ကြေးမုံအွန်လိုင်း ဝဋ်လည်ပြီ။

True FaithNovember 6, 20101min793

မြန်မာ စစ်အစိုးရပိုင် သတင်းစာတစောင်ဖြစ်သော ကြေးမုံသတင်းစာရဲ့ အွန်လိုင်းစာမျက်နှာ (http://www.kyaymon.info/) ကို 2010 လူထုတိုက်ပွဲ ကော်မတီနဲ့ ပြည်သူတချို့က ဖတ်ရှုလို့ မရအောင် ယနေ့ စတင်တိုက်ခိုက်လိုက်ကြပါတယ်။

ဒါဟာ ၂၀၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်တဲ့အနေနဲ့ လုပ်ဆောင်တာလို့ ဖော်ပြထားပါတယ်။

ကြေးမုံသတင်းစာရဲ့ မူလစာမျက်နှာမှာ ခွပ်ဒေါင်းအလံလွှင့်တင်ထားပြီး ၂၀၁ဝ ရွေးကောက်ပွဲ အလိုမရှိ စာသားများအပြင် ရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်သည့် ဆောင်းပါးများလည်း ရေးသားထားပါတယ်။

ဒါဟာ ကြေးမုံ အွန်လိုင်း ဝဋ်လည်ခြင်းလို့ပဲ ပြောရမှာပါ။ ဘာလို့ဆိုတော့ ဒီနှစ် စက်တင်ဘာလ ၂ရ (ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်ပြည့်) တုန်းက ပြည်ပ သတင်းဌာနတွေဖြစ်တဲ့ မဇ္ဈိမ၊ ဧရာဝတီ၊ ခေတ်ပြိုင်၊ ဒီဗွီဘီ စတဲ့ ဆိုဒ်တွေကို လုံးဝ ဖတ်ရှုလို့ မရအောင် တိုက်ခိုက်ခံခဲ့ရပါတယ်။

ခေတ်ပြိုင်သတင်းဌာနရဲ့ ပင်မစာမျက်နှာမှာဆိုရင် ဆိုဒ်ပျက်နေတဲ့ ပြန်လည်ပြုပြင်ရန် လိုအပ်သဖြင့် အလှူငွေများ ထည့်ဝင်ပေးကြပါ ဆိုတဲ့ စာသားမျိုးကိုတောင် မြန်မာလို ဝင်ရောက် ရေးသားခဲ့ပါတယ်။

ဒီလိုလုပ်တာဟာ ဘယ်သူ့လက်ချက်ပါလို့ တပ်အပ် မဖော်ထုတ်နိုင်ကြပေမယ့် ဒါဟာ စစ်အစိုးရရဲ့ လက်ချက်သာဖြစ်တယ်လို့ ပြည်ပသတင်းဌာနအားလုံးက ယူဆနေကြပါတယ်။

တိုက်သာ တိုက်ရတာပါ။ တကယ်တော့လည်း ကြေးမုံသတင်းစာရဲ့ အွန်လိုင်း စာမျက်နှာကို
ဘယ်ပြည်သူကမှ စိတ်ဝင်တစား ဝင်ဖတ်တယ် မကြားမိပါဘူး။ ခုလို တိုက်ခိုက်တော့မှ နာမည်ကြီးအောင် လုပ်ပေးသလို ဖြစ်နေဦးမှာလည်း စိုးရိမ်မိသဗျ။

ဒါပေမယ့် ဘာပဲပြောပြောဗျာ။ အင်အား နည်းတာ များတာ ကြီးတာ ငယ်တာ အပထားလို့ တုန့်ပြန်နိုင်တဲ့ နည်းလမ်းနဲ့ ဒီစစ်အစိုးရကို လက်တုန့်ပြန်တာတော့ ကျနော် သဘောကျတယ်။
၈၈ တုန်းက ဆန္ဒပြသူတွေကို စစ်တပ်က သေနတ်နဲ့ပစ်တော့ ပြည်သူတွေက ဂျင်ကလိနဲ့ ပြန်ဆော်တာပဲ မဟုတ်လားဗျ။

အားရှိသမျှနဲ့ တုန့်ပြန်ကြဗျာ ။ငြိမ်မခံဖို့ပဲ အရေးကြီးတယ်။

3 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 6, 2010 at 9:22 am

    ဒါကလှည့်ကွက်တစ်ခုလို ့ဘဲ ထင်ပါတယ် ဘာဖြစ်လို ့လဲဆိုတော့
    (တိုက်သာ တိုက်ရတာပါ။ တကယ်တော့လည်း ကြေးမုံသတင်းစာရဲ့ အွန်လိုင်း စာမျက်နှာကို ဘယ်ပြည်သူကမှ စိတ်ဝင်တစား ဝင်ဖတ်တယ် မကြားမိပါဘူး)
    ဘယ်သူကသူတို ့ဝက်ဆိုက်ထဲက သတင်းတွေကို ယုံကြည်လို ့လဲ အဲ့သည်ဝက်ဆိုက်ကြောင့် ဘယ်သူမှ ဘာမှ မဖြစ်ဘူး
    တစ်ကယ့် မိန်းမကျင့်မိန်းမကြံနဲ ့လူသားတွေပါ ကိုယ်ရရှိဘို ့တွက် အကောက်ကြံတာကို သိပ်လည်းအပြစ်မဆိုချင်ပါဘူး
    ဒါပေမယ့် တိုင်းပြည်အနာဂတ်တွက် ဘာမှကို မရေရာလှပါဘူး အကြင်နာတရားဆိုတာလည်းလုံးဝမရှိပါဘူး
    ကျွန်တော်တို ့ပြည်သူတွေအနေနှင့် သူတို ့ဘယ်လို လိမ်မယ်ဆိုတာကို စောင့်ကြည့်ဘို ့ထက် သူတို ့လိမ်တာတွေကို ကြိုတင် ဖြေရှင်းပြစ်တာကောင်းပါတယ်
    အမုန်းတရားနဲ ့ပြောတာမဟုတ်ပါဘူး
    ခင်ဗျားတို ့ ဒီအချိန်ထိ( နိုဝင်ဘာ ဆဲဗန်းရောက်ဖို ့ရက်ပိုင်းဘဲလိုတော့တယ်) သဘောမပေါက်တာကတော့
    နွားတွေဘဲလို ့အားနာပါးနာနဲ ့ပြောရမှာဘဲ
    နုတ်ထွက်ဘို ့ရက်ပိုင်းလေးကျန်ပါသေးတယ်
    ခင်ဗျားတို ့ ရဲ ့စွမ်းအားတွေကို သွေးကွဲနေတဲ့ စစ်တပ်နဲ ့ပြည်သူတွေ ရဲ ့ပြန်လည်ပေါ်င်းစည်းရေးမှာ အသုံးချသင့်ပါတယ်
    တစ်ကယ့်အခြေခံကြတဲ့ စစ်သားတွေက အင်တာနက်မကြည့်တတ်ဘူးဗျ ရွေးကောက်ပွဲပျက်မယ် ပြည်သူတွေအရေးဆိုမယ်
    အာဏာရှင်တွေရဲ ့ အမိန် ့နဲ ့ခင်ဗျားတို ့ကိုသေနတ်နဲ ့ပြစ်မဲ့စစ်သားတွေကို ရေဒီယိုနဲ ့ပေါင်းစီးရေးတွေပြန်လုပ်ထားရမယ်လေ
    သူတို ့ကိုယ်တိုင်လည်း ဘယ်လောက်တောင်နိမ့်ကျနေတယ်ဆိုတာ ခင်ဗျားတို ့ရှင်းပြနိုင်ရမယ် အများကြီးပေါ့ဗျာ
    ခင်ဗျားတို ့ တစ်ကယ်လုပ်သင့်တာက ကျုပ်ပြောတဲ့ ပေါင်းစီးရေးပါ
    လွှတ်တော်ထဲမှာပြောမယ်တို ့ ဘာတို ့ စောက်ကြီးစောက်ကျယ်တွေလုပ်မနေကြပါနဲ ့
    စစ်အာဏာရှင်တွေ တရားဝင် အစိုးရဖြစ်သွားတာ ဘယ်သူ ့ကြောင့်လဲလို ့ထပ်မပြောတော့ပါဘူး
    ဘာဖြစ်လို ့လဲဆိုတော့ ကျုပ်က တစ်ခါမန်းမှ တစ်ဆယ်ရတာကိုးဗျ
    ဘာဖြစ်ဖြစ်ကျုပ်က ရပ်ကွက်လူကြီးလုပ်တာဝါသနာမထုံဘူးဗျို ့
    ကျုပ်က ဘုန်းကြီးဝတ်မှာ

  • PaukPhaw

    November 6, 2010 at 12:43 pm

    အေးဗျာ.
    အနော်လဲ အဲဒိ အပတ ဝဘ်ဆိုဒ်ကို ခုမှကြားဖူးတယ်.
    ဘာတဘောလဲ တော့ သိဘူး

  • winkyawaung

    November 6, 2010 at 3:19 pm

    သတင်းစာတောင် နှစ်မျိုးထားတာ ပြည်သူတွေအတွက်ထုတ်တဲ့ စာရွက်လုံးဝဖတ်မရပါ။ လူမဖတ်တဲ့ သတင်းစာပါဗျာ..။

Leave a Reply