မြန်မာနိုင်ငံမှ ဖုန်းအကြောင်း ဟာသ လေးပါ………….. posted by poe saw

zinmyotunNovember 5, 20101min640

အိမ်တစ်အိမ်ထဲတွင် လင်မယား နှစ်ယောက် သူတိုရဲ့ဖုန်း တွေကို အသည်းအသန် လိုက်ရှာနေကြ သည်။ ခက်တာက သူတို့ ဖုန်းပျောက်ရှာနေတဲ့အချိန်မှာ (၇)နှစ်အရွယ် သူတို့ရဲ့ သားငယ်လေးက လည်းမရှိ သားငယ်က ယူပြီးဆော့နေတာများလား၊တကယ်ပဲ အခိုးခံရတာလား………………. လားပေါင်းများစွာနဲ့ပေါ့ဗျား…………… ဇောချွေးတွေကိုပြန်လို့ ၊စာဖတ်သူများလည်း ဒီလိုပဲ သူတို့လို ဖုန်းပျောက်ရင်ဘယ်လိုနေကြမလဲ? ရှာလိုက်ကြတာ……… ရုံးချိန်လည်း မမှီတော့ဘူး စိတ်ပျက်ပျက်နဲ့ ထိုင်မှိုင်နေတော့တာပေါ့။။။။။။။။ ဒါနဲ့ သူတို့ရဲ့သားငယ်လေး ဆော့ရင်း ပြန်လာတာကို မြင်လိုက်တော့ ဝမ်းသာအားရနဲ့ မေးတော့ တာပေါ့ဗျာ…………ဘယ်လောက် လောနေသလဲတော့ မသိဘူး မေးလိုက်တာမှ နှစ်ယောက်စလုံး တိုင်ပင်ထားသလိုပဲ ပြိုင်တူကြီးနဲ့ (တိုင်ပင်ကိုက်ပြီးမေးရင်တောင် ညီချင်မှ ညီမှာလေ) လင်မယားနှစ်ယောက်။ ။ သားသား၊ ဖေဖေ နဲ့မေမေ တို့ရဲ့ဖုန်းတွေကိုမတွေ့မိဘူးလား စား ပွဲပေါ်မှာ အားသွင်းထားတာလေ……… သားငယ် ။ ။ တွေ့တာပေါ့ ဖေကြီးနဲ့ မေကြီးတို့ရယ် သားသားက၊ သားသား သူငယ်ချင်းဆီကို ဖုန်းဆက်တာလေ အဲဒါ ဖေကြီးနဲ့မေကြီးတို့ရဲ့ ဖုန်းတွေက သားသား ကိုနောက်တာလေ အဲဒါနဲ့ သားသား လည်း စိတ်တိုပြီးတော့ နောက်ဖေးမြောင်းထဲကို လွှင့်ပစ်လိုက် တာပေါ့………. လင်မယားနှစ်ယောက်။ ။ ဟင်……….ဖုန်းက သားသား ကိုဘယ်လိုနောက်လို့လဲ သားရဲ့ သားငယ် ။ ။ ဖုန်းက သားသား ကို “လူကြီးမင်းလို့” ခေါ်တာကိုး သားသား က (၅) ခါ လောက်ခေါ်တာကို “လူကြီးမင်း” လို့ကြီးပဲ (၅)ခါ စလုံးပဲ ပြော ပြောနေတယ်သိလား သားသားက ငယ်သေးတဲ့ ဟာကို လာနောက်နေတယ်သိလား အဲဒါနဲ့ သားသား လည်း ဟိုဘက်လမ်းထိပ်ကို သွားပြီးတော့ ဖုန်းဆိုင်မှာဖုန်းခေါ်ဖို့သွား တော့ အဲဒီဆိုင် ဖုန်း ကလည်း သားသား ကိုနောက်နေတာပဲ ခုလေ အဲဒီဆိုင်က အန်တီကြီးက ဖေကြီးနဲ့ မေကြီးတို့ကို ပြန် လာခေါ်ခိုင်းလို့ သားသားက ဖေကြီးနဲ့ မေကြီးတို့ ပြန်လာပြီးခေါ် တာလေ ။။။။။။။။။။။။။။။။။။ စာဖတ်သူတို့ ကလေးက၊ ဖုန်းဆိုင်က ဖုန်းကို ဘယ်လိုလုပ်ခဲ့လဲတော့ ကျွန်တော်လည်းမသိဘူး သိချင်ရင်တော့ လိုက်သွားကြည့်ကြနော်…………..။။။။။