ရိုးသားစွာဖွင့်ဟဝန်ခံခြင်း

naywoon niNovember 6, 20101min944

ကောင်မလေးရေ………….

ငါဟာ..

လိုချင်တာတွေလည်းရခဲ့ဖူးလှပြီ

မလိုချင်တာတွေနဲ့လည်းကြုံခဲ့ဖူးပေါ့

အခုအချိန်မှာတော့

ငါလိုချင်တောင့်တဆုံးဟာ

မင်းရဲ့အချစ်ပါပဲ

ငါမလိုချင်ငြင်းဆန်ချင်တာကတော့

မင်းရဲ့အမုန်းတွေပါပဲ..။

ဘဝမှာ….

ကဲ့ရဲ့တာတွေလည်းခံရဖူး

ချီးမွမ်းတာတွေလည်းရှိခဲ့ဖူးတာေပါ့။

လူတွေကိုလည်း

လက်ညှိုးညွှန်ခဲ့ဖူး

သူများတွေရဲ့တံတွေးခွက်မှာလည်း

ပက်လက်မျောခဲ့ဖူးတာပေါ့။

ဒါပေမဲ့

ငါမတုန်လှုပ်ခဲ့ပါဘူး..။

မင်းရဲ့အချစ်ကိုမရမှာ…..

မင်းရဲ့အမုန်းကိုခံရမှာကိုပဲ

တုန်ချောက်ချားမိပါရဲ့……..

နေဝန်းနီ

4 comments

  • ဆူး

    November 6, 2010 at 7:23 am

    အဘနီက အချစ် ကဗျာ သိပ်ရေးတာဘဲနော်.. အချစ် အရှုံးသမားကြီးလား ထင်ရတယ်.. အရင် စဖတ်ခါစတုန်းက အဘနီကို မှီးကောင်ပေါက ချာတိတ်လေးတောင် ထင်မိတယ်။
    (((သူများတွေရဲ့တံတွေးခွက်မှာလည်း
    ပက်လက်မျောခဲ့ဖူးတာပေါ့။)))) အဲဒါ မသိလို့ တခု မေးချင်တယ်.. အဘနီ ပက်လက်မျောလောက်အောင် ဘယ်သူက တံတွေးတွေ အများကြီး ထွေးလိုက်တာလဲဟင်..

  • kopauk mandalay

    November 6, 2010 at 3:34 pm

    ပက်လက်မျောသွားတာက သူများရဲ့တံတွေးတွေမှာမဟုတ်ပါ။
    သူကိုယ်တိုင် လက်ညှိုးညွှန်တာကနေဖြစ်လာတဲ့ရေတွေထဲမှာ သူပြန်မျောသွားတာပါကွယ။်

  • unclegyi1974

    November 6, 2010 at 3:44 pm

    ကိုနေ လက်ညှိုးညွှန်ခဲ့ဖူးတယ်ဆိုတော့
    လမ်းပြပုလိပ်လုပ်ခဲ့ဖူးတာပြောတာပါ ကိုပေါက်ရေ

  • naywoonni

    November 7, 2010 at 11:21 am

    ဒီကလေးတွေ….ပြောရတာလက်ဝင်တာတစ်အား……….
    လက်ပြပုလိပ်လို့ပြောလိုပြော……..

Leave a Reply