လင်းဝေNovember 4, 20101min450

ရယ်စရာကောင်းလို့ ဝေမျှတာပါ။ သူများပို့ပေးတာလေးပါ။ အင်တာနက်တွေ တက်လိုက်ကျလိုက် ကောင်းလိုက်ပျက်လိုက်ဖြစ်နေပုံလေးနဲ့ မြန်မာပြည်က အင်တာနက်သုံးသူတွေ ဘာအသုံးများတယ်ဆိုတာလေးကို ကွက်ကွက်ကွင်းကွင်းမြင်စေနိုင်လို့ တင်ပေးလိုက်ပါတယ်။ ပိုင်ရှင်ဘယ်သူလဲမသိတဲ့အတွက် မဖေါ်ပြနိုင်ပါဘူး။ ကဲ စပါပြီ…. ဟုတ်ကဲ့ အခုဆိုရင် Firefox က Google ကို စ ပေးတယ် ခင်ဗျ…. Google က Facebook ကို ထပ်ပေးပါတယ်။ ဟုတ်ကဲ့ တက်တယ်ခင်ဗျကျတယ် ခင်ဗျ ပြန်တက်တယ်။ ပြန်ပြုတ်ကျတယ်။ ရတနာပုံက မခံပါဘူးခင်ဗျာပြန်ဖြတ်ချတယ်ခင်

ဗျ။ ဒါပေမယ့် ADSL က နာမည် အပျက်မခံဘူးခင်ဗျ။ အခုအချိန်မှာဆိုရင် ပုဂံက စိတ်ညစ်လို ့မှိုင်နေတယ်ခင်ဗျ။ ဟော.. ပြောရင်နဲ ့ တက်လာပြန်ပါပြီခင်ဗျ။ရတနာပုံက ရာဇဝင်အရိုင်းမခံပါဘူးခင်ဗျာ.. ပြန်ဖြတ်ချပါတယ်။.. အခုဆိုရင် Connection ကြီးဟာ ပြောနေရင်းနဲ့ပြတ်ကျသွားပါပြီခင်ဗျား…. ရတနာပုံဘက် ပါသွားပြန်ပြီခင်ဗျ Facebook တက်တယ်။ User တွေက ဝိုင်းအားပေးတယ်ခင်ဗျရတနာပုံက ပြန်ဖြတ်ချတယ်။ Google တက်လာပြန်ပြီ… ဒိုင်လူကြီး ပုဂံက Network busy ပြပါတယ်ခင်ဗျ။ အသုံးကြမ်းလို ့ပါတဲ့… Gmail လေး က တက်ဖို ့ချောင်းနေတယ်ခင်ဗျ… Loading လေး ဆွဲပြေးသွားပြီ…… ပြည့်ခါနီးပါပြီခင်ဗျ… ဟုတ်ကဲ့ အပြည့်ရောက်ခါနီးမှာပဲ Connection က ပြန်ဖြတ်ချလို ့ တစ် နေပါတယ်ခင်ဗျ။ အားပေးနေတဲ့ User တွေဟာဆိုရင် အခုဆိုရင် သုံးရတာ ဆန် ့တငံ့ငံ့ ဖြစ်နေပါတယ်။ ရတနာပုံရဲ ့ အစွမ်းတွေပေါ့ခင်ဗျ… ပွဲကို ကြည့်ရတာ ရင်တဖိုဖိုနဲ ့ ဘယ်တော့ ပြန်ကောင်းမလဲဆိုတာကိုတော့ ဘယ်သူမှမသိနိုင်ပါဘူးခင်ဗျ… ဟုတ်ကဲ့ပြောရင်းနဲ ့ Facebook လေး Signin ဝင်သွားပြီခင်ဗျ… Home Page လေး တက်နေရင်းတန်းလန်း တစ်ဝက်ပဲပေါ်သေးတယ် ငြိမ်သွားပါပြီခင်ဗျ… အောက်ကို ကြည့်လိုက်တော့ Done ပါတဲ့… ဒါနဲ ့ User ကအငြိမ်မနေပဲ Refresh ပြန်လုပ်တယ်ခင်ဗျ… Network Timeout ပါတဲ့ဒိုင်လူကြီး ပုဂံက အလစ်ကို မပေးပါဘူးခင်ဗျ… ဟုတ်ကဲ့ User ကိုတိုးတိုး တိုးတိုးနဲ ့ သွားပြောနေပါတယ်ခင်ဗျ… ဘာပြောတာပါလိမ့်…? ဟုတ်ကဲ့ User က ဒီဘက်ကိုပြန်ပြောတယ်ခင်ဗျ… ဒိုင်လူကြီးက ပြောပါတယ်တဲ့ “အဲလောက်နဲ ့တက်တက်မလာနဲ ့” လို ့ပြောပါတယ်တဲ့။ ဟုတ်ကဲ့ အခုဆိုရင် User တွေနဲ ့ရတနာပုံနဲ့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်တော့မယ်ခင်ဗျ… User တွေကလဲ တင်းတယ်ခင်ဗျ… ရတနာပုံကို အသေရရ အရှင်ရရ ပါတဲ့… ရတနာပုံက Complain တက်တယ်ခင်ဗျ. FTTH တွေတပ်နေလို ့ပါတဲ့ဟုတ်ကဲ့ User က မယုံပါဘူးခင်ဗျာ.. ဟုတ်ကဲ့ အခုဆိုရင် ပွဲစနေတာ ၅ ရက်လောက်ရှိပါပြီခင်ဗျ… ပွဲဟာဆိုရင် ပြီးဖို ့ နိုဝင်ဘာ ရ ရက်နေ ့အထိ စောင့်ရမယ်သဘောရှိတယ်ခင်ဗျ… ဟုတ်ကဲ့ ကျွန်တော်ကြေငြာနေစဉ်အတွင်းမှာပဲ ကွင်းဘေးဒိုင် EPC က မီးဖြတ်ချလိုက်ပါတယ်ခင်ဗျားးးးးးးးးးးးးးးးးးးးးးးးးးးးး