Wake up Burma, Boycott the Election 6

timothyNovember 4, 20101min780

ဝက်ဘ်ဆိုက်အတော်များများမှာ ရွေးကောက်ပွဲမှာမဲမပေးရင် အဲဒီနေ့လဲပြီးရော အဖမ်းခံရမှာလား။ ဘာအပြစ်ပေးခံရမှာလဲအစရှိသဖြင့်ကြောက်ရွံ့သံတွေဟာတကယ်ဘဲလား၊ ဒလန်ဒလက်တွေရဲ့လက်ချက်လားတော့မသိဘူး။

အဲဒါကိုရှင်းပြရရင်တိုတိုနဲ့လိုရင်းကတော့ဘာမှမဖြစ်ဘူး။ သေနပ်နဲ့အပြစ်မခံရဘူး။အရိုက်မခံရဘူး။ထောင်မကျဘူး။ စစ်အစိုးရပြုတ်ကျနိုင်တယ်။ စိတ်အချရဆုံးနဲ့လူအသေအပျောက်အဖမ်းအဆီးမဲ့ပြီးအန္ဒရာယ်ကင်းတဲ့၊ တနည်းအားဖြင့်ဒီနည်းဟာိုဒီမိုကရေစီဗမာများကိုပေးမဲ့ တစ်ခုတည်းသောဗမာ့ထွက်ရပ်လမ်းဘဲ။

လူသန်း၂ဝကျော်သပိတ်မှောက်ပြီးမဲမပေးရင်မိန်းမရွှင်သန်းရွှေရဲ့၁သန်းလောက်တောင်မရှိတဲ့လောလောဆည်လိမ်မဲကသဲထဲရေသွန်အသုံးမကျဖြစ်ရောပေါ့။

ရွေးကောက်ပွဲနေ့မှာသန်းရွှေတို့လူကြီးလူကောင်းအယောင်ဆောင်အမြီးကုပ်နေရမယ်။နိုင်ငံတကာကလဲဗမာပြည်ကိုမီးမှောင်းထိုးထားမယ်။

လူကြီးလူကောင်းအရောင်ဆောင်သန်းရွှေတယောက်လဲသံတမာန်များရှေ့မှာဟန်ကို့ပြီးချွေးစည်းကျံနေလို့ သေနပ်တို့အမြှာက်တို့မစဉ်းစားဘူး။ လူဆိုးဗိုလ်ဥပုသ်ဆောက်တည်တဲ့နေ့လို့ဘဲဆိုပါစို့ဗျာ။

အဲဒီရွေးကောက်ပွဲနေ့ဟာသန်းရွှေအခက်၊ဗမာ့တော်လှန်ရေးအချက်ဘဲ။ ဒီလိုနေ့မျိုးအခြေအနေမျိုးစောင့်နေတာဘယ်လောက်ကြာပြီလဲ။

ဒါကိုသိထားလို့နိုင်ငံခေါင်းဆောင်များကရွေးကောက်ပွဲကိူသပိတ်မှောက်ကြဘို့မီးမှောင်းထိုးညွှန်ပြနေကြတာဘဲ။

စစ်အစိုးရကဒီလူထုကြီးရွေးကောက်ပွဲသပိတ်မှောက်မှာကိုအသေကြောက်ဘဲ။ သူတို့ဘာမှမတင်္တနိုင်ဘူးလေ။ ဒါ့ကြောင့်လဲရွေးကောက်ပွဲကိုလူထုကသပိတ်မှောက်ရင် ရွေးကောက်ပွဲအလိမ်ကိုဖျက်သိမ်းမယ်လို့ကြေငြာနေပြန်ပြီ။

သူတို့ဒီလိုနောက်ဆုတ်လို့လဲမရတော့ဘူး။

ရွေးကောက်ပွဲနေ့ဟာကျနော်တို့ရဲ့ကံကြမ္မာ၊ စစ်အစိုးရရဲ့ကံကြမ္မာတွေကိုအဆုံးအဖြတ်ပေးမဲ့နေ့ the day of Judgement ဘဲ။

အပြစ်ရှိတဲ့ရာဇဝဋ်ကောင်သန်းရွှေတို့တတွေရွေးကောက်ပွဲသပိတ်ကိုကြောက်လို့သူတို့ငယ်နိုင်ရိုးသားဖြူစင်တဲ့ပြည်သူလူထုကိုဖြဲပြီးချောက်နေတာဘာမှကြောက်စရာမလိုပါဘူး။

ဒီကမ္ဘာမှာနိုင်ငံတိုင်းလေးစားရတဲ့စွမ်းအားအထက်ဆုံးနဲ့ သန်းရွှေအကြောက်ဆုံးလူထုအင်အားကိုယုံကြည်စိတ်နှလု့းသွင်းပြီးပြည်လုံးကြွတ်သပိတ်မှောက်ကြပါ။

ဘယ်သူ့သွေးဆောင်ဖြားယောင်းမှုကိုမှနားမယောင်ဘဲ ပြည်သူတရပ်လုံးချစ်တဲ့အန်တီစု ပြောစကားအတိုင်းတတိုင်းပြည်လုံးရွေးကောက်ပွဲနေ့မှာမပျက်မကွက်သပိတ်မှောက်ကြပါစို့။