ဘဝက ရှုံးတဲ့အချိန်ရှိသလို နိုင်တဲ့အချိန်လည်းရှိတယ်။ မှန်မှန်ကန်ကန်နဲ့ ရှင်သန်မယ်။ ဒါမှ ဘဝပီသတယ်။

zinmyotunNovember 4, 20101min580

ထိုင်ဝမ်လေဒီယိုလိုင်း hinet က ထုတ်လွှင့်ခဲ့ဖူးတဲ့ “အကောင်းဖက်ကို
တွေးပါ” ဆိုတဲ့ ကစားနည်း အစီအစဉ်ဖြစ်ပါတယ်။ ကစားနည်းက

အောက်ပါအတိုင်းဖြစ်ပါတယ်။

မေမေ…. ဒီနေ့ကျောင်းတက်တော့ အိတ်ထဲက ပိုက်ဆံ(၁ဝ) မတွေ့တော့ဘူး။
အကောင်းဖက်ကို တွေးပါ။
သား…… တော်သေးတယ်.. ပိုက်ဆံ (၁ဝဝ) မဟုတ်လို့..
ဖေဖေ…. ကောက်ရတဲ့သူတော့ ပျော်နေမှာပဲ

မေမေ…. ကျောင်းဆင်းခါနီး မိုးကြီးကြီးရွာချလာတယ်။ အကောင်းဖက်ကို တွေးပါ
သား…… တော်သေးတယ်။ ဦးလေးအိမ်က ကျောင်းနဲ့နီးလို့

မေမေ…. စာတွေအသင့်ပြင်ပြီး ကြိုးစားဖြေခဲ့တဲ့ စာမေးပွဲက ထင်သလောက်
အမှတ်မကောင်းခဲ့ဘူး။ အကောင်းဖက်ကို တွေးပါ။

သား…… တော်သေးတယ်။ အတန်းတင် စာမေးပွဲ မဟုတ်ခဲ့လို့

ဒီကစားနည်းက စိတ်ဝင်စားစရာကောင်းသလို နားထောင်သူ ရင်ကိုလည်း

ကြည်နူးစေတယ်။ အဖြစ်အပျက်တစ်ခုမှာ ကောင်မလေးတစ်ယောက် သူနှစ်သက်တဲ့
နာရီပျောက်သွားခဲ့လို့ မစားနိုင်၊ မအိပ်နိုင်၊ စိတ်ထဲတနုံနုံနဲ့
မပျော်နိုင်ဖြစ်ခဲ့တယ်။

အဲဒီမှာ ဖာသာတစ်ဦးက “တကယ်လို့ တနေ့မှာ မတော်တဆ ငွေ(၁)သိန်း

ကျပျောက်သွားတယ်ဆိုပါစို့။ နောက်ထပ် (၂) သိန်း အပျောက်ခံဦးမလား”လို့
ကောင်မလေးကို မေးတော့ သူက “အပျောက်မခံတော့ပါဘူး”လို့ ဖြေတယ်။

ဖာသာက ဆက်ပြီး “ဒါနဲ့များ ဘာဖြစ်လို့ နာရီတစ်လုံးပျောက်တာနဲ့ ကိုယ်ရဲ့

ပျော်ရွှင်ခြင်းကို (၂)ပတ်အပျောက်ခံလိုက်ရသလဲ? ပြီးတော့
ကိုယ့်ကျန်းမာရေးပါ အဆစ်ပေးလိုက်ရသလဲ” လို့ မေးခဲ့တယ်။

အဲဒီအချိန်ကျမှ ကောင်မလေးက အိပ်မက်က လန့်နိုးလာသူတစ်ယောက်ကို ကုတင်ပေါ်က
အမြန်ခုန်ချပြီး “ဟုတ်တယ်.. ကျွန်မထပ်နစ်နာလို့ မဖြစ်တော့ဘူး။

ပျော်ရွှင်ခြင်းတွေ၊ ကျန်းမာရေးတွေ အပျောက်ခံလို့ မရတော့ဘူး။
နာရီနောက်တစ်လုံး ထပ်ဝယ်နိုင်အောင် ကြိုးစားမယ်” လို့ ပြောခဲ့တယ်။

ဘဝက ဒီလိုပါပဲ!
ရှုံးတဲ့အချိန်ရှိသလို နိုင်တဲ့အချိန်လည်းရှိတယ်။ မှန်မှန်ကန်ကန်နဲ့

ရှင်သန်မယ်။ ဒါမှ ဘဝပီသတယ်။ လူတစ်ချို့က အမှန်တကယ် ဖြစ်ပျက်တာကို
လက်မခံနိုင်တတ်ကြဘူး။ အဲတာကြောင့်ပဲ ရှုံးပြီးရင်း ရှုံးခဲ့ကြရတယ်။

Positive thinking က လူအများကို အပြစ်တင်စရာမလိုဘူး။
Positive thinking က စိုးရိမ်ကြောင့်ကျမှုတွေ မခံစားစေဘူး။

Positive thinking က ပျော်ရွှင်ခြင်းကို အနားကမခွါစေဘူး။
Positive thinking က ပူဆွေးသောကကို လမ်းကြောင်းလွဲပေးတယ်။
Positive thinking က ညှိုးနွမ်းတဲ့စိတ်ကို လန်းဆန်းမှုတွေပေးတယ်။
Positive thinking က ပြုံးရွှင်ဖော်ရွေတဲ့ အကျင့်စရိုက်ကိုပေးတယ်။

Positive thinking က အသစ်တစ်ဖန် ထရပ်ဖို့ အင်အားတွေပေးတယ်။
Positive thinking က အဆုံးမရှိတဲ့ မျှော်လင့်ချက်တွေပေးတယ်။

အားလုံးကို ကစားနည်းလေး ဝေမျှလိုက်ပါတယ်။ ကိုယ်နေထိုင်တဲ့ဘဝ၊
ရောက်နေတဲ့အရပ်က အခက်အခဲတွေကို ဒီကစားနည်းကို ကစားရင်း နေ့သစ်များနဲ့

ပွေ့ဖက်နိုင်ပါစေလို့…