အသက်ဆက်လက်ရှင်သန်ခွင့်

naywoon niNovember 6, 20102min1024

ကြာခဲ့ပြီလေ..

နွေရာသီအိုတစ်ခုကပေ့ါ

ပျော့ပျောင်းတဲ့နှလုံးသားတစ်ခု

အချစ်ကိုုယုယဆဲမှာ

ကြွေခဲ့ရဖူးတယ်။ ။

မင်းပျော်မယ်ဆိုရင်

မင်းရဲ့အနားမှာ

တို့ဟာပုဝါဖြူတစ်စ

ချရစ်လို့ထားခဲ့ပါရစေ။ ။

ကျောမခိုင်းလိုပါဘူး

ရေကန်ကူးတံတားလေးပေါ်မှာ

ငါ………

အပြစ်ကင်းစွာ

မင်းရဲ့ရန်သူတွေကိုရှင်းလင်း

ရယ်မောရင်းပေါ့။ ။

မမှားပါဘူး

မင်းရဲ့အကြည့်ထဲမှာကူးဖြတ်

မင်းရဲ့အခက်အခဲတွေဖြေရှင်းပေးဦးမယ်။ ။

မင်းရဲ့………..

နူးညံ့တဲ့နှလုံးစားအောက်မှာ

ရေနီမြောင်းဟာ

ရင်ခုန်ခဲ့ရတာပေါ့။ ။

မင်းရဲ့အိပ်မက်တစ်ခု

နိုးလာရင်မေ့သွားမှာပါ

အဲဒိအချိန်မှာ

ငါဟာ……

လောကရဲ့တေးဆိုသူဖြစ်နေမယ်။ ။

ဝေးဝေးမသွားပါဘူး

အပြေးလာခဲ့မယ်

နွေးထွေးတဲ့မင်းရဲ့…

အသက်ရှူသံအောက်မှာ

အမောတွေပြေမယ်ထင်တယ်။ ။

စမ်းရေအစစ်

အချစ်တွေပေ့ါ

မင်းအတွက်ဖြစ်စေရမယ်။ ။

ငါ့ဘဝဟာကန္တာရ

မင်းကအိုအေစစ်လေးမှန်ရင်

မကြင်ရင်လဲနေ

မြင်နေရရင်ပဲ

ငါ…………

ဆက်လက်ရှင်သန်နေဦးမယ်။ ။

#နေဝန်းနီ

4 comments

  • naywoon ni

    April 3, 2016 at 1:08 am

    ဒီကဗျာထဲက ​ကောင်​မ​လေး ( ခု​တော့ ​ကောင်​မကြီး ​ပေါ့​လေ ) ​တောင်​ က​လေး​တွေ တို့လို့တွဲ​လောင်​းနဲ့ ဖက်​တီးပုတ်​ကြီး ဖြစ်​လို့ ​နြေပြီ ဆိုမှ ပြန်​စဉ်​းစားမိတယ်​ “ငါ သူ့ကို ဘာ​ကြောင်​့ ကြိုက်​မိပါလိမ်​့ ” လို့ ခ်​ခ်​ခ်​

    • kai

      April 3, 2016 at 1:39 am

      ကိုယ်တိုင်ကရော….. ကိုရင်ရေ…။
      ကောင်ထီးကြီးဖြစ်နေပြီပေါ့…။ :k:

      • naywoon ni

        April 3, 2016 at 1:53 am

        က​လေး​လေး​တွေက “ဘဘ” တဲ့​လေ ။ ကိုယ်​နဲ့ ရွယ်​တူ​တွေ ​မြေးချီ​နေချိန်​ ။ 🙂

  • Thint Aye Yeik

    April 3, 2016 at 3:18 pm

    အနော်ကတော့ အဘနီ လို့ပဲ ခေါ်ပါရစေ အဘနီ

    :k:

Leave a Reply