Mid-term Election နှင့် သမ္မတ Obama တို့၏အားပြိုင်မှု

maungmoenyoNovember 4, 20101min650

မနေ့ကပြီးသွားတဲ့ mid-term election မှာ Republican Party ကကွန်ဂရက်မှာနေရာအပြတ်အသတ်နဲ့နိုင်လိုက်တဲ့အတွက် အောင်ပွဲတွေနဲ့ပျော်နေကြပါပြီ။ သမ္မတ Obama ကလဲလူထုရဲ့ဆန္ဒကိုအသိမှတ်ပြုယုံမက”တိုက်ရိုက်”တာဝန်ရှိသူအဖြစ်မိမိကိုယ်ကိုယူဆကြောင်းဝန်ခံလိုက်ပါတယ် (ဒို့မြန်မာနိုင်ငံကစစ်ဗိုလ်ချုပ်များနဲ့တော့ကွာပ။)။ Tea Party လို့ခေါ်တဲ့ပြုပြင်ပြောင်းလဲရေးအတွက်တိုက်ပွဲဝင်နေတဲ့အင်အားစု (ကြည့်ရတာ Republican ပါတီဘက်တော်တော်ယိမ်းပုံရပါတယ်။ နောင်”လူမျိုးကြီးဝါဒ”အခြေပြုတဲ့အဖွဲ့အဖြစ်ကူးပြောင်းမသွားဘို့မျှော်လင့်ပါတယ်။) က Republican Party ဝင်တွေကိုအပျော်မလွန်ကြဘို့နဲ့နောင်သက်တမ်း(၂)နှစ်အတွင်းမှာတိုင်းပြည်ကကြုံတွေ့နေရတဲ့စီးပွားရေးပြဿနာကိုမရှင်းနိုင်ရင်၊ အခုမဲရှုံးကြသူများနောက်ကိုလိုက်ကြရမှာဖြစ်ကြောင်းသတိပေးလိုက်ပါတယ်။ သမ္မတ Obama တက်လာစဉ်ကတည်းကသူ့မနှစ်မြို့နိုင်တဲ့ congress နဲ့စီးပွားရေးလုပ်ငန်းကြီးများကလက်ရှိမဲအဆုံးအဖြတ်အခြေအနေကိုကြည့်ပြီးဝမ်းသာလုံးဆို့နေကြတာတော့အမှန်ပါ။ သမ္မတ Bush လက်ထက်က budget deficit ရဲ့ဆိုးမွေကိုလက်ခံယူရတဲ့လက်ရှိသမ္မတဟာသူစွမ်းဆောင်နိုင်တဲ့အင်အားထဲကအတတ်နိုင်ဆုံးလုပ်သွားတာတွေအများကြီးရှိတာကိုတွေ့ရပါတယ်။ ဥပမာ- သမ္မတဖြစ်တဲ့နေ့မှာတင် အရွယ်မရောက်သူကလေးလူငယ်တွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုအခမဲ့ချက်ချင်း၇ရှိရေး၊ အဆင့်မြင့်တက္ကသိုလ်ပညာရေးငွေကြေးအထောက်အကူ၇ရှိရေးကိုအစိုး၇ရဲ့ကြီကြပ်မှုအောက်သို့ပြောင်းလဲတာဝန်ယူရေး၊ လစဉ် mortgage မပေးနိုင်တဲ့အိမ်ပိုင်ရှင်များအတွက်အရေးပေါ်ထုတ်ချေးငွေ၇ရှိရေးအတွက်အစီအမံများချမှတ်ခြင်း၊ လူလတ်တန်းစားမိသားစုဘဝလုံခြုံချောမွေ့ရေးအတွက်စီမံချက်များချမှတ်ခြင်း၊ စသည်တို့ကိုဆက်တိုက်ဆောင်ရွက်ခဲ့တာတွေတွေ့ရပါတယ်။

“I have a dream..” ဆိုတဲ့ကြွေးကြော်ချက်နဲ့အနှိမ်ခံလူမဲများအပါအဝင်ဆင်းရဲသားလူနဲစုဘဝကိုအသိမှတ်ပြုခံရဘို့တိုက်ပွဲဝင်ခဲ့တဲ့ Dr Marin Luther King Jr ဟာ(၁၉၆၈) မှာမလိုမုန်းထားသူတဦးရဲ့လက်ချက်နဲ့အသက်သေခဲ့ရပါတယ်။ ဒါပေမဲ့သူစတင်ခဲ့တဲ့လူထုလှုပ်ရှားမှုကအမေရိကန်လူထုကိုသာမကအဲ့ဒီအချိန်ကအစိုးရကိုမျာက်စိဖွင့်ပေးခဲ့ပါတယ်။ လူအများနေထိုင်လုပ်ကိုင်သွားလာရာ public place တွေမှာလူတန်းစားခွဲခြားမှုကိုဖျက်သိမ်းဘို့အခြေအနေတွေဖန်တီးလာပါတယ်။ discrimination ဆိုတဲ့ဝေါဟာရဟာဒီနေ့အထိရှိနေရတာလည်းလူတွေကြောင့်ဘဲဖြစ်ပါတယ်။ လူလူခြင်းလူတန်းစားခွဲခြားမှုကိုအမေရိကန်နိုင်ငံရဲအခြေခံဥပဒေမှာအတိအကျတားဆီးထားပေမဲ့စာရွက်ပေါ်မှာရှိယုံသာရှိပြီးအသက်မဝင်ခဲ့ပါဘူး။ Dr King ရဲ့ကျေးဇူးကြောင့်ထိုစဉ်ကလူမဲတွေ (နောက်တိုးတက်ိများပြားလာတဲ့ကျွန်တော်တို့ Asians တွေအပါအဝင်) ဒီနေ့အလုပ်ခွင်မှာ၊ ကျောင်း၊ဆေးရုံ၊ရုံးတွေမှာတန်းတူထားဆက်ဆံခံရတာပါ။ သူ့ကြောင့်ရခဲ့တဲ့တန်းတူရည်တူမှုဟာခုချိန်ထိအတိုက်ခိုက်ခံနေရဆဲဆိုရင်မမှားပါဘူး။ လူ့သဘာဝဆိုတော့တခါတရံသတိထားတဲ့ကြားက discriminate လုပ်တာတွေရှိနေဆဲပါဘဲ။ ငြင်းကြခုန်ကြ၊အခွင့်အရေးအတွက်ရန်ဖြစ်ကြရတာတွေရှိနေဆဲဆိုရင်မမှားပါဘူး။ မသိမသာအနှိမ်ခံကြရတာတွေကတော့နေရာအနှံ့ရှိနေကြဆဲဆိုတာငြင်းလို့မရပါဘူး။ မောင်မိုးညိုတို့ငယ်စဉ်က အိမ်မှာရှိတဲ့အိမ်ဖေါ်မိန်းကလေးငယ်လေးတွေကိုလူကြီးတွေကမန်မဲတာ၊ တခါတရံကိုယ်ထိလက်ရောက်ရိုက်တာတွေတောင်ရှိတာအမှတ်ရကြလိမ့်မယ်ထင်ပါတယ်။ “တူ” ဖြစ်တုံးနှံခဲ့သလို “ပေ”ဖြစ်တုံးခံကြပေါ့လို့ဆိုရမလား။  Dr King ရဲ့ကျေးဇူးကြောင့်လူတန်းစေ့သာတူညီမျှရေးဆိုတဲ့ရပိုင်ခွင့်ကိုအဲ့ဒီအချိန်တည်းကဖန်တီးနိုင်ခဲ့ပေမဲ့၊ တကယ်ရသလားဆိုတော့ခုချိန်ထိမရသေးပါဘူး။ ၁၉၉ဝ နောက်ပိုင်းဝန်းကျင်မှာနိုင်ငံရေးလောကမှာရေပန်းစားခဲ့တဲ့ Mr Obama ဟာသူ့ရဲ့ထူးချွန်ထက်မျက်တဲ့ပညာအရည်အချင်းကြောင့် Harvard Law Review ရဲ့ဥက္ကဌရာထူးလိုလူရိုသေရှင်ရိုသေဂုဏ်ယူစရာရာထူးကိုတောင်မမက်မောဘဲသူနေထိုင်ကြီးပြင်းခဲ့ရာဒေသတွေမှာဆင်းရဲမွဲတေသူအောက်ခြေလူတန်းစားတွေရဲ့ဘဝကိုမြှင့်တင်တဲ့လူမှုရေးလုပ်ငန်းတွေ၊ထောက်ကူပေးတဲ့လုပ်ငန်းတွေဇောက်ချလုပ်ခဲ့ပါတယ်။ အခွင့်အလမ်းမရှိတဲ့မိသားစုတွေထဲကပညာထူးချွန်သူကလေးငယ်များရဲ့ဘဝတွေကိုမြေတောင်မြှောက်ပေးနိုင်ခဲ့ပါတယ်။ သူဟာအောက်ခြေလူတန်းစားဘဝထဲကနေကြီးပြင်းလာရသူတဦးဖြစ်တဲ့အောက်သက်ကြေတဲ့ပညာတတ်တဦးဖြစ်ယုံမက၊ ဘဝအတွက်ရုံးကန်ရသူမိသားစုကနေပေါက်ဖွားလာသူတဦးပါ။ သမ္မတမဖြစ်မှီရက်ပိုင်းအထိအောက်ခြေလူတန်းစားရဲ့အခက်အခဲတွေကိုမျက်မြင်ဒိတ္ထတွေ့ခဲ့ယုံတင်မကကို့ယ့်မိသားစုကိုယ်တိုင်ဆေးရုံပေါ်ထိုင်နေရင်း insurance company နဲ့ငြင်းခဲံခဲ့ရတာတွေကိုကြုံခဲ့ရသူပါ။ “ငါသမ္မတဖြစ်ခဲ့ရင်…ငါသမ္မတဖြစ်လိုမှဒီကိစ္စတွေမဖြေရှင်းပေးနိုင်ရင်” ဆိုတဲ့အမြင်ကသူ့ဘဝရဲ့နိုင်ငံရေးခံယူချက်ကိုပိုမိုခိုင်မာစေခဲ့ပုံရပါတယ်။ ဒီအတွေ့အကြုံတွေအပေါ်အခြေခံပြီးညီမျှတဲ့ခံစားခွင့်ဘယ်တုံးကမှမရဘူးတဲ့၊သူတို့ရဲ့ဘဝလုံခြုံရေးအတွက်ဘယ်သူကမှဂရုတစိုက်လုပ်ပေးခြင်းမခံခဲ့ရဘူးတဲ့အမေရိကန်နိုင်ငံသားအောက်ခြေလူတန်းစားတွေအတွက်လုပ်ပေးဘို့ကြွေးကြော်ချက်နဲ့သမ္မတဖြစ်ခဲ့ပါတယ်။ သူု့မတိုင်ခင်သမ္မတ Bush ဟာစိတ်ရင်းကောင်ပြီးရိုးသားတာမှန်ပေမဲ့သူ့အနားမှာရှိတဲ့ကက်ဘိနက်ဝင်တွေရဲ့တယူသန်အစွဲတွေကြောင့်မလိုအပ်ဘဲ Iraq စစ်ကိုဝင်ခဲ့ရယုံမကနိုင်ငံရဲ့ကြွေးမြီ deficit လဲပြခဲ့ပါတယ်။ စီးပွားရေးပျက်ကပ်လဲဆိုက်ခဲ့တဲ့အတွက်ခုလိုရွေးကောက်ပွဲအချိန်မှာတောင်မိမိပါတီအနိုင်ရရေးကိစ္စတွေမှာကိုယ်တိုင်ဝင်အားပေးကူညီမှုမပြုနိုင်တဲ့အပြင်၊ ကိုယ့်ပါတီခေါင်းဆောင်တွေကတောင်ခပ်တန်းတန်းဆက်ဆံခြင်းခံနေရပါတယ်။ ဒါဟာဘာကိုပြသလဲဆိုရင်တိုင်းပြည်ရဲ့အခြေအနေအတက်အကျကိုအုပ်ချုပ်တဲ့ခေါင်းဆောင်ကခေါင်းခံတာဝန်ယူရတဲ့သဘောကိုပြတာပါ။ Obama တက်လာကတည်းကအခြေအနေမဟန်မှန်းသိကြတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့သူတို့ရဲ့အထောက်အပံ့ကိုခံယူနေကြတဲ့အမတ်တွေအားလုံးက သမ္မတရဲ့ခြေလှမ်းတွေကိုကြည့်ပြီးဝေဖန်ပုတ်ခတ်မှုတွေအရှိန်ထိုးလုပ်လာကြပါတယ်။ စီးပွားရေးပြန်နလံထူရေးဟာအချိန်အတိုင်းအတာအတော်ကြာယူလေ့ရှိပေမဲ့သမ္မတရဲ့လုပ်ဆောင်မှုတွေကြောင့်စီးပွားရေးနလံထူတဲ့အချိန်ကာလကိုတိုတောင်းစေခဲ့ပါတယ်။ ဒါပေမဲ့လက်ရှိhealthcare အပါအဝင်အခြားခံစားခွင့်တွေ၇ရှိပြီူဖြစ်နေတဲ့သူတွေကသမ္မတရဲ့အစီအစဉ်ဖြစ်တဲ့လူများစုဆင်းရဲသူအခြေခံလူတန်းစားအတွက်မျှဝေပေးရမယ်ဆိုတာနဲ့အပြင်းအထန်ရှု့တ်ချပါတယ်။ ခံစားခွင့်မရှိခဲ့တဲ့လူတန်းစားအတွက်မျှဝေပေးရမဲ့လူတန်းစားအသိရှိရမဲ့အစား၊ ကိုယ့်စားခွက်လာလုတဲ့သမ္မတလိုမြင်လာကြပါတယ်။ “socialism” ”big government” “big spending budget” စတဲ့ဝေါဟာရတွေတပ်ပြီးသမုတ်လာကြပါတယ်။  အဲ့ဒီကြွေးကြော်ချက်တွေကObama ရဲ့ပြုပြင်ပြောင်းလဲရေးရဲ့အရှိုက်ကိုတိုက်ရိုက်ထိခိုက်သွားစေတာတောာ့အမှန်ပါဘဲ။ သူလုပ်တဲ့ပုံစံကိုမောင်မိုးညိုလေ့လာကြည်ရသလောက်စင်္ကံာပူနိုင်ငံမှာကနဦးသမ္မတဖြစ်ခဲ့သူလီကွမ်းယူရဲ့လုပ်ဟန်နဲ့တူနေပါတယ်။ ဒီကနေ့စင်္ကာပူနိုင်ငံကိုကြည့်ရင်တိုင်းပြည်ရဲ့စီးပွားရေး သုံးပုံနှစ်ပုံကို အစိုးရကတိုက်ရိုက်ကိုင်တွယ်ခြင်းမရှိတဲ့ GLC (government-linked corporations) တွေကစီးပွားကိုင်တွယ်ထားတာပါ။ စင်္ကာပူနိုင်ငံရဲ့လူနေမှုစနစ်နဲ့ GDP ဟာအမေရိကန်ထက်သာပါတယ်။ ဒါကိုဆိုရှယ်လစ်စနစ်လို့ခေါ်မလား။ ဒီနေ့အထိ ပြိုင်ဘက်  Republican Party အနေနဲ့လွှတ်တော်ထဲမှာကန့်ကွက်တာကလွဲလို့အများလူထုအတွက်အကျိုးရှိမဲ့ဥပဒေပြဌာန်းချက်တခုမှမဆောင်ရွက်နိုင်ခဲ့ပါ။

သေသေခြာခြာကြည့်ရင်၊ သမ္မတObama တက်လာတဲ့အချိန်ကစပြီးခုချိန်အထိသူရဲ့ဆောင်ရွက်နိုင်မှုတွေ executive orders နဲ့သမိုင်းဝင်ပြုပြင်ပြောင်းလဲမှုတွေအများဆုံးအလုပ်ဆောင်နိုင်ဆုံးအမေရိကန်သမ္မတတစ်ဦးလို့တောင်ဆိုနိုင်ပါတယ်။ ခေတ်အဆက်ဆက်အမေရိကန်သမိုင်းရဲ့ရာစုသုံခုနီးပါးအတွင်းမှာအနှိမိခံလူတန်းစားရဲ့အကျိုးကိုတိုက်ရိုက်ဆောင်ရွက်ခဲ့တဲ့တဦးတည်းသောသမ္မတဆိုရင်လဲမမှားပါဘူး။ တကယ့်လူတန်းစားအစစ်ရဲ့အကျိုးကိုဆောင်ရွက်နိုင်လို့လဲ Nobel ငြီမ်းချမ်းရေးဆုကိုထိုက်ထိုက်တန်တန်၇ရှိခဲ့ပါတယ်။ ဒီနေ့အထိအမေရိကကိုမျက်မုန်းကျိုးနေတဲ့နိုင်ငံတွေကတောင်ပုဂ္ဂိုလ်ရေးအရပုတ်ခတ်ခြင်းမပြုပါဘူး။ ဒါတွေကိုကြည့်ပြီးNobel Committee ကလည်းသူ့ရဲ့အရည်အသွေးကကမ္ဘာငြိမ်းချမ်းရေးအတွက်ထောက်အကူဖြစ်စေလိမ့်မယ်လို့ထင်မြင်ယူဆနေပါတယ်။ သမ္မတ Bush လက်ထက်ကတည်ခဲ့တဲ့အမေရိကအပေါ်မုန်းတီးမှုချိန်ခွင်လျှာကိုလည်းညှိပေးခဲ့ပါတယ်။

(Republican Party ကိုစဉ်ဆက်မပြတ်ထောက်ခံအာပေးခဲ့တဲ့စာရေးသူအနေနဲ့သမ္မတ Obama ရဲ့ဆောင်ရွက်ချက်တွေကိုရှုထောင့်တခုကနေခံစားကြည့်တာလို့မှတ်ယူကြပါ။)