Melody World ရဲ့ အစီအစဉ်တွေကတော့ ကောင်းပါတယ်။

ကြည့်ကြတဲ့ အနယ်နယ်အရပ်၇ပ်ကပရိတ်သတ်ကလည်းများပါတယ်

Zomia Media မှဦးချိုပြုံးကိုလည်းကျေးဇူးတင်ပါတယ်။

ဒါပေမယ့် Melody World ကမြေတောင်မြှောက်ပေးတယ်ဆိုတဲ့ 

အရာကဘယ်လိုလဲလို့ သွားကြည့် ချင်နေမိတာတော်တော်ကိုကြာပါပြီ။

အဲ့ ဒါနဲ့ သွားကြည့်လိုက်တော့ လည်းတကယ်ကိုမြေတောင်မြှောက်ပေးနေတာကို

တွေ့ ရပါတယ်။

ကျွန်တော်သွားကြည့် ဖြစ်တဲ့ နေ့ ကအကြောင်းလေးကိုmandalaygazette ကိုအားပေးပြီးဖတ်တဲ့ ပရိတ်သတ်တွေကိုလည်းသိစေချင်ပါတယ်

ကျွန်တော်ကြည့် ချင်လွန်းလို့ သွားကြည့် ဖြစ်တာကလည်းအားလပ်ရက်မဟုတ်ပါဘူး။

ကြားရက်ဖြစ်ပါတယ်။သူတို့ ရဲ့ အစီအစဉ်များမနက်စောစောစမယ်ထင်ပြီး 8:30အေ၇ာက် MICT ထဲကိုအရောက်လာခဲ့ ပါသော်လည်းပွဲစချိန်ကတော့ 10:45မှစတာကိုတွေ့ ရပါတယ်ခင်ဗျ။Presenter တွေဖြစ်ကြတဲ့ ကိုရီဝေယံနဲ့ မယ်လိုဒီတို့ ကတော့ စောပြီးကြိုတင်ရောက်နှင့် နေပါပြီ။
အဲ့ ဒီအချိန်မှာဒိုင်အဖွဲ့ ဝင်တွေဖြစ်တဲ့ တေးရေးကေအေတီ,ကိုမြင့်မိုးအောင်,မောင်သစ်မင်း,နွဲ့ ယဉ်ဝင်းနဲ့ ဧည့် သည် အဆိုတော်ချောစုခင်တို့ ကိုတွေ့ ရပါတယ်။ချောစုခင်ကတော့ ကြိုရောက်နေတာပါ။ကျန်တဲ့ ဒိုင်တွေကတာ့ အလှပြင်နေကြပါတယ်။
အစည်းဝေးလုပ်မယ်ပြောပါတယ်။ဒိုင်တွေကိုခေါ်သွားပါတယ်ခင်ဗျ။သူဘာလုပ်ချင်တာလည်းမသိဘူးခင်ဗျ။ပြန်လာပါပြီ။Level 3 ဖြစ်တဲ့ အတွက်ပထမနဲ့ ဒုတိယပဲပေးမယ်လို့ ဒိုင်တွေကိုပြောပါတယ်။ပူးတွဲဆိုတာလုံးဝမရှိရဘူးLevel 3 လည်းဖြစ်လို့ ပါတဲ့ ။ပွဲစတင်ပါပြီခင်ဗျ။ပွဲစစခြင်းဖြိုးပြည့် စုံဆိုတဲ့ လူငယ်လေးစတင်ဆိုပါတယ်တူးတူးရဲ့ အသည်းရက်စက်တယ်တဲ့ တော်တော်လေးကိုကောင်းပါတယ်။နောက်တစ်ယောက်အလှည့် ကတော
့မေမေသီချင်းကိုစည်သူမင်းစဆိုပါတယ်။သူလည်းကောင်းပါတယ်။
နောက်တစ်ယောက်ကတော့ ထူးအိမ်သင်သီချင်းဆိုတဲ့ ကောင်လေးပါပဲနာမည်တော့ မမှတ်မိတော့ ပါဘူး
နောက်တော့ မိစိုးသီချင်းသူလည်းတော်တော်ကိုကောင်းပါတယ်ဒုတိယပူးတွဲပေးသင့် ပါတယ်။နောက်တစ်ယောက်ကတော့ R ဇာနည်သီချင်းဆိုတဲ့ သူပါပဲ။သူကတော့ R ဇာနည်အသံနဲ့ တော်တော်ကိုဆင်ပါတယ်။တူတယ်လို့ လည်းထင်ပါတယ်။ဒါပေမယ့်
ပွဲစင်ပြီးသွားလို့ အဆိုတော်ချောစုခင်တက်ပြီးသီချင်းဆိုပါတယ်။။ပြီးတော့ ပရိတ်သတ်တွေကိုမေးခွန်းတွေမေးပါတယ်။ပရိတ်သတ်ကလည်းခေသူတွေမဟုတ်ဘူးလေ။မှန်လိုက်တာကွက်တိ။ရီဝေယံနဲ့ မယ်လိုဒီကလည်းကြေငြာပါတယ်။ပထမဖြိုးပြည့် စုံနဲ့ ဒုတိယစည်သူမင်းတို့ ရပါတယ်။
နောက်တပွဲကိုဆက်ရိုက်ဖို့ အတွက်အားလုံးပြင်ဆင်နေကြပါတယ်။ရပ်သီချင်းကိုရွေးတဲ့ သူတိုင်းကိုပေးနေသလားအောက် မေ့ ၇ပါတယ်။ကျွန်တော်ဆိုမပေးချင်ပါဘူး။ဘာလို့ လဲဆိုတော့ အသစ်အဆန်းပဲပေးချင်တယ်။ဒါပေမယ်ရသွားတာကတော့ ရပ် သီချင်းတဲ့ မဖြစ်သင့် ပါဘူး။မပေးသင့် ပါဘူး။နောက်တစ်ယောက်ကတော့ လီလီမြင့် ပါသူကတော့ ရသင့် ပါတယ်တော်တော်လည်းကြိုးစားပါတယ်နောက်တစ်ယောက်များတွဲပေးမလားလို့ မပေးပါဘူး။အဲ့ ဒါနဲ့ ပဲ3ပွဲမြောက်ကိုရောက်လာပါတယ်အဲ့ ဒီပွဲကျတော့ ထူးဆန်းပါတယ်။ဆိုတဲ့ သူတွေလည်းပြီးပြီ။ဧည့် သည်အဆိုရှင်လည်းပြီးပြီဒါပေမယ့် ဆုကကြေငြာလို့ မရသေးပါဘူး။ဒိုင်တွေနဲ့ ဦးချိုပြုံးနပန်းလုံးနေပါတယ်။အချိန်အရကြည့် မယ်ဆိုတစ်နာရီလောက်ကိုကြာပါတယ်။ထွက်လာကြပါပြီ။ပထမတစ်ယောက်ဒုတိယနှစ်ယောက်တဲ့ ပြောတော့ 1နဲ့ 2 ပဲရွေးမယ်ဆိုပြီးတော့ ရွေးလိုက်ပါတယ်ပူတွဲတဲ့ ။လုံးဝကိုမဖြစ်သင့် ပါဘူး။ထိုနည်းတူစွာပဲကျန်တဲ့ ပွဲတွေလည်းပူးတွဲတွေကိုပဲပေးနေပါတယ်။ဘာလို့ ပထမပွဲနဲ့ ဒုတိယပွဲကျတော့ မပေးတာလဲသိချင်ပါတယ်။ရိုက်စားတွေပဲလုပ်နေတာလားမသိဘူး။သီးချိုပြုံးကိုမေးလိုက်ချင်ပါတယ်သူ့ လူနဲ့ သူမို့ လို့ လာလို့ ။လူကြီးတစ်ယောက်လုပ်တဲ့ သူဆိုတာ  ” ဂတိ”တည် ရတယ်။အပြောင်းအလဲမလုပ်ရဘူး။ဒါဆိုဒါပဲဖြစ်နေရမယ်။ပထမပွဲမျာဆိ”မိဆိုး”ဆိုတဲ့ ကောင်လေးလဲကောင်းတယ်။ဒုတိယပွဲကျတော့ ပန်ပန်ကြေးမုံဆိုတဲ့ ကောင်မလေးလဲကောင်းပါတယ်။
အားလုံးကိုသိစေချင်တာကတော့ အကပ်မရှိရင်လုံးဝလာမဆိုကြပါနဲ့ လို့ ပြီးတော့ ZOMIA MEDIA မှဦးချိုပြုံးကိုလည်းမျှတစွာစဥိးစားချင့် ချိန်ပေးပါလို့ ကိုယ့် လူနဲ့ ကိုယ်ရွေးမယ်ဆိုရင်လည်းလူငယ်တွေရဲ့ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေကိုရိုက်မချိုးပါနဲ့ လို့ ပြောကြားချင်ပါတယ်။အဲ့ ဒီလိုလုပ်ခြင်းဟာဆိုရင်ဖောင်တွေကိုရောင်းစားရာရောက်နေပါတယ်။ဖောင်ရောင်းချင်ရင်လည်းရိုးသားစွာရောင်းပါေ၇ာင်းပါလို့ ပြောချင်ါတယ်။
ကျေးဇူးတင်လျှက်

About doekalay

chan chan has written 19 post in this Website..

charming,smiling,smart boy