections

ကယ်လီဖိုးနီးယားက လူတွေ ဆေးခြောက်တရားဝင်ပေးသုံးခွင့်တော့ ပိတ်လိုက်ပြီဗျိုု ့..ရှုံးသွားပါတယ်.။
အများပြည်သူ သဘောတူရင် ဆေးခြောက်တရားဝင်ချခွင့်တောင် ဥပဒေပြုလို့ရတယ် ဆိုတာပြတာပဲ..။ အများသဘောမတူတော့ မပြုနိုင်ဘူးပေါ့..။
နောက်နှစ်လောက်ဆိုတော့ နိုင်လောက်ပါပြီ။

ကျန်တာတွေကတော့ တရက်ကြိုမှန်းတာ အကုန်မှန်သွားပါတယ်..။ စာရေးပြီး သူတို့ပါတီကန်င်ပိန်းဌာနတွေပါ စာပို ့ထားလိုက်တာ မြန်မာမီဒီယာအနေနဲ့တောင် အမှတ်ရသွားပါတယ်..။ :)
ဆိုတော့… အမေရိကနိုင်ငံရေးဟာ..
၁။ စီးနိတ်က ဒီမိုကရက်လက်ထဲမှာပဲရှိပါတယ်..။
၂၊ ဟောက်စ်က ရိပါ့ဗလစ်ကန်င်လက်ထဲရောက်ပါတယ်..။
၃။ ဘာဘရာဘောက်ဆာနဲ့ ဘရောင်းနိုင်ပါတယ်။ အာနိုးကြီးနေရာ ဘရောင်းဝင်မှာပါ။

တချို့နေရာတွေမှာ လူ(မဲ)ထောင်ဂဏန်းလောက်နဲ့ မဲနိုင်သွားကြတာပါ..။
ကြည့်ရတာ… မြန်မာပြည်နဲ့ပါတ်သက်ပြီး ပေါ်လစီ ဘာမှသိပ်ပြောင်းမယ်မထင်ပါ။ နောက် ၂နှစ် သမ္မတရွေးပွဲမှာ ဗမာ-အမေရိကန်တွေ ဝင်ပြော၊ကူညီပါမှ ဖြစ်မဲ့ပုံပါပဲ..။ ယူအက်စ်မှာ မြန်မာ၁သိန်းကျော်ရှိနေတာမို ့.. လူညီရင် မြန်မာပြည်နဲ့ပတ်သက်တဲ့ပေါ်လစီပိုင်း အသာလေးကိုင်တွယ်နိုင်ပါတယ်..။

မြန်မာပြည်ရွေးကောက်ပွဲအတွက်လည်း တရက်ကြိုမှန်းမယ် ..စဉ်းစားပါတယ်..။ စိတ်ဝင်စားသူတွေ ပါနိုင်ပါတယ်..၊ :)

[hungryfeed url=”http://news.google.com/news?cf=all&ned=us&hl=en&topic=el&output=rss”]

14 comments

  • fatty

    November 4, 2010 at 2:14 am

    Health care Law နဲ့ပါတ်သက်ပြီး kai အနေနဲ့ ကိုယ်ပိုင်အမြင်အရ ဘယ်လိုသုံးသပ်ပါသလဲ သမတကြီး ဘက်ကမှန်တယ်လို့ထင်ပါသလား ဒါမှမဟုတ်ဖျက်သိမ်းသင့်တယ်လို့များယူဆပါသလား …မြန်မာနိုင်ငံအတွက် နနမူနာယူချင်ပါသည်။

  • kai

    November 4, 2010 at 3:55 am

    အဟင်း..။
    မီဒီယာသမားကို ပြန်ဗျူးနေပြီ။…။
    Health care နဲ့ပါတ်သက်ပြီး ရေးထားတဲ့ဆောင်းပါးတခုတင်ပေးလိုက်ပါမယ်..။ သတင်းစာမှာတော့ ဖတ်ပြီးပြီပေါ့..။
    အားလုံးဖတ်ရအောင်ရယ်ပါ..။

    အဲဒါက .. မြန်မာတွေ..(မြန်မာအများစုက အမေရိကန်စတန်းဒတ်နဲ့တွက်ရင်- အောက်ခြေလူတန်းစားဆိုပါတော့..။)
    အတွက် အကျိုးရှိ၊ကောင်းတာချည်းပါပဲ..။

    အခုပြသနာတက်နေတာက …သူဌေးတွေက …သူတို့ ငွေတွေပဲ ့ပါသွားလို့ …အော်ခိုင်းနေတာလေ..။
    သူတို့ ကျမ်းမာရေးအတွက်ထည့်ထားငွေတွေကို.. ဆင်းရဲသားတွေက ..ရှယ်သုံးတယ်ပေါ့..။

    ဆိုတော့…
    မြန်မာအများစုဖက်က ရပ်ရမဲ့မီဒီယာသမားအနေနဲ့ပြောရရင်… သမ္မတဖက်ကမှန်တယ်ထင်ပါတယ်ခင်ဗျား.။
    ဖျက်သိမ်းလို့လည်းမရနိုင်တော့ပါဘူး..။ အိမ်ဖြူတော်ရော..။ စီးနိတ်ရောက … ဒီမိုကရက်တွေကိုး..။
    နောက်နှစ်လောက် အဲဒီဥပဒေအသက်ဝင်လာတာနဲ့အမျှ .. အများပြည်သူသဘောတူသွားကြမှာပါ..။

  • bigcat

    November 4, 2010 at 5:45 am

    မြန်မာပြည်ရွေးကောက်ပွဲထက် နောင်၂နှစ်အကြာမှာလုပ်မဲ့ အမေရိကန်သမတ ရွေးကောက်ပွဲကို အခုကထဲကကြိုပြောပါမယ်။ အားလုံးလဲမှတ်ထားကြပါ။ ၂၀၁၂ အမေရိကန်သမတအသစ်က ဘယ်ပါတီဖက်ကမှ မဟုတ်ဘဲ အင်ဒီပင်းဒန့် တသီပုဂ္ဂလ ဖြစ်ပါတယ်။ သူ့နာမည်ကတော့ ကြောင်ကြီးပါ။ တချို့ကတော့ သိပါတယ်၊ အဲဒီလူများအတွက် ကက်ဘိနက်ဝက်ကြီးနေရာ ရဖို့အခွင့်အရေးရှိပါတယ်။ စော်ကာမော်ကားပြောမဲ့သူများကိုတော့ အီရတ်နဲ့အာဖဂန်နစ္စတန်ကိုပို့ပြီး စစ်မတိုက်ခိုင်းပဲ ကင်းလှည့်သွားတဲ့ ဂျစ်ကားပေါ်မှာ အမေရိကန်အလံကို ကိုင်ထားရမဲ့ တာဝန်ပေးပါ့မယ်။

  • zawana

    November 4, 2010 at 6:00 am

    မြန်မာပြည်ရွေးကောက်ပွဲအတွက်လည်း တရက်ကြိုမှန်းမယ် ..စဉ်းစားပါတယ်..။ စိတ်ဝင်စားသူတွေ ပါနိုင်ပါတယ်..၊
    Poll လုပ်လိုက်ပါလားဗျို့ ….

  • ဆူး

    November 4, 2010 at 8:09 am

    ဘယ်လိုမှန်းမှာပါလဲ.. ခြင်္သေ့ နိုင်မနိုင်လား..

  • kai

    November 4, 2010 at 8:59 am

    ယူအက်စ်မှာတော့ ဒီမိုကရက်နဲ့ရီပါ့ဗလစ်ကန်ကို ဆိုင်ရာအမတ်အလိုက် အတိအကျကို စစ်တမ်းကြိုကောက်တယ်..။ ဆေးခြောက်ဥပဒေဆိုလည်း ခွင့်ပြု သင့်၊မသင့်ကို ကောက်တယ်.။
    ဆိုတော့..

    ဒီလို Poll လုပ်ချင်သဗျာ..။

    ၁) သပိတ်မှောက်မည်
    က) မြန်မာပြည်တွင်းတွင်နေသည်။ သပိတ်မှောက်မည်။
    ခ) မြန်မာပြည်တွင်းတွင်နေသည်။ မဲပေးမည်။
    ဂ) မြန်မာပြည်ပြင်ပတွင်နေသည်၊ သပိတ်မှောက်မည်။
    ဃ) မြန်မာပြည်ပြင်ပတွင်နေသည်၊ မဲပေးမည်။

    ၂) မဲပေးမည်
    (က) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (၃၃၀)(၁၆၈)
    (ခ) တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (၂၉၄)(၁၄၉)
    (ဂ) အမျိုးသားဒီမိုကရေစီအင်အားစု(၁၀၈)(၃၅)
    (ဃ) ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(၄၅)(၁၅)
    (င) ဒီမိုကရက်တစ်ပါတီ(မြန်မာ) (၂၃)(၁၀)
    (စ) ၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) (၂၃)(၁၁)
    (ဆ) ကြိုက်နှစ်သက်သူမရှိသဖြင့် ပယ်မဲဖြစ်အောင်လုပ်မည်။

    ======================
    ကွင်းထဲက ဟာတွေက ခုံနေရာတွေပါ..။
    ပထမတခုက (ပြည်သူ့လွှတ်တော်)၊ ဒုတိယက (အမျိုးသားလွှတ်တော်) ထိုင်ခုံနေရာတွေပါ..။
    ဆိုင်ရာပါတီတွေ ဝင်ပြိုင်ထားတဲ့ ခုံနေရာဆိုပါတော့..။

    ဘာတွေများထပ်ဖြည့်ချင်ကြသေးသလည်း မသိဘူး..။

    • bigcat

      November 5, 2010 at 12:30 am

      ကြောင်ကြီးပါတီဗမာပြည် ဆိုတာလေးပါဖြည့်ပေးပါ။ မဲဆန္ဒနယ်က နေပြည်တော် အလယ်ဗဟိုတဲ့တဲ့ ဗိုလ်သန်းရွှေရှိတဲ့နေရာ အမတ်လောင်းက ဦးကြောင်ကြီး ပြိုင်ဖက်ကတော့ ကြိုက်တဲ့ကောင်လာခဲ့။

  • zawana

    November 4, 2010 at 9:11 am

    ၁) သပိတ်မှောက်မည်
    ဆိုတဲ့ ခေါင်းစဉ်အောက်မှာမှ
    ှ ခ) မြန်မာပြည်တွင်းတွင်နေသည်။ မဲပေးမည်။
    ဃ) မြန်မာပြည်ပြင်ပတွင်နေသည်၊ မဲပေးမည်။
    ဆိုတော့
    သပိတ်မှောက်တယ်ဆိုတာ မဲမပေးပဲနေမှာကို ဆိုလိုတာ မဟုတ်ဘူးလား ခင်ဗျာ။
    ပြည်တွင်းမှောက်နဲ့ ပြည်ပမှောက် နှစ်ခုတည်းဆို မဖြစ်ဘူးလား။

  • zawana

    November 4, 2010 at 9:16 am

    Sorry! Sorry! ကျနော်လည်း ခုမှ poll ကိုတွေ့လို့ပါ။ ကျနော်ထင်တာက ၁) နဲ့ ၂) က Option တွေလို့ ထင်လိုက်လို့ပါ။

  • kai

    November 4, 2010 at 9:17 am

    အင်း..ပူလ်းက နည်းနည်းဘက်လိုက်နေတယ်..။
    ခေါင်းစဉ်ပြင်လိုက်မယ်..။
    (၁)ရွေးကောက်ပွဲကို….
    (က)..
    အဲဒီလိုဖြစ်မလား..။

  • ဆူး

    November 4, 2010 at 9:26 am

    သိပ်မရှင်းလို့.. ၁ ကို မဲမပေးဘူး ဆိုရင်.. ၂ ကို ဆင်းစရာ မလိုတော့ဘူး.. ၁မှာမှ.. မဲပေးမယ်ဆိုရင်.. ၂ ကို ဆက်ရွေးရမှာ မဟုတ်လား..

  • zawana

    November 4, 2010 at 9:53 am

    ဟုတ်တယ်။ ၁) နဲ့ ၂) က Option တွေ ဖြစ်သင့်တယ်လို့ ထင်တယ်။
    သဘောက တစ်ခုပဲ ရွေးခွင့် ရှိမယ်ပေါ့။
    အောက်က က) ခ) ဂ) တွေကတော့ Option ခွဲလေးတွေပေါ့။

  • kai

    November 4, 2010 at 10:12 am

    လောလောဆယ် ဒီအတိုင်းပဲထားလိုက်ပါဥိးမယ်..။
    အိပ်ရဦးမယ်ဗျ..။ ၃နာရီကျော်နေပြန်ပြီ။
    မကျေနပ်သူတွေ.. ဒါက ငါ့အမေအတွက်ွ.. တခု..။
    ဒါက .. ငါ့ဘကြိးအတွက်က တခု.. တော့ မလုပ်ကြပါနဲ့နော..။ သေသေချာချာမေးလုပ်ပေးကြပါ။
    အဖြေထွက်မဲ့အလုပ်မို ့ပါနော..။
    Result မှန်ရင် အားလုံးကိုယ်စား ထီ၁ဝဖိုးထိုးပေးမယ်..။ နံပါတ်ကြေငြာပေးမယ်..။ မန်ဘာအားလုံးကို အချို းကျခွဲပေးမယ်..။
    နော်..နော်.. 🙂

  • ဆူး

    November 4, 2010 at 11:04 am

    ထီ ၁ဝ ဖိုးထိုးတော့မယ်ဆို ကြိုကြေညာနော်.. ဒီမှာ အစွမ်းထက်တဲ့ ဘိုးတော်တွေ ရှိတယ်.. အမွေးတိုင် ကို မီးသွားရှို့ပြီး ဦးလေးခိုင် ထီ အကြီးကြီး ပေါက်အောင် ဆုတောင်း ပေးမယ်.. ဟီးဟီး..

Leave a Reply