ရေခဲကမ္ဘာ နှင်းကမ္ဘာတွေနဲ့ လှပတဲ့ ဟာ့ပင်း (Harbin) ခရီးစဉ်နဲ့ အတူတူ နှင်းလျှောစီးတဲ့တောင်တွေကိုလဲ သွားလည်ခဲ့ပါတယ်။ ဟေးလုံးကျန်းပြည်နယ်ထဲက ဟာ့ပင်းမြို့ကနေ တစ်ရက်ခရီးနဲ့ သွာခဲ့တာပါ။ အောက်ဆုံးက ဓါတ်ပုံ ၂ ပုံက ကားပေါ်ကနေ လမ်းခရီးကို ရိုက်ထားတာပါ။ ၂ နာရီခန့်ကားစီးရတဲ့ ခရီးတလျှောက်လုံး ဘယ်ကိုပဲကြည့်လိုက်ကြည့်လိုက် အခုလိုပဲ ဖြူဖွေးနေပါတယ်။ နှင်းတွေကို အများကြီးမြင်ခဲ့ရတဲ့ ခရီးစဉ်တစ်ခုပါ။ အစီအစဉ်ကတော့ ၂ ခုပါ။ တစ်ခုက တောင်ပေါ်ကို စတီးကေဘယ်ကြိုးနဲ့ချိတ်ထားတဲ့ ထိုင်ခုံတွေနဲ့တက်ရပါတယ်။  အဆင်းကိုတော့ စတီးမြောင်းတွေနဲ့ လျှောချရပါတယ်။ ရင်တထိတ်ထိတ် အသဲတယားယားရှိမှာပေါ့ ။ အတက်အဆင်းအတွက် တန်ဖိုးငွေက ၂၀၀ ယွမ်ပါ … ဈေးကြီးလို့ မစီးတာကို ကြောက်လို့ဆိုပြီး တရုတ်မလမ်းညွှန်ကို အကြောင်းပြလိုက်ရသေးတယ် … သူများစီးတာကိုပဲ ကြည့်ခဲ့ပါတယ် …

အဲဒါပြီးတော့ နှင်းလျှောစီးတဲ့ ကွင်းပြင်ထဲကို သွားရပါတယ်။ အဆောက်အဦးတစ်ခုထဲမှာ ၀တ်စုံနဲ့လိုအပ်တဲ့ ဖိနပ်တို့ လက်ကိုင်ဒုတ်တို့ ငှားရပါတယ်။ တစ်စုံကို ၁၀၀ ယွမ်ပေးရတယ်။ အားလုံးသေသေချာချာဝတ်ဆင်ပြီးတော့ ကွင်းထဲကို ထွက်ရတယ်။ မကျွမ်းကျင်တဲ့သူတွေက မြေပြင်ညီမှာပဲ စီးကြပြီး ကျွမ်းကျင်ရင်တော့ ခပ်ပြေပြေတောင်ပေါ်အထိ တက်သွားပြီး ပြန်လျှောစီးကြပါတယ်။ ကျွန်မတို့က ထိန်းပေးမဲ့သူလိုပါတယ်။ ဒါပေမယ့် ထိန်းပေးမဲ့ ကျွမ်းကျင်သူက တစ်ယောက်ကို ၂၀၀ ယွမ်ပါတဲ့။ ကျွန်မတို့က ပိုက်ဆံသိပ်ပေါနေလို့ သွားလည်တာမဟုတ်တော့ ၂၀၀ ယွမ်ကို မပေးနိုင်ပါဘူး။ အဲဒါနဲ့ပဲ ဟိုနားဒီနား ခြေထောက်တုန်ပြီး ခဏလောက်ရွေ့တယ်ဆိုရုံပဲ ရွေ့နိုင်ခဲ့ပါတယ်။ အတွေ့အကြုံတစ်ခုရအောင် လုပ်ခဲ့တယ်ဆိုရုံပဲပါပဲ။ တရုတ်ပြည်မှာ ခရီးသွားရင် ၀င်ကြေးတွေက အရမ်းဈေးကြီးတယ်။ ပိုက်ဆံကို နည်းမျိုးစုံနဲ့ပေးရတယ်။ အချိန်အခါနဲ့ အခွင့်အရေးရတုန်း ခက်ခက်ခဲခဲ စီစဉ်ပြီးသွားထားရတဲ့ ခရီးစဉ်တွေမို့လို့ တကူးတက ပို့စ်အနေနဲ့ရေးပြီး တင်လိုက်ရခြင်းဖြစ်ပါတယ်။

အဲဒီတုန်းက လက်ကလဲမအား အရမ်းလဲအေးတာကြောင့် ဓါတ်ပုံများများမရိုက်နိုင်ခဲ့ဘူး။ ရိုက်သမျှပုံတွေကလဲ ကျွန်မတို့ပုံတွေရှေ့ကခံနေတာနဲ့ ပုံနဲနဲပဲ တင်ပြနိုင်တော့တယ် ..

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....